Local News

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကို အမိန့်ချဖို့ ရွှေ့ဆိုင်းပြီး အဂတိမှုထပ်တိုးအမှုဖွင့်

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကို အမိန့်ချဖို့ ရွှေ့ဆိုင်းပြီး အဂတိမှုထပ်တိုးအမှုဖွင့်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေး ရဟတ်ယာဉ်ဝယ်ယူသည့်ကိစ္စနှင့် ပတ်သက်ပြီး

ယနေ့မှာ အဂတိလိုက်စားမှုလိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် နေပြည်တော် ဘုရားကုန်းမြို့မရဲစခန်းတွင် ထပ်မံအမှုဖွင့်လိုက်ကြောင်း အာဏာသိမ်းစစ်ကောင်စီက ကြေညာလိုက်သည်။

အာဏာသိမ်းစစ်ကောင်စီသည် ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ ဖြင့် ယနေ့တွင် အမိန့်ချရန်ရှိသော်လည်း

၎င်းတို့လက်အောက်ခံ အထူးသီးသန့် တရားရုံးသည် အမိန့်ချရန် ချိန်းဆိုထားပြီးမှ ရှေ့လာမည့်ရုံးချိန်း ဒီဇင်ဘာ ၆ ရက်သို့ ရွှေ့ဆိုင်းခဲ့ပြီး ယခုကဲ့သို့ ပုဒ်မတိုးကာ ထပ်မံတရားစွဲဆိုခြင်းဖြစ်သည်။

အဆိုပါ ရဟတ်ယာဉ်ဝယ်သူသည့် ကိစ္စရပ်နှင့်ပတ်သက်ပြီး ပြီးခဲ့သည့် ဩဂုတ် ၂၇ ရက်နေ့ကလည်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့်ပင် တရားစွဲဆိုထားသေးသည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်တွင် ဝယ်ယူခဲ့သည့် ကယ်ဆယ်ရေး ရဟတ်ယာဉ်မှာ နိုဝင်ဘာ ၂၁ ရက်နေ့က မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊

ကျိုက်နဲရေလယ်ဘုရားဖူးခရီးစဉ်တွင် ပြည်သူ ၂၀ ဦးကျော်အထိ ရေနစ်သေဆုံးခဲ့ရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သော်လည်း အဆိုပါ ကယ်ဆယ်ရေးရဟတ်ယာဉ်ကို အသုံးြပု၍ ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်ခဲ့သည်ကို မတွေ့ခဲ့ရပေ။

ယင်းအစား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေး ရဟတ်ယာဉ်ဝယ်ယူရာတွင် တာဝန်ရှိသူဟုဆိုသူများအား အရပ်သားအစိုးရအား ဖြုတ်ချကာ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီကသာ အဂတိမှုဖြင့် တရားစွဲဆိုမှုများ ပြုလုပ်လျှက်ရှိသည်။

Zawgyi

ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ သမၼတကို အမိန္႔ခ်ဖို႔ ေ႐ႊ႕ဆိုင္းၿပီး အဂတိမႈထပ္တိုးအမႈဖြင့္

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ သမၼတဦးဝင္းျမင့္တို႔အား သဘာဝေဘးအႏၲရာယ္ဆိုင္ရာ ကယ္ဆယ္ေရး ရဟတ္ယာဥ္ဝယ္ယူသည့္ကိစၥႏွင့္ ပတ္သက္ၿပီး

ယေန႔မွာ အဂတိလိုက္စားမႈလိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၅ ျဖင့္ ေနျပည္ေတာ္ ဘုရားကုန္းၿမိဳ႕မရဲစခန္းတြင္ ထပ္မံအမႈဖြင့္လိုက္ေၾကာင္း အာဏာသိမ္းစစ္ေကာင္စီက ေၾကညာလိုက္သည္။

အာဏာသိမ္းစစ္ေကာင္စီသည္ ယေန႔တြင္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ သမၼတ ဦးဝင္းျမင့္တို႔အား ရာဇသတ္ႀကီးဥပေဒပုဒ္မ ၅၀၅-ခ ျဖင့္ ယေန႔တြင္ အမိန္႔ခ်ရန္႐ွိေသာ္လည္း

၎တို႔လက္ေအာက္ခံ အထူးသီးသန္႔ တရား႐ုံးသည္ အမိန္႔ခ်ရန္ ခ်ိန္းဆိုထားၿပီးမွ ေ႐ွ႕လာမည့္႐ုံးခ်ိန္း ဒီဇင္ဘာ ၆ ရက္သို႔ ေ႐ႊ႕ဆိုင္းခဲ့ၿပီး ယခုကဲ့သို႔ ပုဒ္မတိုးကာ ထပ္မံတရားစြဲဆိုျခင္းျဖစ္သည္။

အဆိုပါ ရဟတ္ယာဥ္ဝယ္သူသည့္ ကိစၥရပ္ႏွင့္ပတ္သက္ၿပီး ၿပီးခဲ့သည့္ ဩဂုတ္ ၂၇ ရက္ေန႔ကလည္း လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန၊

ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ဝင္းျမတ္ေအးအား အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၅ ျဖင့္ပင္ တရားစြဲဆိုထားေသးသည္။

သဘာဝေဘးအႏၲရာယ္ဆိုင္ရာ ကယ္ဆယ္ေရးအတြက္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD) အစိုးရလက္ထက္တြင္ ဝယ္ယူခဲ့သည့္ ကယ္ဆယ္ေရး ရဟတ္ယာဥ္မွာ ႏိုဝင္ဘာ ၂၁ ရက္ေန႔က မြန္ျပည္နယ္၊ သံျဖဴဇရပ္ၿမိဳ႕နယ္၊

က်ိဳက္နဲေရလယ္ဘုရားဖူးခရီးစဥ္တြင္ ျပည္သူ ၂၀ ဦးေက်ာ္အထိ ေရနစ္ေသဆုံးခဲ့ရသည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့ေသာ္လည္း အဆိုပါ ကယ္ဆယ္ေရးရဟတ္ယာဥ္ကို အသုံးျပု၍ ႐ွာေဖြကယ္ဆယ္မႈမ်ား ျပဳလုပ္ခဲ့သည္ကို မေတြ႕ခဲ့ရေပ။

ယင္းအစား သဘာဝေဘးအႏၲရာယ္ဆိုင္ရာ ကယ္ဆယ္ေရး ရဟတ္ယာဥ္ဝယ္ယူရာတြင္ တာဝန္႐ွိသူဟုဆိုသူမ်ားအား အရပ္သားအစိုးရအား ျဖဳတ္ခ်ကာ အာဏာသိမ္းခဲ့သည့္ စစ္ေကာင္စီကသာ အဂတိမႈျဖင့္ တရားစြဲဆိုမႈမ်ား ျပဳလုပ္လွ်က္႐ွိသည္။

Recent Comments

No comments to show.