Local News

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့်လုပ်ခဲ့တဲ့ ဒုရဲအုပ် ချယ်ရီထက် ဖမ်းဆီးခံရ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့်လုပ်ခဲ့တဲ့ ဒုရဲအုပ် ချယ်ရီထက် ဖမ်းဆီးခံရ

ဒုရဲအုပ်ချယ်ရီထက်ကို နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁)ရဲစခန်းက အရာရှိတယောက်ကနေ တရားလိုပြုလုပ်ပြီး ပုဒ်မ-၅၀၅(က)နဲ့ အမှုဖွင့်ကာ စက်တင်ဘာ ၂၃ရက်နေ့က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

​နစက ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချူပ်ဇော်မင်းထွန်းကတော့ “အဓိကနှစ်ချက်က စုံစမ်းစစ်ဆေးလျက်ရှိနေပါတယ်၊ အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားတဲ့ NUG အဖွဲ့ထဲရောက်နေတဲ့အဖွဲ့တွေနဲ့ဆက်သွယ်လို့ဖြစ်ပါတယ်”လို့ VOM ကိုအတည်ပြုပြောကြားပါတယ်၊

ဒုရဲအုပ် ချယ်ရီထက်သည် လူမှုကွန်ရက်စာမျက်နှာ Facebookမှာ“မတ် ၆ ရက်မှစ၍ မတရားတာကို မတရားဘူးလို့ မပြောရဲရင် ပါးစပ်ပိတ်ထားပါ၊ တရားပါတယ်လို့တော့ မပြောပါနဲ့”“မတ် ၀၇ ရက်တွင် ကဲ ဘယ်လိုပြောပြော၊ ဟိုဘက်ကလည်း CDM မပါရင်

စစ်ကောင်စီဘက်တော်သားအဖြစ် အရေးယူမယ်တဲ့ဒီဘက်ကလည်း CDM ပါရင် ရဲစည်း/အရပ်ဘက်နဲ့ ထောင် ၁၃ နှစ်တဲ့၊ နှစ်ဖက်စလုံး ဖမ်းချင်နေကြတာဆိုတော့ တစ်ခါတည်း အထုပ်ပြင်ပြီး အချုပ်ထဲ သွားနှင့်ရမလား၊ Crd… အထုပ်ပိုက်နေပါပြီ”၊

မတ် ၁၄ ရက်တွင် We Love Daw Aung Suu Kyi Facebook Page မှ “လွမ်းလိုက်တာ အမေ” ဟူသည့် Post အား Share ပြုလုပ်ခဲ့ကြောင်း၊ ဇွန်လတွင် NLD ပါတီ၊ ဘီးလင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်း မသီရိရတနာ နှင့် ဆက်သွယ်မှုများ ပြုလုပ်ခဲ့ပြီး မသီရိရတနာမှ တောတွင်းစခန်းချနေထိုင်မှုနှင့်

လက်နက်ကိုင်ဆောင်မှု မှတ်တမ်းဓာတ်ပုံများ၊ အကြမ်း ဖက်အုပ်စု NUG အဖွဲ့၏ သတင်းထုတ်ပြန်ချက်များအား ပေးပို့ခြင်းပြည်ပသတင်းဌာန များ၏ သတင်းရုပ်သံဖိုင်များအား အပြန်အလှန်ပေးပို့ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် အမှုဖွင့် တိုင်တန်းခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဇမ္ဗူသီရိမြို့နယ် အမှတ်(၁)ရဲစခန်းမှ ဒုရဲအုပ် ချယ်ရီထက်(၃၀)နှစ်ကို (ပ)၁၀၂/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် ဖမ်းဆီးထားတာဖြစ်တယ်လို့ သိရပါတယ်။

VOM