Local News

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဂတိအမှုအတွက် တရားလိုပြသက်သေတွေ စစ်ဆေး

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဂတိအမှုအတွက် တရားလိုပြသက်သေတွေ စစ်ဆေး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိအမှု ငါးမှုထဲက သုံးမှုအတွက် တရားလိုပြသက်သေအချို့ကို နေပြည်တော်က အထူးတရားရုံးမှာ ဇန်နဝါရီလ ၇ ရက် ဒီနေ့မှာ စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ဒီနေ့ရုံးချိန်းမှာ အဂတိအမှုတွေထဲက ရာဇတ်ကြီးအမှုအမှတ် ၃၊ ၄နဲ့ ၅ အမှုတွေအတွက် တရားလိုပြသက်သေ နှစ်ဦးဖြစ်တဲ့ နေပြည်တော်စည်ပင်သာယာရေးကော်မတီက ဦးနေမျိုးအောင်နဲ့ နေပြည်တော်စည်ပင် မြေယာဦးစီးဌာနက ဦးအောင်မျိုးဦးတို့ကို စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကို မီဒီယာတွေနဲ့ ဆက်သွယ်ပြောဆိုခွင့်မပြုဖို့ စစ်ကောင်စီက ပိတ်ပင်ထားတာကြောင့် စစ်ဆေးချက် အသေးစိတ်ကိုတော့မသိရသေးပါဘူး။

ရာဇတ်သကြီးအမှု အမှတ် ၃ ဟာ နေပြည်တော် ဥတ္တရသီရီမြို့နယ်က လရောင်တောနေရာမှာ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအတွက် မြေဧက ၁၀၀ ကျော်ယူတယ်ဆိုပြီး စွပ်စွဲထားတဲ့အမှုဖြစ်ပြီး အမှုအမှတ် ၅ ကတော့ အဲဒီလရောင်တောမှာပဲ ဒေါ်အောင်ဆန်းစုကြည်နေဖို့ အိမ်တစ်လုံးကို အများပြည်သူလှူဒါန်းငွေနဲ့ ဆောက်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တဲ့ စွဲဆိုထားတဲ့အမှုဖြစ်ပါတယ်။

အမှုအမှတ် ၄ ကတော့ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ထဲမှာ မြေဧက ၂၉ ဧကကိုယူတယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်မြို့တော်ဝန်ဒေါက်တာမျိုးအောင်နဲ့ ဒုမြို့တော်ဝန် ဦးရဲမင်းဦးတို့ကို စွဲဆိုထားတဲ့အမှုဖြစ်ပါတယ်။

အမှုတွေကို ဇန်နဝါရီလ ၁၄ ရက် နောက်တစ်ပတ်သောကြာနေ့ကို ပြန်လည်ချိန်းဆိုလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များ ဥပဒေ ပုဒ်မ – ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ – ၅၅ အပါအဝင် စုစုပေါင်းအမှု ၁၁ ခုနဲ့ ဖမ်းဆီးတရားစွဲခံခဲ့ရတာပါ။

(FILES) In this file photo taken on September 22, 2012, Myanmar’s member of parliament Aung San Suu Kyi attends an event in Low Memorial Library at Columbia University in New York. – Ousted Myanmar leader Aung San Suu Kyi will hear the verdict in her incitement trial on November 30, 2021, the first in a catalogue of judgements to be handed down in a junta court that could jail her for decades. (Photo by Stan HONDA / AFP)

အဲဒီအထဲက သဘာဝဘေးစီမံ ဥပဒေ ပုဒ်မ – ၂၅ နဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ – ၅၀၅ (ခ) အမှုတွေအတွက် ဒီဇင်ဘာ ၆ ရက်မှာ ထောင်ဒဏ် ၄ နှစ် ချမှတ်ခံထားရပြီး စစ်ကောင်စီက ၂ နှစ်ပြန်လျှော့ပေးထားပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲ မဲမသမာမှု၊ ရဟတ်ယာဉ်ဝယ်ယူမှုနဲ့ပတ်သက်တဲ့ အဂတိအမှု ၂ ခုနဲ့လည်း ထပ်တိုး တရားစွဲဖို့ စစ်ကောင်စီဘက်က စီစဉ်နေပါတယ်။

Zawgyi

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အဂတိအမႈအတြက္ တရားလိုျပသက္ေသေတြ စစ္ေဆး

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို စစ္ေကာင္စီက စြဲဆိုထားတဲ့ အဂတိအမႈ ငါးမႈထဲက သုံးမႈအတြက္ တရားလိုျပသက္ေသအခ်ိဳ႕ကို ေနျပည္ေတာ္က အထူးတရား႐ုံးမွာ ဇန္နဝါရီလ ၇ ရက္ ဒီေန႔မွာ စစ္ေဆးခဲ့တယ္လို႔ တရား႐ုံးနဲ႔ နီးစပ္သူေတြက RFA ကို ေျပာပါတယ္။

