Local News

နိုင်ငံတော်သမ္မတကြီးပြောခဲ့တဲ့စကားမလုပ်မရှုပ် မပြုတ် လုပ်မယ်ဆိုရင်တော့ ကျနော်တို့သွားချင်တဲ့ ရည်ရွယ်ချက်၊ ကျနော်တို့ လျှောက်ချင်တဲ့ပန်းတိုင်နဲ့ ဝေးနေဦးမှာပဲ

နိုင်ငံတော်သမ္မတကြီးပြောခဲ့တဲ့စကားမလုပ်မရှုပ် မပြုတ် လုပ်မယ်ဆိုရင်တော့ ကျနော်တို့သွားချင်တဲ့ ရည်ရွယ်ချက်၊ ကျနော်တို့ လျှောက်ချင်တဲ့ပန်းတိုင်နဲ့ ဝေးနေဦးမှာပဲ

“ပြည်သူတွေဟာ နှစ် ၅၀ ကျော်ကာလ ဒုက္ခသုက္ခ၊ အနာ တရတွေ မမေ့ပျောက်သေးပါဘူး၊ ဒါ့ကြောင့် ပြည်သူကို ဟိန်းဟယ်၊ ဟောက်ဟယ်၊ ကြိမ်းမောင်းခြိမ်းခြောက်တာတွေ မလုပ်ပါနဲ့လို့ ကျနော် ပြော ထားတယ်”

ကိုယ်က အဲဒီလို ဘဝမျိုးကို ဖြတ်သန်းစဉ် တုန်းက ကိုယ်ဘယ်လို ခံစားခဲ့ရလဲ။ ကိုယ်နှစ်သက်ခဲ့လား။ ကျေနပ်ခဲ့လား။ ကိုယ်မကျေနပ်လို့၊ မနှစ်သက်လို့ ဒီအလုပ်လုပ်ပြီး ဒီနေ ရာတွေရတော့မှ ကိုယ်က အဲဒီလို ပြန်လုပ်မယ်ဆို ကိုယ်ချင်းစာကြပါ။ လူဆိုတာ ကိုယ်ချင်းစာတရားထားရတယ်။

ပြည်သူတွေဟာ နှစ် ၅၀ ကျော်ကာလ ဒုက္ခသုက္ခ၊ အနာ တရတွေ မမေ့ပျောက်သေးပါဘူး။ အဲဒီလိုအနာတရ၊ ဒုက္ခသုက္ခတွေ မမေ့ပျောက်သေးတဲ့ ကာလမှာ ကိုယ့်ကြောင့် နောက်ထပ်ပြီးတော့ ဒုက္ခသုက္ခ အနာတရတွေ ပြည်သူကို မပေးပါနဲ့။

အခုကျနော်တို့ တွေ့နေရတာက ဘယ်လိုဖြစ်နေသ လဲ ဆိုတော့ ပြုပြင်ပြောင်းလဲရေးတော့ ပြောနေကြတယ်။ ကိုယ်ကိုယ်တိုင်က မပြုပြင်၊ မပြောင်းလဲဘူး။

လုပ်ပိုင်ခွင့် ရှိသွားတဲ့လူတွေက ကိုယ့်အလှည့် လည်းကျရော ရှိရင်းစွဲ အမြင်တွေ၊ အတွေးတွေ ပြန်ရောက်ပြီး ကိုယ်က အဲဒီလို ပြန်ကျင့်သုံးချင်နေတယ်။ ဒါက ပြုပြင် ပြောင်းလဲရေး သမားမဟုတ်ဘူး။

ဘာလုပ်လုပ် ဥပဒေသမားနဲ့ တိုင်ပင်ပါ။ ဘာဖြစ်လို့လဲ ဆိုတော့ တရားဥပဒေ စိုးမိုးမှု မရှိဘဲ ဒီမိုကရေစီကို သွားလို့ မရဘူး။ ဒီမှာလည်း ရှိပါတယ်၊ တချို့ ပြည်နယ်နဲ့ တိုင်းတွေမှာလည်းရှိတယ်။

ဘာလဲဆိုတော့ ကိုယ်လုပ်ချင်တာပဲ စွတ်ပြီး လုပ်ချင်နေသ လား မသိဘူး။ ဥပဒေချုပ်တို့ စာရင်းစစ်ချုပ်တို့ကို မတိုင်ပင်ဘူး။ လွဲတော့ မှားတော့ ဘယ်သူ ခံရမလဲ။ ကိုယ်ပဲခံရမှာ။

ကျနော် တည့်တည့်ပြောမယ်။ ကျနော်ငွေစာရင်း နာမလည်ဘူး။ ဒါအမှန်ပဲ။ ကိုယ်နား မလည်တာ နားမလည်ဘူး ပြောတာ ဘာမှ ရှက်စရာ မဟုတ်ဘူး။ ဒါပေမယ့် လွှတ်တော်မှာဖြစ်ဖြစ်၊ အခုသမ္မတ ရုံးမှာဖြစ်ဖြစ် ငွေစာ ရင်းနဲ့ ပတ်သတ်လို့ ရှိရင် ကျနော်ကြည့်တယ်။ မရှင်းရင် သေချာမေးတယ်။ သေ ချာရှင်းခိုင်းတယ်။

စာရင်းအင်းပညာရှင်ခန့်ထားတာ အလကား မ ဟုတ်ဘူး။ စာရင်းစစ်ချုပ်၊ ဥပဒေချုပ်ဆိုတာ ပြည် နယ်နဲ့တိုင်း အစိုးရကို အထောက်အပံ့ ဖြစ်ပါစေတော့ဆိုပြီး အဆောင်အယောင်၊

လစာ ခံစားခွင့်၊ ချီးမြှင့်ငွေတွေ ပေးထားတာ အလကားသက်သက်ပေးထားတာ မဟုတ်ဘူး။ ဒါတွေ တိုင်ပင်ဖို့လိုတယ်။ ပြောင်းပါ၊ အချိန်ရှိပါသေးတယ်။ ကြိုးစားပါ။

ကျနော် ပွင့်ပွင့်လင်းလင်း ပြောပါမယ်။ ဆန္ဒရှိတယ် ၊ ဝိရိယရှိတယ်၊ ဉာဏ်ပညာ ရှိတယ်။ လုံ့လရှိတယ်ဆိုရင် ပြောင်းလဲစရာရှိတယ်။

ဒီလိုမဟုတ်ဘဲနဲ့ လစာနဲ့၊ အဆောင်အယောင်နဲ့၊ ချီး မြှင့်ငွေပေါ်မှာ သာယာပြီးတော့၊ ဒီရာထူးအပေါ်မှာ ပျော်မွေ့ပြီးတော့၊ မလုပ်မရှုပ် မပြုတ် လုပ်မယ်ဆိုရင်တော့ ကျနော်တို့သွားချင်တဲ့ ရည်ရွယ်ချက်၊ ကျနော်တို့ လျှောက်ချင်တဲ့ပန်းတိုင်နဲ့ ဝေးနေဦးမှာပဲ။

ဦးဝင်းမြင့် (နိုင်ငံတော်သမ္မတ

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.