Local News

နိုင်ငံတော်အားသစ္စာဖောက် တပ်ပြေးများအားလက်ခံထားသည့် မည်သည့်အဖွဲ့ အစည်းကိုမဆို ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ဇော်မင်းထွန်းပြောကြား

နိုင်ငံတော်အားသစ္စာဖောက် တပ်ပြေးများအားလက်ခံထားသည့် မည်သည့်အဖွဲ့ အစည်းကိုမဆို ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ဇော်မင်းထွန်းပြောကြား………………

ဒီဇင်ဘာလ ၂၈ ရက်နေ့။

စစ်ကောင်စီ တပ်ပြေးများကိုလက်ခံသည့်အဖွဲ့အစည်းများ ၊လက်နက်ကိုင်တိုင်းရင်းသားတပ်များကို ပြင်းပြင်းထန်ထန်အရေးယူရလိမ့်မယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ကြိမ်းဝါးပြောဆိုလိုက်ပါတယ်။

တပ်ပြေးများကို လက်ခံနေသည့် EAO နှင့် PDF အဖွဲ့အစည်းတွေအပေါ် မည်ကဲ့သို့ အရေးယူဆောင်ရွက်မှု့များပြုလုပ်မှု့ရှိမှာလဲဆိုသည့် မီဒီယာအချို့၏ မေးမြန်းမှု့အပေါ်အထက်ပါအတိုင်း တပ်မတော်မဟုတ်တန်းသတင်းပြန်ကြားရေးအဖွဲ့ကပြန်လည်ရှင်းလင်းခဲ့ပါသည်။

တပ်ပြေးဆိုကတည်းက မြန်မာ့တပ်မတော်ကို သိက္ခာချတဲ့ သစ္စာမရှိတဲ့သူတွေသူတွေပဲဖြစ်ပါတယ်၊ သူတို့ကိုဘယ်လိုမှခွင့်လွှတ်လို့မရနိုင်ပါဘူး တပ်မတော်ဥပဒေ၊ အရပ်ဘက်ဥပဒေများနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။

ထွက်ပြေးသူဖြစ်သော်လည်း ထွက်ပြေးသူတွေကို ထောက်ပံကူညီနေသူတွေကိုလည်းအရေးယူသွားမှာဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေး ဥပဒေသည် မည်သည့် အဖွဲ့ကို မဆိုအ‌ရေး ယူရန်အမိန့်ပေးထားပြီးဖြစ်တယ်။

ထို့အပြင် တပ်ပြေးတစ်ဦးကို တပ်ပြေးတစ်ဦးမှန်းသိလျက်နှင့် လက်ခံထားသည့်မည်သူ၊ အဖွဲ့ အစည်းကိုမဆို အ‌ရေးယူဆောင်ရွက်နိုင်ကြောင်း စစ်ဘက်ဥပေဒမှာ ပြဋ္ဌာန်းပါရှိပြီးဖြစ်သည်ဟုဆိုပါသည်။

ဆက်လက်ပြီး လက် နက်ကိုင်အဖွဲ့များထံ ခိုလှုံပြီး တပ်မတော်ကို ဆန့်ကျင် တိုက် ခိုက် ရန် တော်လှန် နေသည့်တပ်ပြေးများကိုလည်း စစ်ဘက်ဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း လည်း ထုတ်ပြန် ချက်တွင် ပါရှိသည်။

credit ရဲဇော် 🇱🇷

Zawgyi


ဒီဇင်ဘာလ ၂၈ ရက်နေ့။








credit ရဲဇော် 🇱🇷

About the author

admin

Add Comment

Click here to post a comment