Local News

နည်းပညာအကူအညီနဲ့ ဝေဟင်က တိုက်ခိုက်မှု ပွဲဦးထွက်မှာတင် အောင်မြင်မှုရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ဦးခန့်သေဆုံး

နည်းပညာအကူအညီနဲ့ ဝေဟင်က တိုက်ခိုက်မှု ပွဲဦးထွက်မှာတင် အောင်မြင်မှုရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ဦးခန့်သေဆုံး

RiSE News| ဒီဇင်ဘာ ၃၀

နည်းပညာအကူအညီနဲ့ ဝေဟင်(လေကြောင်း) က တိုက်ခိုက်ရာမှာ ပွဲဦးထွက်မှာပဲ အောင်မြင်မှုရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ဦးခန့် နေရာမှာတင် သေဆုံးပြီး ဒဏ်ရာရသူလည်း ၁၀ခန့်ရှိတယ်လို့ အောင်ဆန်းတပ်ဖွဲ့နဲ့ မဟာမိတ်ပုံတောင် တိုက်ဂါးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

မနေ့နဲ့ ဒီနေ့ ဒီဇင်ဘာ ၃၀ ရက်မှာလည်း အောင်ဆန်းတပ်ဖွဲ့ နဲ့ မဟာမိတ် ပုံတောင်တိုက်ဂါးတပ်ဖွဲ့က ပုလဲမြို့နယ်တွင်း အကြမ်းဖက်စစ်ကောင်စီတပ်(မူရင်း-စစ်ခွေး)ကို နည်းပညာသုံးပြီး လေကြောင်းက တိုက်ခိုက်ခဲ့တာပါ။

​ဂန့်ဂေါကနေ ပုလဲ-ကန့်ဒေါင့်ကို ဆင်းလာတဲ့ အင်အား ၁၅၀ ခန့်ပါတဲ့ စစ်ကောင်စီယာဉ်တန်းကို အကြိုထွက်လာ​တဲ့ ကန့်ဒေါင့်ရဲစခန်းက စစ်ကောင်စီတပ်ကို နေရာသုံးခုကနေ တိုက်ခိုက်ခဲ့တာပါ။

ကန့်ဒေါင့်ရွာအနောက်ဘက် သစ်တောရုံးအနီးအရောက် မနက်(၁၀)နာရီ(၃၇)မိနစ်မှာ တစ်ကြိမ်၊ နဂါးမတောင်က စတင်ထွက်ခွာလာတဲ့ စစ်ကားတန်းကို ဝမ်းဘဲချိုင့်ရွာအနီး နေ့လယ်(၁)နာရီ (၁၇)မိနစ်မှာ တစ်ကြိမ်၊

အဲဒီကားတန်းကိုပဲ ကန့်ဒေါင့်ရွာအနောက်ဘက် သစ်တောရုံးအနီးအရောက်၊ ညနေ(၃)နာရီ (၂၄)မိနစ်တွင်တစ်ကြိမ်၊ စုစုပေါင်း သုံးကြိမ် လေကြောင်းက တိုက်ခိုက်ခဲ့တာပါ။

အနီးအနား မျက်မြင်တွေအဆိုအရ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ယောက် နေရာမှာဆင်သေဆုံး၊ ၇ယောက် ဒဏ်ရာပြင်းထန်ခဲ့ပြီး သေဆုံးသူတွေကို နေရာမှာတင် မီးရှို့ပစ်ခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

ဒီနေ့ တိုက်ခိုက်မှုမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ယောက်သေဆုံးပြီး အချို့ အပိုင်းအစသာကျန်သလို ဒဏ်ရာရလည်စည်း ရှိတယ်လို့ မြေပြင်သတင်းကို ကိုးကားပြီး ဖော်ပြပါတယ်။

ဒါ့အပြင် မဟာမိတ် ပုံတောင်တိုက်ဂါးအဖွဲ့က အဲဒီစစ်ကားတန်းကို တစ်ပြိုင်နက်တည်း မိုင်းဆွဲတာကြောင့် ၅ယောက် ထပ်ပြီး သေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အကြမ်းဖက်စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားတာကြောင့် မြေပြင်အခြေအနေက ဓာတ်ပုံတွေ၊ ဗွီဒီယိုမှတ်တမ်းတွေကို မတင်ပြနိုင်သေးခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
#RiSE_News

Zawgyi

နည္းပညာအကူအညီနဲ႔ ေဝဟင္က တိုက္ခိုက္မႈ ပြဲဦးထြက္မွာတင္ ေအာင္ျမင္မႈရ၊ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၁၄ဦးခန္႔ေသဆုံး

