Local News

ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၃ မှုအတွက် မနက်ဖြန်မှာ အမိန့်ချမည်

ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၃ မှုအတွက် မနက်ဖြန်မှာ အမိန့်ချမယ်
အမှု ၁၂ မှုနဲ့စွဲထားတဲ့အပြင် အဂတိ အမှု ၅ မှု နဲ့ စစ်ကောင်စီထပ်တိုးတရားစွဲထား

အမိန့်မချဖြစ်ဘဲ ရွှေ့ဆိုင်ထားတဲ့အမှုတွေနဲ့ မနက်ဖြန် ဇန်နဝါရီလ ၁၀ ရက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမိန့်ချ ဖို့ ရှိနေပါတယ်။

အမိန့်ချမယ့် အမှုတွေကတော့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ပုဒ်မ ၂၅ ၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ နဲ့စွပ်စွဲထားတဲ့အမှုတွေဖြစ်ပါတယ်။

ရွေးကောက်ပွဲမဲဆွယ်ကာလ က နေပြည်တော်က NLD ပါတီဝင်တွေအိမ်ကိုသွားရောက်တာနဲ့ပတ်သက်ပြီး ကိုဗစ်စည်းကမ်းချိုးဖောက်တယ်ဆိုကာ ထောင်ဒဏ် ၃ နှစ်ထိချလို့ရတဲ့သဘာဝဘေးပုဒ်မ ၂၅ နဲ့စွဲထားတာပါ။

ဒါအပြင် အာဏာသိမ်းတဲ့နေ့က နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်မှာ ဆက်သွယ်ရေးစကားပြောစက်တွေတွေ့တယ်ဆိုပြီး ထောင်ဒဏ် ၁ နှစ်ချလို့ရတဲ့ ဆက်သွယ်ရေးပုဒ်မ ၆၇ ၊ ထောင်ဒဏ် ၃ နှစ်ချလိုရတဲ့ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ တို့ နဲ့ တရားစွဲထားပါသေးတယ်။

ဒီပုဒ်မ ၃ ခု ရဲ့ ပြစ်ဒဏ်ပြဌာန်းချက်အရတော့ စုစုပေါင်း ထောင်ဒဏ် ၇ နှစ်အထိချလို့ရတာတွေ့ရပါတယ်။

ကနဦးကတော့ ဒီပုဒ်မတွေနဲ့ အမိန့်ချဖို့ ရက် သတ်မှတ်ထားခဲ့ပေမယ့် ၂ ကြိမ်တိုင်ရွှေ့ဆိုင်းလိုက်ပြီး ဇန်နဝါရီလ ၁၀ ရက်မှာအမိန့်ချဖို့ သတ်မှတ်ထားတာပါ။

စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၂ မှုနဲ့တရားစွဲထားတာဖြစ်ပြီး အမှု ၂ မှုအတွက် ထောင်ဒဏ် ၄ နှစ်ချထားတာရှိပါတယ်။

ဒါပေမယ့် အဂတိပုဒ်မ နဲ့ အမှု ၅ မှု ထပ်တိုးဖွင့်ထားတယ်လို့သိထားရပါတယ်။

Zawgyi

ေဒၚေအာင္ဆန္းစုၾကည္ကို အမႈ ၃ မႈအတြက္ မနက္ျဖန္မွာ အမိန္႔ခ်မယ္
အမႈ ၁၂ မႈနဲ႔စြဲထားတဲ့အျပင္ အဂတိ အမႈ ၅ မႈ နဲ႔ စစ္ေကာင္စီထပ္တိုးတရားစြဲထား

အမိန္႔မခ်ျဖစ္ဘဲ ေ႐ႊ႕ဆိုင္ထားတဲ့အမႈေတြနဲ႔ မနက္ျဖန္ ဇန္နဝါရီလ ၁၀ ရက္မွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို အမိန္႔ခ် ဖို႔ ႐ွိေနပါတယ္။

အမိန္႔ခ်မယ့္ အမႈေတြကေတာ့ သဘာဝေဘးအႏၲရာယ္စီမံခန္႔ခြဲမႈ ပုဒ္မ ၂၅ ၊ ပို႔ကုန္သြင္းကုန္ဥပေဒပုဒ္မ ၈ ၊ ဆက္သြယ္ေရးဥပေဒ ပုဒ္မ ၆၇ နဲ႔စြပ္စြဲထားတဲ့အမႈေတြျဖစ္ပါတယ္။

ေ႐ြးေကာက္ပြဲမဲဆြယ္ကာလ က ေနျပည္ေတာ္က NLD ပါတီဝင္ေတြအိမ္ကိုသြားေရာက္တာနဲ႔ပတ္သက္ၿပီး ကိုဗစ္စည္းကမ္းခ်ိဳးေဖာက္တယ္ဆိုကာ ေထာင္ဒဏ္ ၃ ႏွစ္ထိခ်လို႔ရတဲ့သဘာဝေဘးပုဒ္မ ၂၅ နဲ႔စြဲထားတာပါ။

ဒါအျပင္ အာဏာသိမ္းတဲ့ေန႔က ေနျပည္ေတာ္က ေဒၚေအာင္ဆန္းစုၾကည္ရဲ႕အိမ္မွာ ဆက္သြယ္ေရးစကားေျပာစက္ေတြေတြ႕တယ္ဆိုၿပီး ေထာင္ဒဏ္ ၁ ႏွစ္ခ်လို႔ရတဲ့ ဆက္သြယ္ေရးပုဒ္မ ၆၇ ၊ ေထာင္ဒဏ္ ၃ ႏွစ္ခ်လိုရတဲ့ ပို႔ကုန္သြင္းကုန္ဥပေဒ ပုဒ္မ ၈ တို႔ နဲ႔ တရားစြဲထားပါေသးတယ္။

ဒီပုဒ္မ ၃ ခု ရဲ႕ ျပစ္ဒဏ္ျပဌာန္းခ်က္အရေတာ့ စုစုေပါင္း ေထာင္ဒဏ္ ၇ ႏွစ္အထိခ်လို႔ရတာေတြ႕ရပါတယ္။

ကနဦးကေတာ့ ဒီပုဒ္မေတြနဲ႔ အမိန္႔ခ်ဖို႔ ရက္ သတ္မွတ္ထားခဲ့ေပမယ့္ ၂ ႀကိမ္တိုင္ေ႐ႊ႕ဆိုင္းလိုက္ၿပီး ဇန္နဝါရီလ ၁၀ ရက္မွာအမိန္႔ခ်ဖို႔ သတ္မွတ္ထားတာပါ။

စစ္ေကာင္စီဟာ ေဒၚေအာင္ဆန္းစုၾကည္ကို အမႈ ၁၂ မႈနဲ႔တရားစြဲထားတာျဖစ္ၿပီး အမႈ ၂ မႈအတြက္ ေထာင္ဒဏ္ ၄ ႏွစ္ခ်ထားတာ႐ွိပါတယ္။

ဒါေပမယ့္ အဂတိပုဒ္မ နဲ႔ အမႈ ၅ မႈ ထပ္တိုးဖြင့္ထားတယ္လို႔သိထားရပါတယ္။

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.