Local News

ဒီနိုင်ငံကို အဆီစား အသားမျိုမယ့် အကြံနဲ့ အိမ်ပေါက်ဝရောက်နေတဲ့ ကြောင်ဖားတွေနဲ့ တာဝါတိုင်အကြောင်းအတည်ပြောလာတဲ့ ပန်ဆယ်လို

ဒီနိုင်ငံကို အဆီစား အသားမျိုမယ့် အကြံနဲ့ အိမ်ပေါက်ဝရောက်နေတဲ့ ကြောင်ဖားတွေနဲ့ တာဝါတိုင်အကြောင်းအတည်ပြောလာတဲ့ ပန်ဆယ်လို

အတည်ပြောဦးမယ်။ တာဝါတိုင်တွေ အချိုးခံရတာ မင်းအောင်လှိုင်နဲ့ စစ်တပ်ကို ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာ။

တာဝါတိုင်က ကုမ္ပဏီပိုင်။ ကုမ္ပဏီက တိုင်တွေကို အာမခံထားထားတာ မအလသားရဲ့ အာမခံကုမ္ပဏီ။ အဲ့တော့ မအလ ဖင်ပြောင်တာပဲ။

ဒါ့အပြင် နိုင်ငံရေးအရ ဘာအကျိုးအမြတ်ရလဲဆိုတော့ စစ်တပ်အာဏာသိမ်းတာ အခွင့်ကောင်းယူပြီး ကိုယ်တို့တိုင်းပြည်ကို ခွက်စျေးနဲ့ အချောင်နှိုက်မယ့် စီးပွါးရေးသမားနိုင်ငံတွေ ပြန်စဉ်းစားသွားရပြီ။

ဥပမာ ချိန၊ ချိနအစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငါးနှစ်သက်တမ်းကာလမှာ မြန်မာပြည်က ချိုချိုချောင်ချာင်မရခဲ့ဘူး။

ဒါကြောင့် ချိနအစိုးရဟာ မြန်မာပြည်ကို စစ်တပ်အာဏာသိမ်းစေချင်တာ ထိပ်ဆုံးထဲက ပါတယ်။ ဦးနှောက်မရှိတဲ့အပြင် အာဏာသိမ်းတာနဲ့ ဆန်ရှင်ပိမယ့်ကောင်တွေအတွက် ချိနက ပါးစပ်ကြီးဟပြီး စောင့်နေတာ။

အာဏာသိမ်းရင် ပြည်သူတွေ အုံကြွမှာ မသိဘူးလားဆိုတော့ သိတယ်။ ဒါပေမယ့် လူထောင်ချီသတ်ပြလိုက်ရင် ငြိမ်သွားမှာပဲလို့ ပြည်သူကို လျှော့တွက်ထားခဲ့ကြတယ်။

၇ လကျော်ကြာတဲ့အထိ တိုင်းပြည်ကို မအုပ်ချုပ်နိုင်ဘူးဆိုတာ လုံးဝတွေးထင်မထားခဲ့သလို PDF ဆိုတာကြီးပေါ်လာပြီး ၇လကျော်နဲ့ D-Day ဆိုပြီး နေရာစုံ -င်ဝိုင်းကြိတ်မယ် တွေးမထားခဲ့မိကြဘူး။

အခု ပြည်သူဘက်က တော်လှန်ရေးအင်အားစုတွေဟာ အုပ်ချုပ်ရေးပိုင်း၊ သတင်းပေးဒလန်တွေကို အိပ်မက်ဆိုးတွေ ပေးထားနိုင်သလို လက်နက်ကိုင်ထားတဲ့ စခတွေတောင်

အပြင်ထွက်ရင်တောင် ကျီးကြည့်ကြောင်ကြည့်ဖြစ်ကုန်ပြီ။ အုပ်ကြီးရုံးကို ဆီမီးပူဇော်တာနဲ့ စစ်ကားမြင် နာနတ်သီးကျွေးတာနဲ့ လူမြင်ရင် PDFချည်းထင်နေတဲ့ ရောဂါဝင်နေကြပြီ။

အခု နောက်တဆင့်အနေနဲ့ မအလရဲ့ အကျိုးစီးပွါးတွေကို ခြိမ်းခြောက်နိုင်လာပြီ။ ပျက်ဆီးစေလာပြီ။ ဒီနိုင်ငံကို အဆီစား အသားမျိုမယ့် အကြံနဲ့ အိမ်ပေါက်ဝရောက်နေတဲ့ ကြောင်ဖားတွေလည်း အိမ်ထဲလောင်နေတဲ့ မီးကိုမြင်ပြီး နောက်ပြန်လှည့်ဖို့ ပြင်ရတော့မှာ။

အိမ်ထဲဝင်ချင်ရင် ဒီအိမ်ကို ဘယ်သူဩဇာညောင်းလဲ၊ ဒီအိမ်မှာ ဘယ်သူက ဆရာလဲ တွက်ဆရတော့မှာ။ အိမ်ထဲ ဘယ်သူမှလက်မခံတဲ့ကောင်ကို ကူပြီး ဖျင်ဆောင့်ကန်လွှတ်ပြီး အိမ်ရှင်အစစ်ကို မျက်နှာချိုသွေးသင့် သွေးရတော့မှာ။ အိမ်ထဲမှာ သူ့စီးပွါးတွေ နည်းမှ မနည်းကိုး။

တာဝါတိုင်တွေက အကင်းပဲရှိသေးတယ်။ အိမ်ထဲဝင်ပြီးသား ပိုက်လုံးကြီးဆိုရင်ရော ဘယ်လိုလဲ။ ဖွားသည်မလေး မိလှိုင်နဲ့ ကိုကိုကြင်တို့ ချိန်းတွေ့ပြီး ဖက်ငိုနေကြလောက်ပြီ။

အဟက်(ပန်ဆယ်လို)