Local News

ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်သင့်ကြောင့် အမေရိကန် နိုင်ငံရေးသုတေသီ ပြောကြာ

ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်သင့်ကြောင့် အမေရိကန် နိုင်ငံရေးသုတေသီ ပြောကြား

အမေရိကန်နိုင်ငံသား နိုင်င့်ရေးသုတေသီ ဂျွန်စမိုက်က မြန်မာနိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဟောင်းလည်း ဖြစ်သည့် NLD ပါတီ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေးနိုဘယ်ဆု ထပ်ပြီးတစ်ခါ ချီးမြှင့်သင့်သည်ဟု သူ၏ website ပေါ် ရေးသားခဲ့ပါသည်။

NLD ပါတီ၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ ရှည်လျားသောစစ်အာဏာရှင်စနစ်ကို အပြုတ်တိုက်ရန် မိမိဘဝတစ်ခုလုံး နစ်မြုပ်ခဲ့ကြောင်း၊ မြန်မာစစ်တပ်၏ အာဏာဆုပ်ကိုင်ထားမှုကို သူမ၏ပါးနပ်သော နိုင်ငံရေးအရည်အချင်းဖြင့် တဖြေးဖြေး ဖြေရှင်းနိုင်ခဲ့ခြင်း၊

သူမ၏ ပါတီအာဏာရလာသည့်ကာလတွင် တိုင်းပြည်တွင်လိုအပ်နေသည့် ဒီမိုကရေစီ စံချိန်စံနှုန်းပြည့် ဥပဒေများပြဌာန်းနိုင်ရန် အလေးထား လုပ်ဆောင်နေကြောင်း စသည်တို့ကို ထောက်ပြ ရေးသားထားပါသည်။

ရခိုင်ပြည်နယ်အရေးတွင် အားလုံးက သူမကို လက်ညိုးထိုးနေသည်မှာ မသင့်လျော်ကြောင်း၊ ရခိုင်ပြည်နယ်တွင် ဘင်္ဂလီများ (မူရင်းတွင် ရိုဟင်ဂျာ)ကို စစ်တပ်က စနစ်တကျ သုတ်သင်ပြီး အောင်ဆန်းစုကြည်၏ နာမည်ဂုဏ်သတင်းကို ဖျက်ဆီးရန်

နိုင်ငံရေးအရ အမြတ်ထုတ်နေကြောင်းကို သေချာ နားလည်ရန်လိုအပ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ်ပြဿနာကို အချိန်အတိုင်းအတာတစ်ခုမှာ မှန်မှန်ကန်ကန် ဖြေရှင်နိုင်စွမ်း ရှိသူဖြစ်ကြောင်း သူက ထောက်ပြရေးသားထားပါသည်။

သူသာ နိုဘယ်ဆုရွေးချယ်ရေးကော်မတီဝင် ဖြစ်ခဲ့လျှင် မြန်မာနိုင်ငံ၏ စစ်အာဏာရှင်စနစ်ကို အပြီးသတ်တိုက်ဖျက်ရန် မနားမနေအားထုတ်ကြိုးပမ်းနေသော ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ရပ်များကို အသိအမှတ်ပြုကာ ငြိမ်းချမ်းရေးနိုဘယ်ဆု ထပ်ပြီးတစ်ခါ ချီးမြှင့်မည်ဖြစ်ကြောင်း ၎င်း၏ အမြင်သဘောထားကို ရှင်းလင်းစွာ ရေးသားထားပါသည်။

မူရင်း – Myanmar’s Suu Kyi should be awarded Nobel Peace Prize Again ဆောင်းပါးကို ဆီလျော်စွာ ဘာသာပြန်ပါသည်။

Zawgyi

ေဒၚေအာင္ဆန္းစုၾကည္ကို ေနာက္ထပ္ ၿငိမ္းခ်မ္းေရးႏိုဘယ္ဆု ခ်ီးျမႇင့္သင့္ေၾကာင့္ အေမရိကန္ ႏိုင္ငံေရးသုေတသီ ေျပာၾကား

