Local News

ထီးချိုင့်တွင် စစ်​ကောင်စီတပ်ချင်း​ လေယာဥ်​ပေါ်မှ ဗုံးကြဲမိ၍ ၂၀ ခန့်​​သေဆုံးနိုင်ဟု ထီးချိုင့် PDF ​ပြော(ရုပ်/သံ)

ထီးချိုင့်တွင် စစ်​ကောင်စီတပ်ချင်း​ လေယာဥ်​ပေါ်မှ ဗုံးကြဲမိ၍ ၂၀ ခန့်​​သေဆုံးနိုင်ဟု ထီးချိုင့် PDF ​ပြော
‌ေအာက်တွင် ရုပ်သံပါဝင်သည်

◉ ဒေသခံ PDFစခန်းတစ်ခုအသိမ်းခံရပြီး PDFတစ်ဦးကျဆုံးကာ၊တစ်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ထီးချိုင့်မြို့နယ်တွင် လေကြောင်းပစ်ကူယူခဲ့သည့် အကြမ်းဖက်စစ်ကောင်စီသည် မိမိတပ်ကိုယ် မိမိမှားယွင်းဗုံးကြဲမိခဲ့ကာစစ်ကောင်စီတပ်သား ၂၀ ဦးခန့်သေဆုံးနိုင်ကြောင်း ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ပြောသည်။

ထီးချိုင့်မြို့နယ်၊မရသိမ်ကျေးရွာရှိ ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(ထီးဖြူတပ်ဖွဲ့) တပ်စခန်းကို ယနေ့ (ဇန်နဝါရီလ ၁၃ ရက်) နံနက် ၁၀ နာရီခန့်တွင် အကြမ်းဖက်စစ် ကောင်စီတပ်က တိုက်​လေယာဥ် နှစ်စီး အသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“PDF စခန်းရှိတယ် ဆိုပြီး အတိအကျ နဲ့ မရသိမ်ဘက်ကို သူတို့ ဇန်နဝါရီ ၁၁ ရက်က စပြီးစစ်ကြောင်းထိုးတယ်။ကျွန်တော် တို့နဲ့က မနေ့က(ဇန်နဝါရီ ၁၂ ရက်)မှ စပြီး ထိတွေ့တိုက်ပွဲ ဖြစ်တယ်။

ဒီနေ့ ကြတော့ သူတို့ ဘက်က လေယာဥ်နှစ်စီး ပစ်ကူယူပြီး တော့ကို ရွာထဲကို ဝင်စီးခဲ့တာ။ သူတို့ ရွာထဲကို အနောက်ဘက် အခြမ်းဖြစ်တဲ့ အရိုးတောင်ဘက်က ဝင်မယ့်အချိန် မှာ တိုက်ပွဲ ဖြစ်တယ်။သူတို့ ဘက်က လက်နက် အပြည့်အစုံနဲ့ အင်အား ၈၀ လောက်နဲ့ တွန်းတာပေါ့။

ပြည်သူ့တပ်ဖွဲ့တွေရဲ့ တည်နေရာကို သူတို့အတက် မှာ လေယာဥ် ဗုံးကြဲတာခံလိုက်ရတာပေါ့ “ဟု အထက်ပါတာဝန်ရှိသူက People’s Spring သို့​ပြောသည်။

ဇန်နဝါရီ ၁၂ ရက်က အကြမ်းဖက်စစ်ကောင်စီနှင့် တိုက်ပွဲတွင် ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(ထီးဖြူတပ်ဖွဲ့) မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရပြီး ၊ယနေ့ တိုက်ပွဲတွင် ရဲဘော်တစ်ဦးမစိုးရိမ်ရ​သော ဒဏ်ရာရရှိခဲ့သည်။

ယ​နေ့တိုက်ပွဲတွင်လက်နက်အင်အားမမျှသဖြင့် မရသိမ် ကျေးရွာမှ ထီးဖြူတပ်ဖွဲ့ တပ်စခန်းသိမ်းဆည်းခံရပြီး လက်လုပ်ဗုံး၊လက်လုပ်သေနတ်များနှင့် ခဲယမ်းအချို့ ပါသွားခဲ့သည်ဟုလည်း ထီးချိုင့်ပြည်သူ့တပ်ဖွဲ့၏သတင်းထောက်ပို့ တစ်ဦးကလည်းပြောသည်။

“လူချင်း၊သတ္တိချင်းတော့ ကြိုက်တဲ့အချိန် ယှဥ်လို့ရတယ်။ အခု ဒီကောင်တွေက လေယာဥ် တွေနဲ့ လာပြီး အသာစီး ယူတဲ့အခါ တက်နိုင်သမျှ ရှောင်ရတာပါပဲ”ဟု ၎င်းက ဆက်​ပြောသည်။

အကြမ်းဖက်စစ်ကောင်စီသည် ထီးချိုင့် မြို့နယ် အတွင်းရှိ ကျေးရွာများကို လေယာဥ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မည်ဟု ဇန်နဝါရီ ၅ ရက် နေ့ကတည်းက ခြိမ်းခြောက်ခဲ့သည်။

ဇန်နဝါရီ ၄ ရက်ကလည်း ထီးချိုင့်နယ်စပ်ရှိ ဂဟဲရွာအတွင်း ရဟတ်ယာဥ် အသုံးပြု၍ အကြမ်း ဖက်စစ်ကောင်စီက တိုက်ခိုက်ခဲ့ပြီး ဒေသခံအမျိုးသမီးတစ်ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကာ နေအိမ်အချို့လည်း မီးလောင်ခဲ့သည်။

အကြမ်းဖက်စစ်​ကောင်စီက စစ်ကိုင်းတိုင်းတွင် ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များ နယ်​မြေစိုးမိုးနိုင်​နေ​သော ထီးချိုင့် ၊ကသာ စ​သောမြို့နယ်များတွင် ကြည်း​ကြောင်းမှ စစ်​ကြောင်းထိုးတိုက်ခိုက်နိုင်ခြင်းမရှိ​တော့သဖြင့် ​လေ​ကြောင်းအသုံးပြုတိုက်ခိုက်လာခြင်းဖြစ်​ကြောင်း ​တော်လှန်​ရေးလုပ်ကိုင်​နေသူများက​ပြောသည်။

(ဗီဒီယို – ထီးချိုင့်​ဒေသသို့ လာ​ရောက်ပျံသန်းခဲ့​သော စစ်​ကောင်စီ ရဟတ်ယာဥ်တစ်စီး )

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.