Local News

ထိုင်းနယ်စပ်ရှိ စစ်​ကောင်စီ၏ နတ်​တောင်စခန်းကို ကရင်နီတပ် သိမ်းပိုက်

ထိုင်းနယ်စပ်ရှိ စစ်​ကောင်စီ၏ နတ်​တောင်စခန်းကို ကရင်နီတပ် သိမ်းပိုက်

ထိုင် – ကရင်နီပြည်နယ် နယ်စပ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ နတ်တောင်စခန်းကို ကရင်နီတပ်မ တော်(KA)က သိမ်းပိုက်ရရှိသည်ဟု KA၏ သတင်းပြန်ကြားရေးက ယနေ့(ဇန်နဝါရီ ၇ ရက်)တွင် ထုတ်ပြန်သည်။

“ပြည်သူကိုအမြဲ ဒုက္ခပေးနေတဲ့ ထိုင်း-ကရင်နီ နယ်စပ် နန်းပန်ချောင်းအနီး စစ်ခွေး​ခြေကုတ် တပ်စခန်းဖြစ်တဲ့ နတ်တောင်စခန်းကို ကရင်နီတပ်မတော်မှ ယနေ့နံနက်အချိန်တွင် သွားရောက်သိမ်းပိုက်ခဲ့ပြီး စခဘ​က်မှ အသေ အပျောက်များရှိခဲ့ပါသည်”ဟု KA၏ သတင်းပြန်ကြားရေးက ဆိုသည်။

ကရင်နီတပ်မတော်မှ ထိုစခန်းကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီးနောက် နာရီဝက်အကြာတွင် အကြမ်းဖက်စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ကရင်နီတပ်မတော်ဌာနချုပ် ညာမူတပ်စခန်းကိုလည်း ရဟတ်ယာဉ်ဖြင့်လာရာက် ဗုံးကြဲခဲ့သော်လည်း စစ်ကောင်စီ၏ ကာကင်းကုန်းတစ်ခုကိုသာ မှားယွင်း ဗုံးကြဲခဲ့ကြောင်းလည်း KAက အသိပေးသည်။

ယနေ့ နံနက်တိုက်ပွဲတွင် ကရင်နီတပ်မတော်မှ မည်သည့်ထိခိုက် နစ်နာမူမရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

(ကရင်နီတပ်မ​တော်မှ တပ်သားများကို ​တွေ့ရစဉ်)

About the author

admin

Add Comment

Click here to post a comment