အေမရိကန္ႏိုင္ငံသား ႏိုင္င့္ေရးသုေတသီ ဂြၽန္စမိုက္က ျမန္မာႏိုင္ငံ၏ အတိုင္ပင္ခံပုဂၢိဳလ္လည္းျဖစ္ ၿငိမ္းခ်မ္းေရးႏိုဘယ္ဆု႐ွင္ေဟာင္းလည္း ျဖစ္သည့္ NLD ပါတီ၏ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ကို ၿငိမ္းခ်မ္းေရးႏိုဘယ္ဆု ထပ္ၿပီးတစ္ခါ ခ်ီးျမႇင့္သင့္သည္ဟု သူ၏ website ေပၚ ေရးသားခဲ့ပါသည္။

NLD ပါတီ၏ ေခါင္းေဆာင္တစ္ဦးျဖစ္သည့္ ေဒၚေအာင္ဆန္းစုၾကည္သည္ ျမန္မာႏိုင္ငံ၏ ႐ွည္လ်ားေသာစစ္အာဏာ႐ွင္စနစ္ကို အျပဳတ္တိုက္ရန္ မိမိဘဝတစ္ခုလုံး နစ္ျမဳပ္ခဲ့ေၾကာင္း၊ ျမန္မာစစ္တပ္၏ အာဏာဆုပ္ကိုင္ထားမႈကို သူမ၏ပါးနပ္ေသာ ႏိုင္ငံေရးအရည္အခ်င္းျဖင့္ တေျဖးေျဖး ေျဖ႐ွင္းႏိုင္ခဲ့ျခင္း၊

သူမ၏ ပါတီအာဏာရလာသည့္ကာလတြင္ တိုင္းျပည္တြင္လိုအပ္ေနသည့္ ဒီမိုကေရစီ စံခ်ိန္စံႏႈန္းျပည့္ ဥပေဒမ်ားျပဌာန္းႏိုင္ရန္ အေလးထား လုပ္ေဆာင္ေနေၾကာင္း စသည္တို႔ကို ေထာက္ျပ ေရးသားထားပါသည္။

ရခိုင္ျပည္နယ္အေရးတြင္ အားလုံးက သူမကို လက္ညိဳးထိုးေနသည္မွာ မသင့္ေလ်ာ္ေၾကာင္း၊ ရခိုင္ျပည္နယ္တြင္ ဘဂၤလီမ်ား (မူရင္းတြင္ ႐ိုဟင္ဂ်ာ)ကို စစ္တပ္က စနစ္တက် သုတ္သင္ၿပီး ေအာင္ဆန္းစုၾကည္၏ နာမည္ဂုဏ္သတင္းကို ဖ်က္ဆီးရန္

ႏိုင္ငံေရးအရ အျမတ္ထုတ္ေနေၾကာင္းကို ေသခ်ာ နားလည္ရန္လိုအပ္ေၾကာင္း၊ ေဒၚေအာင္ဆန္းစုၾကည္သည္ ရခိုင္ျပည္နယ္ျပႆနာကို အခ်ိန္အတိုင္းအတာတစ္ခုမွာ မွန္မွန္ကန္ကန္ ေျဖ႐ွင္ႏိုင္စြမ္း ႐ွိသူျဖစ္ေၾကာင္း သူက ေထာက္ျပေရးသားထားပါသည္။

သူသာ ႏိုဘယ္ဆုေ႐ြးခ်ယ္ေရးေကာ္မတီဝင္ ျဖစ္ခဲ့လွ်င္ ျမန္မာႏိုင္ငံ၏ စစ္အာဏာ႐ွင္စနစ္ကို အၿပီးသတ္တိုက္ဖ်က္ရန္ မနားမေနအားထုတ္ႀကိဳးပမ္းေနေသာ ေဒၚေအာင္ဆန္းစုၾကည္၏ လုပ္ရပ္မ်ားကို အသိအမွတ္ျပဳကာ ၿငိမ္းခ်မ္းေရးႏိုဘယ္ဆု ထပ္ၿပီးတစ္ခါ ခ်ီးျမႇင့္မည္ျဖစ္ေၾကာင္း ၎၏ အျမင္သေဘာထားကို ႐ွင္းလင္းစြာ ေရးသားထားပါသည္။

မူရင္း – Myanmar’s Suu Kyi should be awarded Nobel Peace Prize Again ေဆာင္းပါးကို ဆီေလ်ာ္စြာ ဘာသာျပန္ပါသည္။

About the author

admin

Add Comment

Click here to post a comment