Local News

နိုင်ငံတကာအသိအမှတ်ပြုမှုအနေဖြင့်(၄)နိုင်ငံရထားပြီဟုစစ်ကောင်စီထုတ်ပြန်

နိုင်ငံတကာအသိအမှတ်ပြုမှုအနေဖြင့်(၄)နိုင်ငံရထားပြီဟုစစ်ကောင်စီထုတ်ပြန်

နိုင်ငံတကာက အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်မပြုကြောင်း လွတ်လပ်ရေးနေ့သဝဏ်လွှာများက ပြသနေရုရှား၊ ကမ္ဘောဒီးယား၊ ဆားဘီးယားနှင့်မြောက်ကိုရီးယားတို့သာ သဝဏ်လွှာပေးပို့ထား၏(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အတွက်

အာဏာသိမ်းစစ်ကောင်စီထံ နိုင်ငံ ၄ နိုင်ငံသာသဝဏ်လွှာ ပေးပို့ကြောင်း ယနေ့(ဇန်နဝါရီ ၄ ရက်)ထုတ် စစ်ကောင်စီဝါဒဖြန့်သတင်းများ၏ ဖော်ပြချက်အရ သိရသည်

ကမ္ဘာတဝန်းရှိနိုင်ငံအကြီးအကဲများနှင့် နိုင်ငံခြားရေးဝန်ကြီးများမှ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ကြောင်း ခေါင်းစဉ်ကြီးကြီးတပ်ထားသော်လည်း ရုရှား၊ ကမ္ဘောဒီးယား၊ ဆားဘီးယားနှင့်မြောက်ကိုရီးယား စသည့် အာဏာရှင်သို့မဟုတ် အာဏာရှင်တစ်ပိုင် နိုင်ငံ၄နိုင်ငံကသာ အကြမ်းဖက်စစ်ကောင်စီထံ ပေးပို့ခြင်းဖြစ်သည်

ယင်းသဝဏ်လွှာပေးပို့သည့်အကြောင်းကို စစ်ကောင်စီဝါဒဖြန့်သတင်းစာတွင်တစ်မျက်နှာနီးပါးဖော်ပြထားရာ ရုရှားက၂ စောင်၊ကမ္ဘောဒီးယားက၃စောင်၊ ဆားဘီးယားနှင့် မြောက်ကိုရီးယား တို့က တစ်စောင်စီ ပေးပို့ထားသည်ကိုတွေ့ရသည်

အိမ်နီးချင်း အင်အားကြီး တရုတ်နှင့် အိန္ဒိယအပါအဝင် အခြားသောအာဆီယံနိုင်ငံများ၏ သဝဏ် လွှာများကိုမူ မတွေ့ရသေးပေ။အမေရိကန်၊ ဥရောပသမဂ္ဂနှင့် ကနေဒါ နိုင်ငံတို့ကမူ ၇၄ နှစ်မြောက်လွတ်လပ်ရေးနေ့အတွက် မြန်မာပြည်သူ များကို ရည်ညွှန်းကာ ဆုမွန်ကောင်းတောင်းပေးထားသည်

ယနေ့ကျရောက်သော လွတ်လပ်ရေးနေ့ အခါသမယတွင် မြန်မာနိုင်ငံ ကနေဒါသံရုံးက မြန်မာပြည်သူများ၏ ရဲစွမ်းသတ္တိနှင့် ကြံ့ကြံ့ခိုင်နိုင်မှုတို့ကို ချီးကျူး ဂုဏ်ပြုလိုပါသည်” ဟု ကနေဒါ သံရုံးက ထုတ်ပြန်သည်

ကနေဒါသည် ဆုံးရှုံးမှုများ၊ ဝမ်းနည်းမှုများနှင့် ထိခိုက်နစ်နာမှုများ၊ အခက်အခဲများကိုတွေ့ကြုံခံစားနေရသော မြန်မာပြည်သူများနှင့် ထပ်တူရပ်တည်နေကြောင်းနှင့် လာမည့် ၂၀၂၂ တွင် ပြစ်ဒဏ်ပေးခံရခြင်းမှ

