Local News

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးရည်ရွယ်ချက်နဲ့ ပြစ်ဒဏ်ချခံနေရကြောင်း နိုဘယ်လ်ဆုကော်မတီက ပြော

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးရည်ရွယ်ချက်နဲ့ ပြစ်ဒဏ်ချခံနေရကြောင်း နိုဘယ်လ်ဆုကော်မတီက ပြော

■ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နောက်ထပ် ထောင်ဒဏ်လေးနှစ် ချခံလိုက်ရတာဟာ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ လုပ်ခံခဲ့ရတာလို့ နော်ဝေနိုင်ငံ နိုဘယ်လ်ဆုပေးရေး ကော်မတီရဲ့ ဥက္ကဋ္ဌက ပြောလိုက်တဲ့အကြောင်း AFP သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည် ကို စွဲဆိုထားတဲ့အမှု ၁၁ ခုထဲက နောက်ထပ် သုံးမှုအတွက် ထောင်လေးနှစ် ကျခံရမယ်လို့ နေပြည်တော်တရားရုံးက မနေ့ကပဲ အမိန့်ချခဲ့တာပါ။

ဒီဇင်ဘာလတုန်းက ချခံထားရတဲ့ ထောင်ဒဏ် နှစ်နှစ်နဲ့ဆိုရင် စုစုပေါင်း ထောင်ဒဏ် ၆ နှစ် ရှိသွားပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေကို အထူးပဲစိုးရိမ်ရတယ်၊ အခုလိုပြစ်ဒဏ်တွေ ချမှတ်နေတာဟာ ဒေါ်အောင်ဆန်းစုကြည် အတွက်သာမက

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ အနာဂတ်ကိုပါ ရိုက်ခတ်မှုတွေ ရှိလိမ့်မယ်လို့လည်း နိုဘယ်လ်ဆုပေးရေး ကော်မတီရဲ့ ဥက္ကဋ္ဌ Berit Reiss-Andersen ကပြောပါတယ်။

အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကိုစွဲဆိုထားတဲ့ အမှုတွေအားလုံး ပြစ်မှုထင်ရှားလို့ အမြင့်ဆုံးထောင်ဒဏ်တွေ ချမယ်ဆိုရင် နှစ်ပေါင်း တစ်ရာနီးပါး အကျဉ်းချခံရနိုင်ဖွယ် ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ သူ့အပေါ်စွဲဆိုချက်အားလုံးမှာ အပြစ်မရှိကြောင်း ငြင်းဆိုထားပါတယ်။

Photo: STR / AFP

Zawgyi

ေဒၚေအာင္ဆန္းစုၾကည္ ႏိုင္ငံေရးရည္႐ြယ္ခ်က္နဲ႔ ျပစ္ဒဏ္ခ်ခံေနရေၾကာင္း ႏိုဘယ္လ္ဆုေကာ္မတီက ေျပာ

■ ၿငိမ္းခ်မ္းေရး ႏိုဘယ္လ္ဆု႐ွင္ ေဒၚေအာင္ဆန္းစုၾကည္ ေနာက္ထပ္ ေထာင္ဒဏ္ေလးႏွစ္ ခ်ခံလိုက္ရတာဟာ ႏိုင္ငံေရး ရည္႐ြယ္ခ်က္နဲ႔ လုပ္ခံခဲ့ရတာလို႔ ေနာ္ေဝႏိုင္ငံ ႏိုဘယ္လ္ဆုေပးေရး ေကာ္မတီရဲ႕ ဥကၠ႒က ေျပာလိုက္တဲ့အေၾကာင္း AFP သတင္းမွာ မေန႔က ေဖာ္ျပထားပါတယ္။

စစ္ေကာင္စီက ေဒၚေအာင္ဆန္းစုၾကည္ ကို စြဲဆိုထားတဲ့အမႈ ၁၁ ခုထဲက ေနာက္ထပ္ သုံးမႈအတြက္ ေထာင္ေလးႏွစ္ က်ခံရမယ္လို႔ ေနျပည္ေတာ္တရား႐ုံးက မေန႔ကပဲ အမိန္႔ခ်ခဲ့တာပါ။

ဒီဇင္ဘာလတုန္းက ခ်ခံထားရတဲ့ ေထာင္ဒဏ္ ႏွစ္ႏွစ္နဲ႔ဆိုရင္ စုစုေပါင္း ေထာင္ဒဏ္ ၆ ႏွစ္ ႐ွိသြားပါၿပီ။ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အေျခအေနကို အထူးပဲစိုးရိမ္ရတယ္၊ အခုလိုျပစ္ဒဏ္ေတြ ခ်မွတ္ေနတာဟာ ေဒၚေအာင္ဆန္းစုၾကည္ အတြက္သာမက

ျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီနဲ႔ အနာဂတ္ကိုပါ ႐ိုက္ခတ္မႈေတြ ႐ွိလိမ့္မယ္လို႔လည္း ႏိုဘယ္လ္ဆုေပးေရး ေကာ္မတီရဲ႕ ဥကၠ႒ Berit Reiss-Andersen ကေျပာပါတယ္။

အသက္ ၇၆ ႏွစ္႐ွိၿပီျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ဟာ သူ႕ကိုစြဲဆိုထားတဲ့ အမႈေတြအားလုံး ျပစ္မႈထင္႐ွားလို႔ အျမင့္ဆုံးေထာင္ဒဏ္ေတြ ခ်မယ္ဆိုရင္ ႏွစ္ေပါင္း တစ္ရာနီးပါး အက်ဥ္းခ်ခံရႏိုင္ဖြယ္ ႐ွိေနပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ ကေတာ့ သူ႕အေပၚစြဲဆိုခ်က္အားလုံးမွာ အျပစ္မ႐ွိေၾကာင္း ျငင္းဆိုထားပါတယ္။

Photo: STR / AFP

Recent Comments

No comments to show.