ဒီေန႔႐ုံးခ်ိန္းမွာ အဂတိအမႈေတြထဲက ရာဇတ္ႀကီးအမႈအမွတ္ ၃၊ ၄နဲ႔ ၅ အမႈေတြအတြက္ တရားလိုျပသက္ေသ ႏွစ္ဦးျဖစ္တဲ့ ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီက ဦးေနမ်ိဳးေအာင္နဲ႔ ေနျပည္ေတာ္စည္ပင္ ေျမယာဦးစီးဌာနက ဦးေအာင္မ်ိဳးဦးတို႔ကို စစ္ေဆးခဲ့တယ္လို႔ ဆိုပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေ႐ွ႕ေနေတြကို မီဒီယာေတြနဲ႔ ဆက္သြယ္ေျပာဆိုခြင့္မျပဳဖို႔ စစ္ေကာင္စီက ပိတ္ပင္ထားတာေၾကာင့္ စစ္ေဆးခ်က္ အေသးစိတ္ကိုေတာ့မသိရေသးပါဘူး။

ရာဇတ္သႀကီးအမႈ အမွတ္ ၃ ဟာ ေနျပည္ေတာ္ ဥတၱရသီရီၿမိဳ႕နယ္က လေရာင္ေတာေနရာမွာ ေဒၚခင္ၾကည္ ေဖာင္ေဒး႐ွင္းအတြက္ ေျမဧက ၁၀၀ ေက်ာ္ယူတယ္ဆိုၿပီး စြပ္စြဲထားတဲ့အမႈျဖစ္ၿပီး အမႈအမွတ္ ၅ ကေတာ့ အဲဒီလေရာင္ေတာမွာပဲ ေဒၚေအာင္ဆန္းစုၾကည္ေနဖို႔ အိမ္တစ္လုံးကို အမ်ားျပည္သူလႉဒါန္းေငြနဲ႔ ေဆာက္လုပ္တယ္ဆိုတဲ့ စြပ္စြဲခ်က္တဲ့ စြဲဆိုထားတဲ့အမႈျဖစ္ပါတယ္။

အမႈအမွတ္ ၄ ကေတာ့ ေနျပည္ေတာ္ ပုဗၺသီရိၿမိဳ႕နယ္ထဲမွာ ေျမဧက ၂၉ ဧကကိုယူတယ္ဆိုၿပီး ေဒၚေအာင္ဆန္းစုၾကည္၊ ေနျပည္ေတာ္ၿမိဳ႕ေတာ္ဝန္ေဒါက္တာမ်ိဳးေအာင္နဲ႔ ဒုၿမိဳ႕ေတာ္ဝန္ ဦးရဲမင္းဦးတို႔ကို စြဲဆိုထားတဲ့အမႈျဖစ္ပါတယ္။

အမႈေတြကို ဇန္နဝါရီလ ၁၄ ရက္ ေနာက္တစ္ပတ္ေသာၾကာေန႔ကို ျပန္လည္ခ်ိန္းဆိုလိုက္တယ္လို႔ တရား႐ုံးနဲ႔ နီးစပ္သူေတြက RFA ကို ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ႏွစ္႐ွည္ေထာင္ဒဏ္ေတြ ခ်မွတ္ခံရႏိုင္တဲ့ အစိုးရလွ်ိဳ႕ဝွက္ခ်က္မ်ား ဥပေဒ ပုဒ္မ – ၃ (၁) (ဂ)၊ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ – ၅၅ အပါအဝင္ စုစုေပါင္းအမႈ ၁၁ ခုနဲ႔ ဖမ္းဆီးတရားစြဲခံခဲ့ရတာပါ။

(FILES) In this file photo taken on September 22, 2012, Myanmar’s member of parliament Aung San Suu Kyi attends an event in Low Memorial Library at Columbia University in New York. – Ousted Myanmar leader Aung San Suu Kyi will hear the verdict in her incitement trial on November 30, 2021, the first in a catalogue of judgements to be handed down in a junta court that could jail her for decades. (Photo by Stan HONDA / AFP)

အဲဒီအထဲက သဘာဝေဘးစီမံ ဥပေဒ ပုဒ္မ – ၂၅ နဲ႔ ရာဇသတ္ႀကီး ဥပေဒပုဒ္မ – ၅၀၅ (ခ) အမႈေတြအတြက္ ဒီဇင္ဘာ ၆ ရက္မွာ ေထာင္ဒဏ္ ၄ ႏွစ္ ခ်မွတ္ခံထားရၿပီး စစ္ေကာင္စီက ၂ ႏွစ္ျပန္ေလွ်ာ့ေပးထားပါတယ္။

ဒါ့အျပင္ ေ႐ြးေကာက္ပြဲ မဲမသမာမႈ၊ ရဟတ္ယာဥ္ဝယ္ယူမႈနဲ႔ပတ္သက္တဲ့ အဂတိအမႈ ၂ ခုနဲ႔လည္း ထပ္တိုး တရားစြဲဖို႔ စစ္ေကာင္စီဘက္က စီစဥ္ေနပါတယ္။

About the author

admin

Add Comment

Click here to post a comment