ကင်းလွတ်နေခြင်းကို အဆုံးသတ်ရေးနှင့် ပြစ်မှုကျူးလွန်သူများကို တာဝန်ယူ၊ တာဝန်ခံခိုင်းရေးတို့အတွက် ကြိုးပမ်းလုပ်ဆောင်နေသူများ အပါအဝင် ရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်သော ဒီမိုကရေစီ ရရှိရန် ဆောင်ရွက်နေသည့် မိတ်ဖက်များ အားလုံးနှင့် ဆက်လက် လက်တွဲ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆက်လက်ဖော်ပြသည်

ဥရောပသမဂ္ဂကလည် ရဲစွမ်းသတ္တိပြည့်ဝသော မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအတွက်ပျော်ရွှင်ဖွယ် မင်္ဂလာရှိသည့် မြန်မာ့လွတ်လပ်ရေးနေ့ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းပို့သထားသည်

ယခင်နှစ်များက လွတ်လပ်နေ့တွင် မြို့၊ရပ်ကွက်၊လမ်းအလိုက် ပျော်ပွဲ၊ရွှင်ပွဲ၊ အားကစားပွဲများဖြင့် စည်ကားလေ့ ရှိသော်လည်း ယခုနှစ်တွင်မလွတ်လပ်သည့် လွတ် လပ်ရေးနေ့ဆိုကာ ပြည်သူများက လွတ်လပ်ရေးနေ့ပွဲများ မပြုလုပ်ကြပေ

Zawgyi

ႏိုင္ငံတကာအသိအမွတ္ျပဳမႈအေနျဖင့္(၄)ႏိုင္ငံရထားၿပီဟုစစ္ေကာင္စီထုတ္ျပန္

ႏိုင္ငံတကာက အာဏာသိမ္းစစ္ေကာင္စီကို အသိအမွတ္မျပဳေၾကာင္း လြတ္လပ္ေရးေန႔သဝဏ္လႊာမ်ားက ျပသေန႐ု႐ွား၊ ကေမ႓ာဒီးယား၊ ဆားဘီးယားႏွင့္ေျမာက္ကိုရီးယားတို႔သာ သဝဏ္လႊာေပးပို႔ထား၏(၇၄)ႏွစ္ေျမာက္လြတ္လပ္ေရးေန႔အတြက္

အာဏာသိမ္းစစ္ေကာင္စီထံ ႏိုင္ငံ ၄ ႏိုင္ငံသာသဝဏ္လႊာ ေပးပို႔ေၾကာင္း ယေန႔(ဇန္နဝါရီ ၄ ရက္)ထုတ္ စစ္ေကာင္စီဝါဒျဖန္႔သတင္းမ်ား၏ ေဖာ္ျပခ်က္အရ သိရသည္

ကမ႓ာတဝန္း႐ွိႏိုင္ငံအႀကီးအကဲမ်ားႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီးမ်ားမွ ဝမ္းေျမာက္ေၾကာင္းသဝဏ္လႊာေပးပို႔ေၾကာင္း ေခါင္းစဥ္ႀကီးႀကီးတပ္ထားေသာ္လည္း ႐ု႐ွား၊ ကေမ႓ာဒီးယား၊ ဆားဘီးယားႏွင့္ေျမာက္ကိုရီးယား စသည့္ အာဏာ႐ွင္သို႔မဟုတ္ အာဏာ႐ွင္တစ္ပိုင္ ႏိုင္ငံ၄ႏိုင္ငံကသာ အၾကမ္းဖက္စစ္ေကာင္စီထံ ေပးပို႔ျခင္းျဖစ္သည္

ယင္းသဝဏ္လႊာေပးပို႔သည့္အေၾကာင္းကို စစ္ေကာင္စီဝါဒျဖန္႔သတင္းစာတြင္တစ္မ်က္ႏွာနီးပါးေဖာ္ျပထားရာ ႐ု႐ွားက၂ ေစာင္၊ကေမ႓ာဒီးယားက၃ေစာင္၊ ဆားဘီးယားႏွင့္ ေျမာက္ကိုရီးယား တို႔က တစ္ေစာင္စီ ေပးပို႔ထားသည္ကိုေတြ႕ရသည္

