ဒီလိုစီမံခန့်ခွဲမှုနဲ့ တိုင်းပြည်ဟာ မကြာခင်မှာ လုံးလုံးပျက်တော့မှာ လို့ပြောလိုက်တဲ့ ပန်ဆယ်လို

ဒီလိုစီမံခန့်ခွဲမှုနဲ့ တိုင်းပြည်ဟာ မကြာခင်မှာ လုံးလုံးပျက်တော့မှာ လို့ပြောလိုက်တဲ့ ပန်ဆယ်လို

ဒီရက်ထဲ နိုင်ငံခြားသုံးငွေကန့်သတ်ချက်နဲ့ပတ်သက်ပြီး ဗဟိုဘဏ်က ထုတ်ပြန်တဲ့ အမိန့်စာတွေဟာ အရမ်းကြောက်စရာကောင်းတယ်။ စကစရဲ့ ဒီလိုစီမံခန့်ခွဲမှုနဲ့ တိုင်းပြည်ဟာ မကြာခင်မှာ လုံးလုံးပျက်တော့မှာ။

အားလုံးမှတ်မိကြမယ်ထင်တယ်။ ရှေ့တလောက နိုင်ငံခြားငွေကို တစ်ခါကန့်သတ်တယ်။ ကုမ္ပဏီတွေရဲ့ နိုင်ငံခြားဘဏ်အကောင့်တွေထဲက နိုင်ငံခြားငွေတွေကို မြန်မာငွေပြောင်းခိုင်းတယ်။ ဗဟိုဘဏ်က ၁၈၅၀ နဲ့ ဖြတ်ယူလိုက်တယ်။ ကုမ္ပဏီတွေက နိုင်ငံခြားကုမ္ပဏီတွေကို ငွေပြန်ပို့ရတဲ့အခါ ၁၈၅၀ စျေးနဲ့ ဖြတ်ယူခံလိုက်ရတဲ့ မြန်မာငွေတွေကို ပြင်ပကနေ ၂၂၀၀ စျေးနဲ့ ပြန်ဝယ်ပြီး ပို့ရတော့တယ်။

ကုမ္ပဏီတစ်ခုရဲ့ လည်ပတ်စီးဆင်းငွေဟာ ကုမ္ပဏီရဲ့ အကြီးအသေးပေါ် မူတည်ပြီး ဒေါ်လာသောင်းဂဏန်းကနေ သိန်းဂဏန်း၊ သန်းဂဏန်းရှိတယ်။ တစ်ဒေါ်လာကို တစ်ရာဟရင်ကို အများကြီးထိနေပြီ။ တစ်ဒေါ်လာကို ၂၀၀ ကနေ ၄၀၀ ကြား ဟလာတဲ့အခါ ကုမ္ပဏီတွေ ရင်ဆိုင်ရတဲ့အရှုံးက အလုပ်မလုပ်ဘဲ ထိုင်စားနေတာထက် ပိုထိတယ်။

အဲ့အချိန်တုန်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု 10% အထက် ပါတဲ့ကုမ္ပဏီတွေကို ၁၈၅၀နဲ့ ဖြတ်ယူတာ ကင်းလွတ်ခွင့်ပေးခဲ့သေးတယ်။ အခု ထပ်ပြီး အမိန့်ထုတ်တယ်။ အကုန်လုံးကို ၁၈၅၀ နဲ့ဖြတ်ယူပြီ။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကတော့ ရှင်းပါတယ်။ ထွက်သွားကြရုံအပြင် ဘာမှမှ မရှိတာ။ ဘေးပတ်ဝန်းကျင်နိုင်ငံတွေကို ရွှေ့ကြမယ်။ လုပ်ငန်းတွေ ထွက်သွားတဲ့အတွက် ပြည်တွင်းမှာ ဝန်ထမ်းတွေ အလုပ်လက်မဲ့ဖြစ်ကြမယ်။ Cash Flow က ပြန်နှေးသွားမယ်။ စီးပွါးက ပိုကျလာမယ်။

ပိုဆိုးတာက နိုင်ငံခြားကြွေးမြီမဆပ်ကြဖို့ ညှိကြဖို့ဆိုတဲ့ကိစ္စပဲ။ ရိုးရိုးလေးပဲ စဉ်းစား။ ကြွေးမဆပ်ရင် ပစ္စည်း မပို့ဘူးလေ။ ပစ္စည်းမပို့ရင် ကုန်ကြမ်းကအစ ပြည်ပသွင်းကုန်ကို 100% မှီခိုရတဲ့ မြန်မာနိုင်ငံက ဘာဆက်ဖြစ်ဖို့ပဲ ရှိတော့လဲ။

