Local News

နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းနေတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ပြောကြား

နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းနေတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ပြောကြား

စစ်ကောင်စီလက်ထက် နိုင်ငံတကာရဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်မှုတွေ ကျဆင်းလာတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်းပြီး ၁၀ လအကြာ ဒီဇင် ၃ ရက်မနေ့က ပထမဆုံးအကြိမ် ထုတ်ဖော်ပြောလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက် အရေးပေါ် အခြေအနေကြေညာပြီး အာဏာသိမ်းချိန်ကစလို့ နိုင်ငံတွင်း မတည်ငြိမ် မှုတွေဖြစ်ရာကနေ နိုင်ငံတကာရဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်နှံမှုတွေဟာ အရင်ထက် လျော့ကျသွားတယ်လို့ စစ်ကောင်စီ အစည်းအဝေးမှာ ပြောခဲ့တာပါ။

စစ်ကောင်စီလက်ထက်မှာ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု သုံးခု၊ စင်္ကာပူက နှစ်ခု နဲ့ နော်ဝေ၊ ပြင်သစ်၊ ထိုင်း၊ မလေးရှား၊ အိန္ဒိယ၊ ဩစတေးလျ၊ ဗြိတိန် စတဲ့နိုင်ငံတွေကက ကုမ္ပဏီ တစ်ခုစီဟာလည်း

မြန်မာနိုင်ငံက ထွက်ခွာဖို့ ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှု ဆိုင်းငံ့တာတွေ ရှိနေတယ်လို့ ဒီဇင်ဘာ ၃ ရက်နေ့ Sandhi Governance Institute ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့ဘဏ်ကတော့ မြန်မာ့စီးပွားရေးဟာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ကုန်မှာ GDP – ၁၈ % အထိ ကျ ဆင်းမယ်လို့ ဆိုထားသလို နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ကလည်း ၀ ဒဿမ ၁ % အထိ ကျ ဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။

ဒါပေမဲ့ စစ်ကောင်စီကတော့ ကြားကာလ ၆ လအတွင်း ၃ ဒဿမ ၈ % ရာခိုင်နှုန်းရှိမယ်လို့ ပြီးခဲ့တဲ့ အစည်းအဝေးတွေမှာ ပြောခဲ့ဖူးပါတယ်။ကုန်ဈေးနှုန်းတွေဟာလည်း အကြောင်းအမျိုးမျိုးကြောင့် မြင့်တက်နေပြီး ဒါကို ထိန်းချုပ်ဖို့ လုပ်နေတယ်လို့လည်း စစ်ကောင်စီဥက္ကဋ္ဌက ဆိုပါတယ်။

မြန်မာနိုင်ငံကနေ ပြည်ပကို တင်ပို့တဲ့ ပို့ကုန်တွေဟာလည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ၂၀၁၉ -၂၀၂၀ ထက် လျော့ကျသွားတယ်လို့ ဆိုပြန်ပါတယ်။နောက်ပြီး ပြည်ပသွင်းကုန်ကို အစားထိုးနိုင်ဖို့၊ စက်သုံးဆီ ချွေတာဖို့ကိုလည်း စစ်ကောင်စီဥက္ကဋ္ဌက ပြောခဲ့ပါတယ်။

Zawgyi

ႏိုင္ငံတကာရင္းႏွီးျမႇဳပ္ႏွံမႈေတြ က်ဆင္းေနတယ္လို႔ စစ္ေကာင္စီဥကၠ႒ ေျပာၾကား

စစ္ေကာင္စီလက္ထက္ ႏိုင္ငံတကာရဲ႕ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈ၊ ရင္းႏွီးျမႇဳပ္မႈေတြ က်ဆင္းလာတယ္လို႔ စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္က အာဏာသိမ္းၿပီး ၁၀ လအၾကာ ဒီဇင္ ၃ ရက္မေန႔က ပထမဆုံးအႀကိမ္ ထုတ္ေဖာ္ေျပာလိုက္ပါတယ္။

ေဖေဖာ္ဝါရီ ၁ ရက္ အေရးေပၚ အေျခအေနေၾကညာၿပီး အာဏာသိမ္းခ်ိန္ကစလို႔ ႏိုင္ငံတြင္း မတည္ၿငိမ္ မႈေတြျဖစ္ရာကေန ႏိုင္ငံတကာရဲ႕ စီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈ၊ ရင္းႏွီးျမႇဳပ္ႏွံမႈေတြဟာ အရင္ထက္ ေလ်ာ့က်သြားတယ္လို႔ စစ္ေကာင္စီ အစည္းအေဝးမွာ ေျပာခဲ့တာပါ။

စစ္ေကာင္စီလက္ထက္မွာ ဂ်ပန္ႏိုင္ငံက ရင္းႏွီးျမႇဳပ္ႏွံမႈ သုံးခု၊ စကၤာပူက ႏွစ္ခု နဲ႔ ေနာ္ေဝ၊ ျပင္သစ္၊ ထိုင္း၊ မေလး႐ွား၊ အိႏၵိယ၊ ဩစေတးလ်၊ ၿဗိတိန္ စတဲ့ႏိုင္ငံေတြကက ကုမၸဏီ တစ္ခုစီဟာလည္း

ျမန္မာႏိုင္ငံက ထြက္ခြာဖို႔ ဒါမွမဟုတ္ ရင္းႏွီးျမႇဳပ္ႏွံမႈ ဆိုင္းငံ့တာေတြ ႐ွိေနတယ္လို႔ ဒီဇင္ဘာ ၃ ရက္ေန႔ Sandhi Governance Institute ရဲ႕ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ကမ႓ာ့ဘဏ္ကေတာ့ ျမန္မာ့စီးပြားေရးဟာ ၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္ကုန္မွာ GDP – ၁၈ % အထိ က် ဆင္းမယ္လို႔ ဆိုထားသလို ႏိုင္ငံတကာ ေငြေၾကးရန္ပုံေငြအဖြဲ႕ကလည္း ၀ ဒႆမ ၁ % အထိ က် ဆင္းမယ္လို႔ ခန္႔မွန္းထားပါတယ္။

ဒါေပမဲ့ စစ္ေကာင္စီကေတာ့ ၾကားကာလ ၆ လအတြင္း ၃ ဒႆမ ၈ % ရာခိုင္ႏႈန္း႐ွိမယ္လို႔ ၿပီးခဲ့တဲ့ အစည္းအေဝးေတြမွာ ေျပာခဲ့ဖူးပါတယ္။ကုန္ေဈးႏႈန္းေတြဟာလည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျမင့္တက္ေနၿပီး ဒါကို ထိန္းခ်ဳပ္ဖို႔ လုပ္ေနတယ္လို႔လည္း စစ္ေကာင္စီဥကၠ႒က ဆိုပါတယ္။

ျမန္မာႏိုင္ငံကေန ျပည္ပကို တင္ပို႔တဲ့ ပို႔ကုန္ေတြဟာလည္း ၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္မွာ ၂၀၁၉ -၂၀၂၀ ထက္ ေလ်ာ့က်သြားတယ္လို႔ ဆိုျပန္ပါတယ္။ေနာက္ၿပီး ျပည္ပသြင္းကုန္ကို အစားထိုးႏိုင္ဖို႔၊ စက္သုံးဆီ ေခြၽတာဖို႔ကိုလည္း စစ္ေကာင္စီဥကၠ႒က ေျပာခဲ့ပါတယ္။

About the author

admin

Add Comment

Click here to post a comment