Local News

နိုင်ငံနဲ့ ပြည်သူအတွက် တပ်တွင်း၊ တပ်ပြင် စည်းရုံးရေးတွေ အောင်မြင်ဖို့လိုတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား

နိုင်ငံနဲ့ ပြည်သူအတွက် တပ်တွင်း၊ တပ်ပြင် စည်းရုံးရေးတွေ အောင်မြင်ဖို့လိုတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား

မန္တလေး၊ ဒီဇင်ဘာ ၁၁

နိုင်ငံတော်နဲ့ ပြည်သူတွေ ဖွံ့ဖြိုးတိုးတက်ပြီး လူမှုစီးပွားရေး အောင်မြင်မှုရရှိဖို့အတွက် တပ်တွင်း၊ တပ်ပြင် စည်းရုံးရေးတွေ အောင်မြင်အောင် လုပ်ဆောင်ဖို့လိုတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်က ပြောကြားလာပါတယ်။

ဒီဇင်ဘာ ၁၀ ရက်နေ့က ပြင်ဦးလွင်မှာ ပြုလုပ်တဲ့ တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းဆင်း အခမ်းအနားကို တက်ရောက်အမှာစကား ပြောကြားတုန်းက ထည့်သွင်းပြောကြားသွားတာဖြစ်ပါတယ်။

တပ်တွင်းစည်းရုံးရေးကို ဆောင်ရွက်ရာမှာ တပ်သားတိုင်းလိုက်နာရမယ့် ကျင့်ဝတ်တွေကို အတိအကျလိုက်နာပါက တပ်တွင်းစည်းရုံးရေး ပိုမိုခိုင်မာလာမှာဖြစ်ပြီး တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေအနေနဲ့ တိုင်းပြည်နဲ့ တပ်မတော်ကို စိတ်ရင်းမှန်နဲ့ တာဝန်ကျေပွန်စွာ ထမ်းဆောင်ဖို့ လိုကြောင်း ဗိုလ်ချုပ်မှူကြီး မင်းအောင်လှိုင်ကပြောကြားပါတယ်။

တပ်ပြင်စည်းရုံးရေးကို ဆောင်ရွက်ရာမှာလည်း ကျင့်ဝတ်နဲ့အညီဆောင်ရွက်ပြီး တပ်မတော်ဟာ ပြည်သူကနေ ပေါက်ဖွားလာတာဖြစ်ပြီး တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတာဖြစ်တာကြောင့် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ လုံခြုံရေးကို နေ့စဉ် ကာကွယ်ဆောင်ရွက်ပေးနေကြောင်းလည်း ပြောကြားထားပါတယ်။

သင်တန်းဆင်းဗိုလ်လောင်းတွေအနေနဲ့လည်း မိမိတို့တက်မြောက်ထားတဲ့ ပညာတွေကို ထိရောက်စွာ အသုံးချဖို့နဲ့ ခေါင်းဆောင်ငယ်တွေဖြစ်တာကြောင့် ကိစ္စရပ်တွေမှာ စဉဉ်းစားဆင်ခြင်ပြီး လုပ်ဆောင်ဖို့လည်း အကြံပေးပြောကြားပါတယ်။

Credit. Myanmar Breaking News

Zawgyi

ႏိုင္ငံနဲ႔ ျပည္သူအတြက္ တပ္တြင္း၊ တပ္ျပင္ စည္း႐ုံးေရးေတြ ေအာင္ျမင္ဖို႔လိုတယ္လို႔ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္က ေျပာၾကား

မႏၲေလး၊ ဒီဇင္ဘာ ၁၁

ႏိုင္ငံေတာ္နဲ႔ ျပည္သူေတြ ဖြံ႕ၿဖိဳးတိုးတက္ၿပီး လူမႈစီးပြားေရး ေအာင္ျမင္မႈရ႐ွိဖို႔အတြက္ တပ္တြင္း၊ တပ္ျပင္ စည္း႐ုံးေရးေတြ ေအာင္ျမင္ေအာင္ လုပ္ေဆာင္ဖို႔လိုတယ္လို႔ ဗိုလ္ခ်ဳပ္မႉးႀကီး မင္ေအာင္လိႈင္က ေျပာၾကားလာပါတယ္။

ဒီဇင္ဘာ ၁၀ ရက္ေန႔က ျပင္ဦးလြင္မွာ ျပဳလုပ္တဲ့ တပ္မေတာ္နည္းပညာတကၠသိုလ္ ဗိုလ္ေလာင္းသင္တန္းဆင္း အခမ္းအနားကို တက္ေရာက္အမွာစကား ေျပာၾကားတုန္းက ထည့္သြင္းေျပာၾကားသြားတာျဖစ္ပါတယ္။

တပ္တြင္းစည္း႐ုံးေရးကို ေဆာင္႐ြက္ရာမွာ တပ္သားတိုင္းလိုက္နာရမယ့္ က်င့္ဝတ္ေတြကို အတိအက်လိုက္နာပါက တပ္တြင္းစည္း႐ုံးေရး ပိုမိုခိုင္မာလာမွာျဖစ္ၿပီး တပ္ဖြဲ႕ဝင္ေတြနဲ႔ မိသားစုဝင္ေတြအေနနဲ႔ တိုင္းျပည္နဲ႔ တပ္မေတာ္ကို စိတ္ရင္းမွန္နဲ႔ တာဝန္ေက်ပြန္စြာ ထမ္းေဆာင္ဖို႔ လိုေၾကာင္း ဗိုလ္ခ်ဳပ္မႉႀကီး မင္းေအာင္လိႈင္ကေျပာၾကားပါတယ္။

တပ္ျပင္စည္း႐ုံးေရးကို ေဆာင္႐ြက္ရာမွာလည္း က်င့္ဝတ္နဲ႔အညီေဆာင္႐ြက္ၿပီး တပ္မေတာ္ဟာ ျပည္သူကေန ေပါက္ဖြားလာတာျဖစ္ၿပီး တိုင္းရင္းသားေတြနဲ႔ ဖြဲ႕စည္းထားတာျဖစ္တာေၾကာင့္ ျပည္သူေတြရဲ႕ အသက္အိုးအိမ္စည္းစိမ္နဲ႔ လုံျခဳံေရးကို ေန႔စဥ္ ကာကြယ္ေဆာင္႐ြက္ေပးေနေၾကာင္းလည္း ေျပာၾကားထားပါတယ္။

သင္တန္းဆင္းဗိုလ္ေလာင္းေတြအေနနဲ႔လည္း မိမိတို႔တက္ေျမာက္ထားတဲ့ ပညာေတြကို ထိေရာက္စြာ အသုံးခ်ဖို႔နဲ႔ ေခါင္းေဆာင္ငယ္ေတြျဖစ္တာေၾကာင့္ ကိစၥရပ္ေတြမွာ စဉဥ္းစားဆင္ျခင္ၿပီး လုပ္ေဆာင္ဖို႔လည္း အၾကံေပးေျပာၾကားပါတယ္။

Credit. Myanmar Breaking News

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.