RiSE News| ဒီဇင္ဘာ ၃၀

နည္းပညာအကူအညီနဲ႔ ေဝဟင္(ေလေၾကာင္း) က တိုက္ခိုက္ရာမွာ ပြဲဦးထြက္မွာပဲ ေအာင္ျမင္မႈရၿပီး စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၁၄ဦးခန္႔ ေနရာမွာတင္ ေသဆုံးၿပီး ဒဏ္ရာရသူလည္း ၁၀ခန္႔႐ွိတယ္လို႔ ေအာင္ဆန္းတပ္ဖြဲ႕နဲ႔ မဟာမိတ္ပုံေတာင္ တိုက္ဂါးတပ္ဖြဲ႕က ဒီေန႔ ထုတ္ျပန္ပါတယ္။

မေန႔နဲ႔ ဒီေန႔ ဒီဇင္ဘာ ၃၀ ရက္မွာလည္း ေအာင္ဆန္းတပ္ဖြဲ႕ နဲ႔ မဟာမိတ္ ပုံေတာင္တိုက္ဂါးတပ္ဖြဲ႕က ပုလဲၿမိဳ႕နယ္တြင္း အၾကမ္းဖက္စစ္ေကာင္စီတပ္(မူရင္း-စစ္ေခြး)ကို နည္းပညာသုံးၿပီး ေလေၾကာင္းက တိုက္ခိုက္ခဲ့တာပါ။

​ဂန္႔ေဂါကေန ပုလဲ-ကန္႔ေဒါင့္ကို ဆင္းလာတဲ့ အင္အား ၁၅၀ ခန္႔ပါတဲ့ စစ္ေကာင္စီယာဥ္တန္းကို အႀကိဳထြက္လာ​တဲ့ ကန္႔ေဒါင့္ရဲစခန္းက စစ္ေကာင္စီတပ္ကို ေနရာသုံးခုကေန တိုက္ခိုက္ခဲ့တာပါ။

ကန္႔ေဒါင့္႐ြာအေနာက္ဘက္ သစ္ေတာ႐ုံးအနီးအေရာက္ မနက္(၁၀)နာရီ(၃၇)မိနစ္မွာ တစ္ႀကိမ္၊ နဂါးမေတာင္က စတင္ထြက္ခြာလာတဲ့ စစ္ကားတန္းကို ဝမ္းဘဲခ်ိဳင့္႐ြာအနီး ေန႔လယ္(၁)နာရီ (၁၇)မိနစ္မွာ တစ္ႀကိမ္၊

အဲဒီကားတန္းကိုပဲ ကန္႔ေဒါင့္႐ြာအေနာက္ဘက္ သစ္ေတာ႐ုံးအနီးအေရာက္၊ ညေန(၃)နာရီ (၂၄)မိနစ္တြင္တစ္ႀကိမ္၊ စုစုေပါင္း သုံးႀကိမ္ ေလေၾကာင္းက တိုက္ခိုက္ခဲ့တာပါ။

အနီးအနား မ်က္ျမင္ေတြအဆိုအရ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၃ေယာက္ ေနရာမွာဆင္ေသဆုံး၊ ၇ေယာက္ ဒဏ္ရာျပင္းထန္ခဲ့ၿပီး ေသဆုံးသူေတြကို ေနရာမွာတင္ မီး႐ိႈ႕ပစ္ခဲ့ၾကတယ္လို႔ ေဖာ္ျပပါတယ္။

ဒီေန႔ တိုက္ခိုက္မႈမွာေတာ့ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၆ေယာက္ေသဆုံးၿပီး အခ်ိဳ႕ အပိုင္းအစသာက်န္သလို ဒဏ္ရာရလည္စည္း ႐ွိတယ္လို႔ ေျမျပင္သတင္းကို ကိုးကားၿပီး ေဖာ္ျပပါတယ္။

ဒါ့အျပင္ မဟာမိတ္ ပုံေတာင္တိုက္ဂါးအဖြဲ႕က အဲဒီစစ္ကားတန္းကို တစ္ၿပိဳင္နက္တည္း မိုင္းဆြဲတာေၾကာင့္ ၅ေယာက္ ထပ္ၿပီး ေသဆုံးခဲ့တယ္လို႔ သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

အၾကမ္းဖက္စစ္ေကာင္စီက အင္တာနက္ျဖတ္ေတာက္ထားတာေၾကာင့္ ေျမျပင္အေျခအေနက ဓာတ္ပုံေတြ၊ ဗြီဒီယိုမွတ္တမ္းေတြကို မတင္ျပႏိုင္ေသးျခင္းျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။
#RiSE_News

About the author

admin

Add Comment

Click here to post a comment