အိမ္နီးခ်င္း အင္အားႀကီး တ႐ုတ္ႏွင့္ အိႏၵိယအပါအဝင္ အျခားေသာအာဆီယံႏိုင္ငံမ်ား၏ သဝဏ္ လႊာမ်ားကိုမူ မေတြ႕ရေသးေပ။အေမရိကန္၊ ဥေရာပသမဂၢႏွင့္ ကေနဒါ ႏိုင္ငံတို႔ကမူ ၇၄ ႏွစ္ေျမာက္လြတ္လပ္ေရးေန႔အတြက္ ျမန္မာျပည္သူ မ်ားကို ရည္ၫႊန္းကာ ဆုမြန္ေကာင္းေတာင္းေပးထားသည္

ယေန႔က်ေရာက္ေသာ လြတ္လပ္ေရးေန႔ အခါသမယတြင္ ျမန္မာႏိုင္ငံ ကေနဒါသံ႐ုံးက ျမန္မာျပည္သူမ်ား၏ ရဲစြမ္းသတၱိႏွင့္ ၾကံ့ၾကံ့ခိုင္ႏိုင္မႈတို႔ကို ခ်ီးက်ဴး ဂုဏ္ျပဳလိုပါသည္” ဟု ကေနဒါ သံ႐ုံးက ထုတ္ျပန္သည္

ကေနဒါသည္ ဆုံး႐ႈံးမႈမ်ား၊ ဝမ္းနည္းမႈမ်ားႏွင့္ ထိခိုက္နစ္နာမႈမ်ား၊ အခက္အခဲမ်ားကိုေတြ႕ၾကဳံခံစားေနရေသာ ျမန္မာျပည္သူမ်ားႏွင့္ ထပ္တူရပ္တည္ေနေၾကာင္းႏွင့္ လာမည့္ ၂၀၂၂ တြင္ ျပစ္ဒဏ္ေပးခံရျခင္းမွ

ကင္းလြတ္ေနျခင္းကို အဆုံးသတ္ေရးႏွင့္ ျပစ္မႈက်ဴးလြန္သူမ်ားကို တာဝန္ယူ၊ တာဝန္ခံခိုင္းေရးတို႔အတြက္ ႀကိဳးပမ္းလုပ္ေဆာင္ေနသူမ်ား အပါအဝင္ ေရ႐ွည္တည္တံ့ခိုင္ၿမဲၿပီး အားလုံးပါဝင္ေသာ ဒီမိုကေရစီ ရ႐ွိရန္ ေဆာင္႐ြက္ေနသည့္ မိတ္ဖက္မ်ား အားလုံးႏွင့္ ဆက္လက္ လက္တြဲ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ဆက္လက္ေဖာ္ျပသည္

ဥေရာပသမဂၢကလည္ ရဲစြမ္းသတၱိျပည့္ဝေသာ ျမန္မာႏိုင္ငံသူ၊ ႏိုင္ငံသားမ်ားအတြက္ေပ်ာ္႐ႊင္ဖြယ္ မဂၤလာ႐ွိသည့္ ျမန္မာ့လြတ္လပ္ေရးေန႔ ျဖစ္ပါေစေၾကာင္း ဆုမြန္ေကာင္းပို႔သထားသည္

ယခင္ႏွစ္မ်ားက လြတ္လပ္ေန႔တြင္ ၿမိဳ႕၊ရပ္ကြက္၊လမ္းအလိုက္ ေပ်ာ္ပြဲ၊႐ႊင္ပြဲ၊ အားကစားပြဲမ်ားျဖင့္ စည္ကားေလ့ ႐ွိေသာ္လည္း ယခုႏွစ္တြင္မလြတ္လပ္သည့္ လြတ္ လပ္ေရးေန႔ဆိုကာ ျပည္သူမ်ားက လြတ္လပ္ေရးေန႔ပြဲမ်ား မျပဳလုပ္ၾကေပ

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.