Local News

နိုင်ငံတော်အဆင့် ပွဲတွေ ဖိတ်ကြားခံနေရတဲ့အတွက် ကြည်နူးဝမ်းမြောက် ဖြစ်မိတယ်ဆိုတဲ့ မင်းအုပ်စိုး

နိုင်ငံတော်အဆင့် ပွဲတွေ ဖိတ်ကြားခံနေရတဲ့အတွက် ကြည်နူးဝမ်းမြောက် ဖြစ်မိတယ်ဆိုတဲ့ မင်းအုပ်စိုး

ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းအုပ်စိုးကတော့ အကျဉ်းထောင်ကနေ လွတ်မြောက်လာပြီး နောက်ပိုင်း စစ်တပ်ထောက်ခံ အားပေးတဲ့ စာပေတွေကိုသာ ရေးသားနေတာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်ခြင်းကို ခံနေရတာ ဖြစ်ပါတယ်။

မင်းအုပ်စိုးဟာ မကြာခင်မှာ အနုပညာလှုပ်ရှားမှုတွေ ပြန်လည်ဆောင်ရွက်တော့မယ့် အကြောင်းကိုလည်းအားလုံးကို အသိပေး ထားပါသေးတယ်။

မကြာသေးခင်က မင်းအုပ်စိုးရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ထောင်ကလွတ်လာပြီးနောက်ပိုင်း နိုင်ငံတော်အဆင့်ပွဲ အခမ်းအနားတွေကို တက်ရောက်ခွင့်ရရှိနေတာကြောင့် ကိုယ့်ကိုကိုယ်ဂုဏ်ယူနေမိကြောင်း ရေးသားလာတာပဲ ဖြစ် ပါတယ်။

သူပြန်လာပြီး “အကျဉ်းသားဘဝ အဖြစ်နေထိုင် ခဲ့ရတဲ့ အချိန်ကာလတွေကို စာအုပ်တစ်အုပ် ပြန်ရေးတဲ့ အချိန်ကြရင်အဲ့ဒီစာအုပ်က “ဖိတ်စာ မရောက်တဲ့ အရပျ”ဆိုတဲ့ နာမညျနဲ့ ထွက်လာမှာပါ။

အခုတော့ အကျဉ်းသားဘဝကနေ အယ်ဒီတာချုပ် ဒါရိုက်တာမင်းသားဘဝကို ပြန်ရောက်လာလေတော့ ဖိတ်စာတွေလည်း ပြန်ရောက်လာပါပြီ။

နိုင်ငံတော်အဆင့် ပွဲလမ်းသဘင်တွေရဲ့ ဖိတ်စာတွေ ရောက်လာကြသလို နိုင်ငံတော်အဆင့် ထမင်းစားဝိုင်းတွေမှာလည်း ပြန်ထိုင်ခွင့် ရပြီပေါ့ဗျာ။

လောကဓံရဲ့ပြင်းထန်တဲ့ရိုက်ချက်တွေကို သတ္တိရှိရှိ ယောကျ်ားဆန်ဆန် ရဲရဲရင့်ရင့်ဖြတ်သန်းနေထိုင်လာခဲ့တဲ့ အကျိုးတွေကြောင့် အကြောင်းတွေ ဖြစ်လာတာပေါ့ဗျာ။

ဒီထမင်းစားဝိုင်းလေးဆိုရင် တစ်ခြား ဝိုင်းတွေထက် ပိုထူးခြားပါတယ် တစ်ဝိုင်းလုံးကို ကျွန်တော်နဲ့ ကျွန်တော့် မိသားစုဝင်တွေ အတွက်ပဲ တည်ခင်းပေး ထားလေတော့

မြင်ရတာ တွေ့ရတာရင်ထဲမှာ ကြည်နူးကျေနပ်မိပါရဲ့လေ။” ဆိုပြီး ဂုဏ်ယူဝမ်းမြောက်စွာ ရေးသားလာခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်ကြီးရေ မင်းအုပ်စိုးကတော့ အခုဆိုရင် နိုင်ငံတော် အခမ်းအနားဆိုတဲ့ ပွဲတွေကို တက်ရပြီး သီးသန့်ထမင်းဝိုင်းတွေ ဖိတ်ကျွေးတာတွေ စားရသောက်ရလို့ ဂုဏ်ယူကျေနပ် နေတဲ့အကြောင်းတွေ ပြောလာတာပဲ ဖြစ်ပါ တယ်နော်။

Zawgyi

ႏိုင္ငံေတာ္အဆင့္ ပြဲေတြ ဖိတ္ၾကားခံေနရတဲ့အတြက္ ၾကည္ႏူးဝမ္းေျမာက္ ျဖစ္မိတယ္ဆိုတဲ့ မင္းအုပ္စိုး

