နာကျင်မှု၊ ခံစားရမှု တစ်ခုချင်းဆီက အင်အားတွေယူရင်း ရှေ့ဆက်ကြမယ် ဆိုတဲ့ ပန်ဆယ်လို

နာကျင်မှု၊ ခံစားရမှု တစ်ခုချင်းဆီက အင်အားတွေယူရင်း ရှေ့ဆက်ကြမယ် ဆိုတဲ့ ပန်ဆယ်လို

ပြီးခဲ့တဲ့ရက်က NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို US ကဖိတ်ကြားတယ်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ တရားဝင်သီးသန့်တွေ့ဆုံမှု ရှိတယ်။ အခြားနိုင်ငံတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ရှိတယ်ဆိုပေမယ့် ဘယ်နိုင်ငံတွေဆိုတာ ထုတ်မပြောသွားဘူး။

US ဟာ China ရဲ့ ပါဝါကို လျှော့ချဖို့အတွက် ပြီးခဲ့တဲ့နှစ်ကစပြီး အာဆီယံနိုင်ငံတွေနဲ့ နီးနီးကပ်ကပ် ဆက်ဆံလာတယ်။ မြန်မာအရေးမှာလည်း USအနေနဲ့ အာဆီယံကို ရှေ့ထုတ်ပြီး ပါဝင်ပတ်သက်မယ့်သဘောရှိတယ်။ မလေးရှားက NUG နဲ့ ဆက်ဆံပြီး စစ်ကောင်စီကို လူရာမသွင်းကြောင်း ပေါ်ပေါ်တင်တင် ပြသလာတယ်။

စကစအနေနဲ့ သူတို့ရဲ့အမာခံလို့ သတ်မှတ်ထားတဲ့ တရုတ်ဆီက ပေါ်ပေါ်တင်တင်ထောက်ခံမှုကို ထင်သလောက်မရခဲ့ဘူး။ ဒါ့အပြင် စကစရဲ့ မိုက်ရူးရဲ လုပ်ရပ်တွေ၊ Crime တွေကြောင့် တရုတ်အနေနဲ့ ပေါ်ပေါ်ထင်ထင် ထောက်ခံရပ်တည်ဖို့ ပိုခက်ခဲသထက် ခက်ခဲလာတယ်။

ရုရှားကလည်း မင်းအောင်လှိုင်တို့ကို လက်နက်ဝယ်တဲ့ ဖောက်သည်ခပ်သေးသေးလို ဆက်ဆံတာလောက်ကလွဲရင် သံတမန်ရေးမှာ ရပ်တည်မပေးဘူး။ ပိုဆိုးတာက ရုရှားကလည်း ယူကရိန်းကိစ္စနဲ့ သံတမန်ရေးရာမှာ ဒယ်လစ်နေပြီ။ ကြင်စိုးကို ကာကွယ်ဖို့ နေနေသာသာ သူ့ဟာသူတောင် မနည်းကယ်နေရတဲ့အခြေအနေ။

China အနေနဲ့လည်း စကစဘက်က အနိုင်ကိုရော အရှုံးကိုပါ ထည့်တွက်ပြီး မြန်မာပြည်ထဲမှာ Proxy တွေ များများထည့်ခဲ့ဖို့ လုပ်ဆောင်နေပြီ။

ပြည်သူ့ရုန်းအားကြောင့် ဒီအခြေအနေထိ ရောက်လာခဲ့တာ။ အရင်ကလို USလာမယ်၊ UN လာမယ်ဆိုတဲ့ False Hope တွေ မဟုတ်တော့ဘဲ ပြည်သူ့ရုန်းအားနဲ့ နိုင်မြင်းက ဒီမှာပါဆိုတာ ပြသနိုင်လာခဲ့ပြီ။

သံတမန်ရေးရာအရ အကြမ်းဖက်စစ်ကောင်စီဟာ ဘယ်လိုမှ နလံထူလာနိုင်စရာ မရှိတော့ဘူး။ NUG ဘက်က သံတမန်ရေးရာ တိုးတက်မှုတွေနဲ့အတူ တော်လှန်ရေးအတွက် မဖြစ်မနေလိုအပ်တဲ့ အရာတွေကိုသာ ဖော်ဆောင်နိုင်ခဲ့ရင် ပြည်သူတွေမျှော်လင့်နေတဲ့ပန်းတိုင်ကို ရောက်ပြီပဲ။

တော်လှန်အသိ၊ တော်လှန်သတိနဲ့ တစ်ရက်ချင်းစီတိုင်းကို ဖြတ်သန်းမယ်။ Click မယ်။ ကူမယ်။ ပါဝင်မယ်။

နာကျင်မှုတစ်ခုချင်းစီ၊ ခံစားရမှုတစ်ခုချင်းဆီက အင်အားတွေယူရင်း ရှေ့ဆက်ကြမယ်။
💪💪💪

Leave a Reply

Your email address will not be published.