Local News

တော်လှန်ရေးရဲဘော်တွေအတွက် သိန်း(၇၀၀၀)ကျော်ထိ ထောက်ပံ့ပေးနိုင်ခဲ့ပြီး အောင်ပွဲရသည်အထိအတူရှိနေမယ်….

တော်လှန်ရေးရဲဘော်တွေအတွက် သိန်း(၇၀၀၀)ကျော်ထိ ထောက်ပံ့ပေးနိုင်ခဲ့ပြီး အောင်ပွဲရသည်အထိအတူရှိနေမယ်…

PDF, LDF, ပကဖ၊ UG အစရှိတဲ့ တော်လှန်ရေးရဲဘော်များထံ လေးလဝန်းကျင်အတွင်း သိန်း၇၀၀၀ ကျော်ခန့် ပေးပို့နိုင်ခဲ့ပါတယ်။ ပေးပို့ခဲ့တဲ့ မှတ်တမ်း၊ သက်သေအပြည့်အစုံကို စာရင်းပြုစုထားပါတယ်။

Public မှာ စုတင်လိုက်ချင်ပေမယ့် အချို့လုံခြုံရေးပြသနာ ပေါက်ကြားမှုပြသနာများ ရှိလာမှာ စိုးတာကြောင့် ပွင့်လင်းမြင်သာမှုရှိစေရန် NUG အစိုးရထံ ပေးပို့ထားမယ်လို့ စဉ်းစားထားပါတယ်။ တာဝန်ရှိသူများကိုလည်း ပြောဆိုထားပြီးဖြစ်ပါတယ်။

စာရေးဆရာမ မအိပန်ဆယ်လို
သိန်း၇၀၀၀ ကျော်ဆိုတာ Individual Fundraiser အနေနဲ့ အလှူငွေကောက်ခံရာမှ ရရှိငွေပမာဏဖြစ်ပါတယ်။

Fundraiser အဖွဲ့အစည်းများရဲ့ စီမံခန့်ခွဲမှုနဲ့ ပေးပို့ထားတဲ့ နယ်လှည့်ရန်ပုံငွေခရီးက ရရှိငွေများ မပါပါ။ စုစုပေါင်း သိန်းပေါင်းတစ်သောင်းဝန်းကျင်ခန့် ရှိမယ်လို့ ခန့်မှန်းရပါတယ်။

ဒါဟာ ကိုယ်တစ်ဦးတစ်ယောက်တည်းရဲ့ လုပ်ဆောင်နိုင်စွမ်းမဟုတ်ဘဲ အစစအရာရာ ကူညီပံ့ပိုးပေးကြတဲ့ Team Member များ၊ စိတ်အားထက်သန်မှုအပြည့်နဲ့ ယုံကြည်စွာ ကူညီငွေပေးပို့ကြတဲ့ ပြည်သူများကြောင့်ပါ။

လေလွင့်ငွေအနေနဲ့ ပြည်ပငွေလွှဲစီးဆင်းရာမှာ ငွေလွှဲခစားရိတ်မှအပ ဘဏ်ထဲ Freeze ခံရသောငွေ Zero ပါ။ လွယ်ကူတဲ့ ငွေလွှဲစနစ်တွေကို မသုံးတာကြောင့် အလှူငွေရရှိမှုက အနည်းငယ်နည်းပေမယ့် စစ်ခွေးတွေရဲ့လက်ထဲ တစ်ပြားမှမပါအောင် စီမံခန့်ခွဲနိုင်ခဲ့ပါတယ်။

စစ်ဖိနပ်အောက် ကျရောက်နေတဲ့အချိန်မှာ ဖိနှိပ်မှုတွေကြောင့် အတူမရှိနေပေးနိုင်တာကို အားနာစိတ်နဲ့ ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသမျှ ရုန်းခဲ့ပါတယ်။

ဒီပွဲမှာ ကိုယ့်ကို မှတ်မိနေစေချင်တာက တစ်ခုတည်းပါပဲ။ သူဟာ ရိုင်းချင်ရိုင်းမယ်၊ မှားတာတွေ ရှိရင်ရှိမယ်။ မုန်းစရာကောင်းရင် ကောင်းမယ်။ ဒါပေမယ့် ဒီမိန်းမဟာ တစ်ထောင့်တစ်နေရာက အသုံးကျခဲ့တယ်ဆိုတာလေးပါပဲ။

အောင်ပွဲရတဲ့အထိ အတူရှိနေပါ့မယ်။

Zawgyi











About the author

admin

Add Comment

Click here to post a comment