ဒစ်ဂျစ်တယ် မြန်မာကျပ်(𝗗𝗠𝗠𝗞) မိတ်ဆက်

ဒစ်ဂျစ်တယ် မြန်မာကျပ်(𝗗𝗠𝗠𝗞) မိတ်ဆက်

ဒစ်ဂျစ်တယ် မြန်မာကျပ် (𝗗𝗠𝗠𝗞) သည် တရားဝင် ငွေကြေး တစ်ခုဖြင့် ကျောထောက်နိုင်ခံပြုထားသော Blockchain နည်းပညာသုံး ဒစ်ဂျစ်တယ် ငွေကြေးတစ်ခု ဖြစ်ပါသည်။

(𝗗𝗠𝗠𝗞) သည် ဈေးကွက်အတွင်း၌ ဗဟိုဘဏ် ဒစ်ဂျစ်တယ်ငွေကြေး (CBDC) ကဲ့သို့ တည်ရှိမည် ဖြစ်ပါသည်။

(𝗗𝗠𝗠𝗞) စနစ်အား လွတ်လပ်စွာ တည်ရှိမှု၊အလွယ်တ ကူရရှိနိုင်မှု၊ တီထွင် ဆန်းသစ်မှုနှင့် လုံခြုံမှု စသည့် အခြေခံမူများဖြင့် ဖန်တီးထားခြင်း ဖြစ်ပါသည်။

ဤမူဝါဒများကို လက်ရှိ စိန်ခေါ်မှုများဖြစ်သော ပြည်သူများ၏ ဘဏ္ဍာရေး အကျပ်အတည်းများ၊ ကိုယ်ရေးအချက်အလက်လုံခြုံရေး၊

နည်းပညာ၊ အသုံးစရိတ်နှင့် စီးပွါးရေးအခြေအနေအား အကျိုးပြုမှုတို့ကို လေ့လာဆန်းစစ်ကာ အကောင်အထည်ဖော် ဆောင်ရွက်ထားပါသည်။

(𝗗𝗠𝗠𝗞) သည် တရားဝင်အစိုးရမှ အသိအမှတ်ပြုထားသော တရားဝင် ငွေကြေးတစ်ခုပင် ဖြစ်ပါသည်။

ပြည်သူများအနေဖြင့် တရားဝင်ငွေကြေးများဖြစ်သော မြန်မာကျပ်ငွေ သို့မဟုတ် (𝗗𝗠𝗠𝗞) အား အသုံးပြုနိုင်မည် ဖြစ်ပါသည်။

(𝗗𝗠𝗠𝗞) ငွေကြေးအား NUGPay မိုဘိုင်း ပိုက်ဆံအိတ်ဖြင့် အသုံးပြု နိုင်မည် ဖြစ်ပါသည်။

(𝗗𝗠𝗠𝗞) သည် လက်လီအားဖြင့်ရောင်းဝယ် ဖောက်ကားရန် ငွေကြေး လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါသည်။

(𝗗𝗠𝗠𝗞) ထုတ်ဝေခြင်းဖြင့် မြန်မာပြည်သူများ၏ နေ့စဉ်ငွေကြေးဆိုင်ရာ လိုအပ်ချက်များ၊ လက်လီငွေပေးချေမှု၊ လုံခြုံသော ငွေပေးချေမှုနှင့် ခေတ်မီ ဘဏ္ဍာရေးဝန်ဆောင်မှုများအား အကုန်အကျသက်သာစွာဖြင့် ရရှိစေမှာ ဖြစ်ပါသည်။

“မြန်မာနိုင်ငံ၏ ငွေကြေးဝန်ဆောင်မှု နည်းပညာအသစ်”

ဒစ်ဂျစ်တယ် မြန်မာကျပ်
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန

Leave a Reply

Your email address will not be published.