ပြည်ပသွင်းကုန်တွေ ရပ်မယ်၊ အကျိုးဆက်က ဘာထွက်ကုန်မှ မရှိတော့ဘူး။ ပြည်ပကသွင်းတဲ့ ဆေးဝါး၊ အစားအစာ၊ အဝတ်အစား၊ လောင်စာဆီ အစစအရာရာ ရှားပါးမယ်။ အလုပ်လက်မဲ့ဦးရေအများကြီးတိုးလာချိန် အစစအရာရာစျေးကြီးပြီဆို ငတ်ကြမယ်၊ လုကြ၊ ယက်ကြ၊ သတ်ကြ၊ ဖြတ်ကြ ဖြစ်ကြမယ်။ နောက်ဆုံးထိ ဒီစီမံမှုအလွဲနဲ့ ဆက်သွားမယ်ဆိုရင် သီရိလင်္ကာပြီး နောက်တစ်နိုင်ငံဟာ မြန်မာပြည်ပဲ။

ဒေါ်လာတွေကို စကစက ဘာလို့ဖြတ်ယူလဲ။ နှစ်ချက်ပဲရှိတယ်။ တစ်ချက်က ၁၈၅၀ နဲ့ ဖြတ်ယူပြီး ပြင်ပစျေးကွက်မှာ ၂၀၀၀ ကျော်နဲ့ရောင်းပြီး အမြတ်ကို ဝေစားမျှစားကြတယ်။ နောက်တစ်ချက်က နိုင်ငံတကာကို လုံးဝတိုးမရတော့တဲ့ မင်းအောင်လှိုင်အနေနဲ့ နိုင်ငံတကာဖိအားကို လက်နက်အင်အားနဲ့ ပြန်ခြိမ်းခြောက်ဖို့ ဝယ်ယူမယ့် လက်နက်တွေ၊ နျူအိပ်မက်တွေအတွက် ပြည်သူဆီက ဒေါ်လာတွေကို သိမ်းယူဖို့ လိုအပ်နေလို့ပဲ။

သူတို့ဖြစ်ချင်တာက အရင်လို ပြည်တွင်းဖြစ်ကို အားပေးပါဆိုပြီး အစုတ်အပြတ်တွေသုံးခိုင်းမယ့် သမခေတ်၊ ဝင်းသူဇာခေတ်ကို ပြန်သွားမယ်။ တံခါးပိတ်ဝါဒကျင့်သုံးမယ်။ မြောက်ကိုရီးယားလို စစ်တပ်ကို လက်နက်အင်အားတိုးချဲ့ပြီး ကမ္ဘာကို ခြိမ်းခြောက်မယ်။ ဒါပဲ။ ဒီလမ်းကို တည့်တည့်ဦးတည်နေတာ။

စီးပွါးရေးလုပ်ငန်းရှင်ကြီးတစ်ယောက်က ပြောတယ်။ ဒီအမိန့်စာရဲ့ အကျိုးဆက်ကြောင့် ဖြစ်လာမယ့်ပြိုလဲမှုတွေက နောက်နှစ်လသုံးလအတွင်းပဲတဲ့။ ဒီအခြေအနေတွေ ဖြစ်လာခဲ့ရင် ပြည်သူက သီရိလင်္ကာလို ရုန်းကန်ထွက်နိုင်မလား၊ တကိုယ်ရည် Survival ဖြစ်ဖို့ပဲ ကြိုးစားနေမယ်ဆိုရင်တော့ သူတို့အောင်မြင်သွားမလား။ ဒါပဲ ရှိတော့တယ်။

တိုင်းပြည်ကို အုပ်ချုပ်ဖို့ ဘာစောက်အရည်အချင်းမှ မရှိဘဲ တိတ်နှိပ်သုံးအော် တန်းစီပါးချတတ်ရုံကောင်တွေ တက်ဖျင်ယားတာ ဘယ်လိုဘဝရောက်ကြတော့မလဲဆိုတာသာ ကြည့်ကြတော့။

ဒီကိစ္စက စစရာနောက်စရာ ကိစ္စမဟုတ်ဘူးနော်။ ရက်ပိုင်းအတွင်း ဘာတွေဖြစ်နေလဲသိချင်ရင် လမ်းထိပ်ဆေးဆိုင်သွားပြီတော့သာ ဆေးသွားဝယ်ကြည့်ကြတော့။

ပွဲတွေတလီလီကြား မျောနေမယ့်အစား တော်လှန်ရေးကို ပြန်အာရုံစိုက်ကြ၊ ပြန်ဦးတည်ကြ၊ ပြန်ကလစ်ကြ၊ ပြန်ထောက်ပို့ကြပါတော့။

သွားနောက်လို့ မရဘူး။
မအေလိုးက အကုန်လုံးကို အပါဆွဲချနေပြီ။

Leave a Reply

Your email address will not be published.