Local News

ဒေသစုံလွှမ်းခြုံနိုင်မယ့် မြန်မာ့တော်ဝင်နဂါးတပ်တော် ဖွဲ့စည်းလိုက်ပြီလို့ ဗိုလ်နဂါးပြောကြား

ဒေသစုံလွှမ်းခြုံနိုင်မယ့် မြန်မာ့တော်ဝင်နဂါးတပ်တော် ဖွဲ့စည်းလိုက်ပြီလို့ ဗိုလ်နဂါးပြောကြား

ပြည်သူလူထုထောက်ခံမှု၊ဝန်းရံမှုအထိုက်အလျှောက်ရလာပြီဖြစ်လို့ ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အခြေစိုက်တဲ့ ပုလဲမြို့နယ်တစ်ခုတည်းကိုသာ
ကိုယ်စားပြုတာမဟုတ်တော့ပဲ

မြန်မာတစ်နိုင်ငံလုံးကိုယ်စားပြုတဲ့ ဒေသစုံတော်လှန်ရေးအင်အားစုတွေစုစည်းထားတဲ့( Myanmar Royal Dragon Army) မြန်မာ့တော်ဝင်နဂါးတပ်တော်ကို ဖွဲ့စည်းလိုက်ပြီလို့ ဗိုလ်နဂါးပြောပါတယ်။

မြန်မာ့တော်ဝင်နဂါးတပ်တော်မှာ
” ရန်ကုန် မန္တလေး စတဲ့ အောက်ပိုင်း အလယ်ပိုင်းက အဓိကဒေသတွေနဲ့ မြို့နယ်အတော်များများ ပါဝင်ပါတယ် “လို မြန်မာ့တော်ဝင်နဂါးတပ်တော်ခေါင်းဆောင်ဗိုလ်နဂါးက BurmaVJ သို့ပြောပါတယ်။

အာဏာရှင်စနစ်အ​မြစ်ပြတ်ချေမှုန်းရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးအတွက် အခုလို့ ဖွဲ့စည်းတာဖြစ်ပြီးNUG အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအသိအမှတ်ပြုမှု ၊ ပံ့ပိုးမှုနဲ့ဆက်သွားဖို့ စီစဥ်ထားတယ်လို့ဆိုပါတယ်။

MRDAဖွဲ့စည်းတာနဲ့ပတ်သတ်ပြီးပြည်သူတစ်ဦးကသူ့ရဲ့အမြင်ကိုအခုလိုပြောပါတယ်
” PDF တွေ ပိုအားကောင်းလာဖို့ရှိသလိုမဟာမိတ်တွေနဲ့ပူးပေါင်း ဆောင်ရွက်မှုကပိုပြီးတော့ အားကောင်းလာတာမို့

စစ်ရေးလှုပ်ရှားမှုတွေကို ဗျူဟာမြောက်ဆောင်ရွက်နိုင် မှာဖြစ်ကြောင်း ကာကွယ်​ရေးဝန်ကြီးဦးရည်မွန်က ပီးခဲ့တဲ့ ရက်ပိုင်းက ပြောဆိုထားတာလည်း ရှိခဲ့တော့ MRDA ကိုလက်တွေ့အကောင်အထည်ဖော်လိုက်တယ်လို့မြင်မိတယ်။

ပြီးတော့မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA ရဲ့ စစ်မျက်နှာအသစ်တွေဒေသစုံမှာ မြင်တွေ့ လာနိုင်ပြီး နှစ်သစ်မှာ အောင်ပွဲတွေနဲ့အတူ ပြည်သူ့အာဏာပြည်သူ့လက်ထဲပြန်ရဖို့မျှော်လင့်ပါတယ်”လို့ပြည်သူတစ်ဦးက မှတ်ချက်ပေးပြောဆိုပါတယ်။

ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က၂၀၂၁ မေလကတည်းက လက်နက်ကိုင် တော်လှန်ရေးကိုစတင်ခဲ့ပြီး အောင်ပွဲမကြာမကြာ ရရှိခဲ့တာလည်းဖြစ်ပါတယ်။

BurmaVj

Zawgyi










BurmaVj