Local News

ထန်းတပင် တာဆုံရဲကင်း ပစ်ခတ်တိုက်ခိုက်မှု (ရုပ်သံ)

ထန်းတပင် တာဆုံရဲကင်း ပစ်ခတ်တိုက်ခိုက်မှု (ရုပ်သံ)

အောက်တွင် ရုပ်သံတင်ပေးထားသည်။

ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ် တာဆုံရဲကင်းစခန်းကို ပြည်သူ့တော်လှန်ရေးတပ်သားတွေက နိုဝင်ဘာ ၁၅ ရက် ဒီနေ့မနက် ၁၁ နာရီခွဲလောက်က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

အဆိုပါ ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က ရဲ ၃ ယောက် ကျည်ဆန်ထိမှန် သေဆုံးသွားပြီး အလောင်းတွေကို လာမကောက်ယူသေးဘဲ စခန်းမှာ ဒီအတိုင်းပစ်ထားတယ်လို့သိရပါတယ်။

ပစ်ခတ်တိုက်ခိုက်နေစဉ် ပစ်ကွင်းထဲသို့ မထင်မှတ်ဘဲ ကလေးငယ်တစ်ဦး ဝင်ရောက်လာတာကြောင့် ကလေးငယ် ဘေးကင်းရေးအတွက် ပစ်ခတ်မှုကို စိတ်တိုင်းကျ မလုပ်ဆောင်နိုင်ခဲ့ဘဲ ပစ်အားလျှော့ချပြီး တိုက်ခိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့အနေနဲ့ ပျံလွှားအောင် စစ်ဆင်ရေးနဲ့ ရန်သူမင်းအောင်လှိုင်ရဲ့ အကြမ်းဖက် လက်နက်ကိုင်တွေကို စစ်ဆင်တိုက်ခိုက်နေရာမှာ ပြည်သူလူထုရဲ့ ဘေးကင်းလုံခြုံရေးကို အထူး အလေးထား ဆောင်ရွက်နေတယ်လို့လည်း ကြေညာထားပါတယ်။

ပျံလွှာအောင်စစ်ဆင်ရေးအမည်ပေးပြီး ရန်ကုန်တိုင်းအတွင်း နိုဝင်ဘာလဆန်းပိုင်းကစတင်ကာ စစ်ဆင်ရေး ၅ ခုပြုလုပ်ခဲ့ပြီး အဲ့ဒီစစ်ဆင်ရေးတွေမှာ စစ်သား ၁၈ ဦး၊ ရဲ ၃ ဦးနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့သလို ဒဏ်ရာရရှိသူ ၁၃ ဦးထိရှိခဲ့တယ်လို့ ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ မှတ်တမ်းတွေအရ သိရပါတယ်။