Local News

ဒုက္ခပင်လယ်ဝေနေတဲ့ မိသားစုရဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကူညီခွင့်ရခဲ့တဲ့ ဝေဠုကျော်…..

ဒုက္ခပင်လယ်ဝေနေတဲ့ မိသားစုရဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကူညီခွင့်ရခဲ့တဲ့ ဝေဠုကျော်…..

ဒီလိုကာလတွေမှာတော့ပြည်သူတွေ ခမျာ အခြေအနေ ဆိုးတွေကို ဆက်တိုက် ကြုံနေရတာကြောင့် တော်တော်များများ ခက်ခဲနေကြသူတွေကြီးပါပဲ။

အခြေခံလူတန်းစားနဲ့တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ပြည်သူတွေဆိုရင် ပိုလို့တောင် ဆိုးပါသေးတယ်။တစ်ချို့ဆိုအလုပ်ရှိတာတောင်မလုပ်နိုင်တော့တဲ့အခြေအ နေတွေပါ ရှိနေကြပါတယ် ။

အခုလည်း တောင်ဒဂုံ ၊၁၉ရပ်ကွက်မှာ နေထိုင်တဲ့ကျမ်းမာရေးမကောင်းတဲ့ သားအမိ နှစ်ယောက်ရဲ့ စိတ်မကောင်းစရာ အဖြစ်ကို သိပြီး ဝေဠုကျော်က ကူညီမှုတွေ ပေးခဲ့ပါတယ် ။

ဖခင်က ဆုံးပါးသွားပြီး သားဖြစ်သူက စကားမပြောနိုင်သလို အမေက ရောဂါပေါင်းစုံနဲ့ ဗိုက်ကြီးကပူနေတာကြောင့် ဆေးဖိုးကော စားသောက်ဖို့အတွက်ပါ အတော်လေး ရုန်းကန်ရှာဖွေနေရပါတယ် ။

ဒီလို ဒုက္ခပင်လယ်ဝေနေတဲ့ သားအမိနှစ်ယောက်အတွက် အလှူငွေ ငါးသောင်းကျပ်နဲ့ ဆန် ၊ဆီ၊ကြက်ဥ၊ အဝတ်အထည်အသစ်လေးတွေ ကိုကူညီထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ် ။

ဘယ်လိုပဲဖြစ်ဖြစ် ခဏတာလောက် အဆင်ပြေသွားရင်ကို ကြည်နူးပီတိဖြစ်စရာပါပဲ။ ပရိသတ်ကြီးအ တွက် ဝေဠုကျော်ရဲ့ အလှူလေးကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Zawgyi

ဒုက္ခပင်လယ်ဝေနေတဲ့ သားအမိနှစ်ယောက်ရဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကူညီခွင့်ရခဲ့တဲ့ ဝေဠုကျော်..







Credit