Local News

ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ်တိုးမြှင့်ခြင်းမှာ တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးရေးကို စော်ကားခြင်းဖြစ်ဟု အမေရိကန်ထုတ်ပြန်

ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ်တိုးမြှင့်ခြင်းမှာ တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးရေးကို စော်ကားခြင်းဖြစ်ဟု အမေရိကန်ထုတ်ပြန်

▪️အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးရန် တောင်းဆို

စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ထပ်မံချမှတ်ခြင်းသည် တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးရေးကို စော်ကားခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ned Priceက ထုတ်ပြန်သည်။

ဥပဒေမဲ့အာဏာသိမ်းထားသည့် စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၄ နှစ် ထပ်မံချမှတ်ခြင်းအပေါ် အမေရိကန်အစိုးရ၏ သဘောထားကို Ned Price က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်သွားဖို့ ကျွန်တော်တို့ စစ်ကောင်စီကို တောင်းဆိုပါတယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်တွင် စစ်ကောင်စီက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သွင်းကုန်၊ ပို့ကုန်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေနှင့် သဘာ၀ဘေးစီမံဥပဒေ ပုဒ်မများကို ဖောက်ဖျက်ကျူးလွန်သည်ဆိုကာ စုစုပေါင်း ​ထောင်ဒဏ်​လေးနှစ် ထပ်မံချမှတ်ခဲ့သည်။

Zawgyi

ေဒၚေအာင္ဆန္းစုၾကည္အေပၚ ေထာင္ဒဏ္တိုးျမႇင့္ျခင္းမွာ တရားမွ်တမႈႏွင့္ တရားဥပေဒစိုးမိုးေရးကို ေစာ္ကားျခင္းျဖစ္ဟု အေမရိကန္ထုတ္ျပန္

▪️အတိုင္ပင္ခံပုဂၢိဳလ္အပါအဝင္ ဖမ္းဆီးထိန္းသိမ္းခံထားရသူအားလုံးကို ျပန္လႊတ္ေပးရန္ ေတာင္းဆို

စစ္ေကာင္စီက ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ကို ျပစ္ဒဏ္ထပ္မံခ်မွတ္ျခင္းသည္ တရားမွ်တမႈႏွင့္ တရားဥပေဒစိုးမိုးေရးကို ေစာ္ကားျခင္းျဖစ္ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္႐ွိသူ Ned Priceက ထုတ္ျပန္သည္။

ဥပေဒမဲ့အာဏာသိမ္းထားသည့္ စစ္ေကာင္စီက ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ကို ေထာင္ဒဏ္ ၄ ႏွစ္ ထပ္မံခ်မွတ္ျခင္းအေပၚ အေမရိကန္အစိုးရ၏ သေဘာထားကို Ned Price က ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

“ေဒၚေအာင္ဆန္းစုၾကည္နဲ႔ မတရားဖမ္းဆီးထိန္းသိမ္းခံထားရသူအားလုံးကို ျပန္လႊတ္ေပးဖို႔နဲ႔ ျမန္မာႏိုင္ငံဒီမိုကေရစီလမ္းေၾကာင္းေပၚျပန္သြားဖို႔ ကြၽန္ေတာ္တို႔ စစ္ေကာင္စီကို ေတာင္းဆိုပါတယ္” ဟု ၎က ဆိုသည္။

ၿပီးခဲ့သည့္ ဇန္နဝါရီ ၁၀ ရက္တြင္ စစ္ေကာင္စီက ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို သြင္းကုန္၊ ပို႔ကုန္ဥပေဒ၊ ဆက္သြယ္ေရးဥပေဒႏွင့္ သဘာ၀ေဘးစီမံဥပေဒ ပုဒ္မမ်ားကို ေဖာက္ဖ်က္က်ဴးလြန္သည္ဆိုကာ စုစုေပါင္း ​ေထာင္ဒဏ္​ေလးႏွစ္ ထပ္မံခ်မွတ္ခဲ့သည္။

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.