Local News

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား နောက်ထပ် ပုဒ်မနှစ်ခုဖြင့် အမိန့်ချမှတ်တော့မည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား နောက်ထပ် ပုဒ်မနှစ်ခုဖြင့် အမိန့်ချမှတ်တော့မည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အားပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ၈၊ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့ဖြင့် တရားစွဲဆိုထားမှုအားလာမည့်ဒီဇင်ဘာ ၂၀ ရက်တွင်အမိန့်ချမှတ်မည် ဖြစ်ကြောင်း သိရသည်။

ယင်းအမှုများနှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၆ ရက်တွင် နှစ်ဖက်အပြန်အလှန် အပြီးသတ် လျှောက်လဲခဲ့ကြပြီးနောက် အမိန့်ချရန် ဒီဇင်ဘာ ၂၀ သို့ ချိန်းဆိုထားခြင်း ဖြစ်သည်။

စစ်တပ် အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ဝင်ရောက်စီးနင်း ဖမ်းဆီးစဉ်

လုံးခြုံရေးတပ်ဖွဲ့ဝင်များ အသုံးပြုသည့် စကားပြောစက်များနှင့် Jammer (ဆက်သွယ်ရေးဖြတ်တောက်စက်) တစုံတွေ့ရှိသည် ဟုဆိုကာ အဆိုပါ ပုဒ်မများဖြင့် အာဏာသိမ်း စစ်ကောင်စီက တရားစွဲဆိုထားခြင်း ဖြစ်သည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇သည် ထောင်ဒဏ် ၁ နှစ်ထိ ချမှတ်ခံရနိုင်ပြီး ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ သည် ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ခံရနိုင်သည့် ပုဒ်မ ဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၆ ရက်ကလည်း ဒေါ်အောင်ဆန်းစုကြည်အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ ဖြင့် ထောင်ဒဏ် ၂ နှစ်၊

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် ထောင်ဒဏ် ၂ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၄ နှစ်ကျခံစေရန်စစ်ကောင်စီ လက်အောက်ခံ နေပြည်တော် အထူးသီးသန့်တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

သို့သော် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထောင်ဒဏ် ၂ နှစ်အား လွတ်ငြိမ်းခွင့်ပြုကြောင်းနှင့်ကျန် ၂ နှစ်အား

လက်ရှိ ချုပ်နှောင်ထားသည့် နေရာ၌ပင် ကျခံရမည်ဖြစ်ကြောင်း ယင်းနေ့ ညပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲကာ တရားစွဲဆိုထားသည့် ပုဒ်မများဖြင့်ပြစ်ဒဏ် ချမှတ်ခြင်းအားနိုင်ငံတကာအသိုင်းအဝိုင်းက ပြစ်တင်ရှုတ်ချခဲ့ကြပြီး အတုအယောင် တရားစီရင်ရေးသာ ဖြစ်ကြောင်း ဝေဖန်ခဲ့ကြသည်။

ထို့ပြင် သီးခြားအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ဦးညီညီဆိုသူကသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့်တရားစွဲဆိုထားသည့်အမှုတွင်လည်း ဒေါ်အောင်ဆန်းစုကြည်ဘက်ကသက်သေအနေဖြင့် မန္တလေးတိုင်းဝန်ကြီးချုပ်

ဒေါက်တာဇော်မြင့်မောင်အား ဒီဇင်ဘာ ၁၃ ရက်နေ့ ရုံးချိန်းတွင် သက်သေထွက်ဆိုရန် ခေါ်ယူထားကြောင်း သိရသည်။

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.