ပရိသတ္ႀကီးေရ သ႐ုပ္ေဆာင္ မင္းအုပ္စိုးကေတာ့ အက်ဥ္းေထာင္ကေန လြတ္ေျမာက္လာၿပီး ေနာက္ပိုင္း စစ္တပ္ေထာက္ခံ အားေပးတဲ့ စာေပေတြကိုသာ ေရးသားေနတာေၾကာင့္ ပရိသတ္ေတြရဲ႕ ေဝဖန္ျခင္းကို ခံေနရတာ ျဖစ္ပါတယ္။

မင္းအုပ္စိုးဟာ မၾကာခင္မွာ အႏုပညာလႈပ္႐ွားမႈေတြ ျပန္လည္ေဆာင္႐ြက္ေတာ့မယ့္ အေၾကာင္းကိုလည္းအားလုံးကို အသိေပး ထားပါေသးတယ္။

မၾကာေသးခင္က မင္းအုပ္စိုးရဲ႕လူမႈကြန္ယက္စာမ်က္ႏွာတြင္ ေထာင္ကလြတ္လာၿပီးေနာက္ပိုင္း ႏိုင္ငံေတာ္အဆင့္ပြဲ အခမ္းအနားေတြကို တက္ေရာက္ခြင့္ရ႐ွိေနတာေၾကာင့္ ကိုယ့္ကိုကိုယ္ဂုဏ္ယူေနမိေၾကာင္း ေရးသားလာတာပဲ ျဖစ္ ပါတယ္။

သူျပန္လာၿပီး “အက်ဥ္းသားဘဝ အျဖစ္ေနထိုင္ ခဲ့ရတဲ့ အခ်ိန္ကာလေတြကို စာအုပ္တစ္အုပ္ ျပန္ေရးတဲ့ အခ်ိန္ၾကရင္အဲ့ဒီစာအုပ္က “ဖိတ္စာ မေရာက္တဲ့ အရပ်”ဆိုတဲ့ နာမၫ်နဲ႔ ထြက္လာမွာပါ။

အခုေတာ့ အက်ဥ္းသားဘဝကေန အယ္ဒီတာခ်ဳပ္ ဒါ႐ိုက္တာမင္းသားဘဝကို ျပန္ေရာက္လာေလေတာ့ ဖိတ္စာေတြလည္း ျပန္ေရာက္လာပါၿပီ။

ႏိုင္ငံေတာ္အဆင့္ ပြဲလမ္းသဘင္ေတြရဲ႕ ဖိတ္စာေတြ ေရာက္လာၾကသလို ႏိုင္ငံေတာ္အဆင့္ ထမင္းစားဝိုင္းေတြမွာလည္း ျပန္ထိုင္ခြင့္ ရၿပီေပါ့ဗ်ာ။

ေလာကဓံရဲ႕ျပင္းထန္တဲ့႐ိုက္ခ်က္ေတြကို သတၱိ႐ွိ႐ွိ ေယာက်္ားဆန္ဆန္ ရဲရဲရင့္ရင့္ျဖတ္သန္းေနထိုင္လာခဲ့တဲ့ အက်ိဳးေတြေၾကာင့္ အေၾကာင္းေတြ ျဖစ္လာတာေပါ့ဗ်ာ။

ဒီထမင္းစားဝိုင္းေလးဆိုရင္ တစ္ျခား ဝိုင္းေတြထက္ ပိုထူးျခားပါတယ္ တစ္ဝိုင္းလုံးကို ကြၽန္ေတာ္နဲ႔ ကြၽန္ေတာ္႕ မိသားစုဝင္ေတြ အတြက္ပဲ တည္ခင္းေပး ထားေလေတာ့

ျမင္ရတာ ေတြ႕ရတာရင္ထဲမွာ ၾကည္ႏူးေက်နပ္မိပါရဲ႕ေလ။” ဆိုၿပီး ဂုဏ္ယူဝမ္းေျမာက္စြာ ေရးသားလာခဲ့တာ ျဖစ္ပါတယ္။

ပရိသတ္ႀကီးေရ မင္းအုပ္စိုးကေတာ့ အခုဆိုရင္ ႏိုင္ငံေတာ္ အခမ္းအနားဆိုတဲ့ ပြဲေတြကို တက္ရၿပီး သီးသန္႔ထမင္းဝိုင္းေတြ ဖိတ္ေကြၽးတာေတြ စားရေသာက္ရလို႔ ဂုဏ္ယူေက်နပ္ ေနတဲ့အေၾကာင္းေတြ ေျပာလာတာပဲ ျဖစ္ပါ တယ္ေနာ္။

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.