ဒေါ်အောင်ဆန်းစုကြည်အခြေအနေကို စိုးရိမ်တယ်လို့…see more

ဒေါ်အောင်ဆန်းစုကြည်အခြေအနေကို စိုးရိမ်တယ်လို့…see more

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က နေအိမ်အကျယ်ချုပ်ထားရှိရာကနေနေပြည်တော်အချုပ်ထောင်ထဲ

ဇွန် ၂၂ ရက်က ပြောင်းရွှေ့ပြီး သီးခြားထားရှိလိုက်တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်အခြေအနေနဲ့ပတ်သက်လို့ စိုးရိမ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

“ကျွန်တော်ပြောနိုင်တာကတော့ သူ့လွတ်မြောက်ရေး၊ သမ္မတ လွတ်မြောက်ရေးနဲ့

နိုင်ငံရေးအကျဥ်းသားအားလုံး လွတ်မြောက်ရေး ဆိုတဲ့ ကျွန်တော်တို့တိုက်တွန်းတောင်းဆိုထားတဲ့ အရာအားလုံးနဲ့ဆန့်ကျင်နေတဲ့

ခု နောက်ဆုံးဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ အလွန်ပဲ စိုးရိမ်မိပါတယ်။ သူ့(ဒေါ်အောင်ဆန်းစုကြည်)အခြေအနေကိုကျွန်တော်တို့စိုးရိမ်မိပါတယ်” လို့

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရသူက ဇွန် ၂၂ ရက်က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားသွားတာဖြစ်ပါတယ်။

ဒီနေ့မှာဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦး၀င်းမြင့် အစိုးရအဖွဲ့ရုံး၀န်ကြီးဟောင်း ဦးမင်းသူတို့ကို

နေပြည်တော်ထောင်တွင်းအထူးတရားရုံးမှာ ရွေးကောက်ပွဲအမှုအတွက်ရုံးထုတ်စစ်ဆေးဖို့ရှိနေပါတယ်။

BBC
ဓာတ်ပုံ-Getty Images

Leave a Reply

Your email address will not be published.