Local News

ဒေါ်အောင်ဆန်းစုကြည်ကို ထောင် ၄ နှစ်ထပ်ချ

ဒေါ်အောင်ဆန်းစုကြည်ကို ထောင် ၄ နှစ်ထပ်ချ

—People’s Spring

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၃ ခုနဲ့ ဒီနေ့မှာ စစ်ကောင်စီက ထောင်ဒဏ် ၄ နှစ်ထပ်ချလိုက်ပါတယ်။

အဲဒီပုဒ်မတွေကတော့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ အတွက် ထောင်ဒဏ် ၁ နှစ် ၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ အတွက် ထောင်ဒဏ် ၂ နှစ် နဲ့ သဘာဝဘေးအန္တရာယ်စီမံခန်ခွဲမှု ဥပဒေပုဒ်မ ၂၅ အတွက် ထောင်ဒဏ် ၂ နှစ်စီချလိုက်တာပါ။

စုစုပေါင်း ထောင်ဒဏ် ၅ နှစ်ဖြစ်ပေမယ့် ဆက်သွယ်ရေးဥပဒေ နဲ့ ပို့ကုန်သွင်းကုန်ဥပဒေ တို့နဲ့စွဲထားတဲ့အမှုတွေကို တပေါင်းတည်းကျခံရမှာဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ချလိုက်တဲ့ ထောင်ဒဏ်ဟာ ၄ နှစ်ဖြစ်သွားတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံက သိရပါတယ်။

ဒီနေ့အမိန့်ချတဲ့အမှု ၃ မှုဟာ ရွေးကောက်ပွဲအကြိုကာလမှာ နေပြည်တော်က NLD ပါတီဝင်တွေ နေအိမ်ကိုသွားရောက်တာ ကိုဗစ်စည်းကမ်းချိုးဖောက်တယ်ဆိုကာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့စွဲဆိုတဲ့အမှု ၊

အာဏာသိမ်းတဲ့နေ့က နေပြည်တော်က နေအိမ်မှာ တရားမဝင် စကားပြောစက်တွေ့တယ်ဆိုကာ ပို့ကုန်သွင်းကုန်ဥပဒေအပြင် ဆက်သွယ်ရေးဥပဒေတွေနဲ့စွဲဆိုထားတဲ့အမှုတွေဖြစ်ပါတယ်။

စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ချတဲ့ ထောင်ဒဏ်အပါအဝင် စုစုပေါင်း ထောင်ဒဏ် ၆ နှစ်ချထားပြီဖြစ်ပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီ ဆက်လက်စွဲဆိုထားတဲ့အမှုဟာ အမှု ၇ မှုကျန်နေသေးပါတယ်။

Zawgyi

ေဒၚေအာင္ဆန္းစုၾကည္ကို ေထာင္ ၄ ႏွစ္ထပ္ခ်

—People’s Spring

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ပုဒ္မ ၃ ခုနဲ႔ ဒီေန႔မွာ စစ္ေကာင္စီက ေထာင္ဒဏ္ ၄ ႏွစ္ထပ္ခ်လိုက္ပါတယ္။

အဲဒီပုဒ္မေတြကေတာ့ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၇ အတြက္ ေထာင္ဒဏ္ ၁ ႏွစ္ ၊ ပို႔ကုန္သြင္းကုန္ဥပေဒ ပုဒ္မ ၈ အတြက္ ေထာင္ဒဏ္ ၂ ႏွစ္ နဲ႔ သဘာဝေဘးအႏၲရာယ္စီမံခန္ခြဲမႈ ဥပေဒပုဒ္မ ၂၅ အတြက္ ေထာင္ဒဏ္ ၂ ႏွစ္စီခ်လိုက္တာပါ။

စုစုေပါင္း ေထာင္ဒဏ္ ၅ ႏွစ္ျဖစ္ေပမယ့္ ဆက္သြယ္ေရးဥပေဒ နဲ႔ ပို႔ကုန္သြင္းကုန္ဥပေဒ တို႔နဲ႔စြဲထားတဲ့အမႈေတြကို တေပါင္းတည္းက်ခံရမွာျဖစ္တာေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္ကို ဒီေန႔ခ်လိုက္တဲ့ ေထာင္ဒဏ္ဟာ ၄ ႏွစ္ျဖစ္သြားတယ္လို႔ တရား႐ုံးနဲ႔နီးစပ္သူေတြထံက သိရပါတယ္။

ဒီေန႔အမိန္႔ခ်တဲ့အမႈ ၃ မႈဟာ ေ႐ြးေကာက္ပြဲအႀကိဳကာလမွာ ေနျပည္ေတာ္က NLD ပါတီဝင္ေတြ ေနအိမ္ကိုသြားေရာက္တာ ကိုဗစ္စည္းကမ္းခ်ိဳးေဖာက္တယ္ဆိုကာ သဘာဝေဘးအႏၲရာယ္စီမံခန္႔ခြဲမႈဥပေဒပုဒ္မ ၂၅ နဲ႔စြဲဆိုတဲ့အမႈ ၊

အာဏာသိမ္းတဲ့ေန႔က ေနျပည္ေတာ္က ေနအိမ္မွာ တရားမဝင္ စကားေျပာစက္ေတြ႕တယ္ဆိုကာ ပို႔ကုန္သြင္းကုန္ဥပေဒအျပင္ ဆက္သြယ္ေရးဥပေဒေတြနဲ႔စြဲဆိုထားတဲ့အမႈေတြျဖစ္ပါတယ္။

စစ္ေကာင္စီဟာ ေဒၚေအာင္ဆန္းစုၾကည္ကို ဒီေန႔ခ်တဲ့ ေထာင္ဒဏ္အပါအဝင္ စုစုေပါင္း ေထာင္ဒဏ္ ၆ ႏွစ္ခ်ထားၿပီျဖစ္ပါတယ္။

ဒါေပမယ့္ ေဒၚေအာင္ဆန္းစုၾကည္အေပၚ စစ္ေကာင္စီ ဆက္လက္စြဲဆိုထားတဲ့အမႈဟာ အမႈ ၇ မႈက်န္ေနေသးပါတယ္။

About the author

admin

Add Comment

Click here to post a comment