Local News

နေပြည်တော်သို့ သွယ်တန်းထားသော ဓာတ်အားလိုင်းတိုင်နှစ်ခု KNDF ဖြိုချဖျက်ဆီး

နေပြည်တော်သို့ သွယ်တန်းထားသော ဓာတ်အားလိုင်းတိုင်နှစ်ခု KNDF ဖြိုချဖျက်ဆီး

နေပြည်တော်သို့ သွယ်တန်းထားသော လျှပ်စစ်ဓာတ်အားလိုင်း တိုင်နှစ်ခုကို ဖြိုချဖျက်ဆီးနိုင်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဖယ်ခုံဇုန်က ယနေ့ ထုတ်ပြန်သည်။

ရှမ်း-ကယားပြည်နယ်အစပ် မိုးဗြဲမြို့အထွက် ဟိုက်ကွီကျေးရွာဘေးမှ နေပြည်တော်သို့ သွယ်တန်းထားသော လျှပ်စစ်ဓာတ်အားလှိုင်းတိုင် နှစ်ခုကို KNDF၏ မိုးဗြဲအ‌ခြေစိုက်တပ်ခွဲနှင့် KNDF B-11တို့က ဇန်နဝါရီ ၃ ရက်တွင် ဖြိုချခဲ့ခြင်း ဖြစ်သည်။

ယခုတစ်ကြိမ်အပါအဝင် ကယားပြည်နယ်မှတစ်ဆင့် အကြမ်းဖက်စစ်ကောင်စီရုံးချုပ်များ အခြေစိုက်ရာ နေပြည်တော်သို့ သွယ်တန်းထားသည့် ဓာတ်အာစလိုင်းတိုင်များကို သုံးကြိမ်တိုင် ဖြိုချထားသည်။

စစ်ကောင်စီနှင့် ၎င်းတို့၏အပေါင်းပါများနှင့် စစ်ကောင်စီယန္တာရားကို အားကောင်းစေသော ထောက်တိုင်များ ဆန့်ကျင်တိုက်ခိုက်သွားမည်ဟု KNDF ဖယ်ခုံဇုန်က အသိပေးထားသည်။

ယမန်နေ့ကလည်း လွိုင်ကော်မြို့နှင့် ဒီးမော့ဆိုမြို့တို့၌ တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ အထိနာခဲ့သည်။

Zawgyi

ေနျပည္ေတာ္သို႔ သြယ္တန္းထားေသာ ဓာတ္အားလိုင္းတိုင္ႏွစ္ခု KNDF ၿဖိဳခ်ဖ်က္ဆီး

ေနျပည္ေတာ္သို႔ သြယ္တန္းထားေသာ လွ်ပ္စစ္ဓာတ္အားလိုင္း တိုင္ႏွစ္ခုကို ၿဖိဳခ်ဖ်က္ဆီးႏိုင္ခဲ့ေၾကာင္း ကရင္နီအမ်ိဳးသားမ်ားကာကြယ္ေရးတပ္(KNDF)ဖယ္ခုံဇုန္က ယေန႔ ထုတ္ျပန္သည္။

႐ွမ္း-ကယားျပည္နယ္အစပ္ မိုးၿဗဲၿမိဳ႕အထြက္ ဟိုက္ကြီေက်း႐ြာေဘးမွ ေနျပည္ေတာ္သို႔ သြယ္တန္းထားေသာ လွ်ပ္စစ္ဓာတ္အားလိႈင္းတိုင္ ႏွစ္ခုကို KNDF၏ မိုးၿဗဲအ‌ေျခစိုက္တပ္ခြဲႏွင့္ KNDF B-11တို႔က ဇန္နဝါရီ ၃ ရက္တြင္ ၿဖိဳခ်ခဲ့ျခင္း ျဖစ္သည္။

ယခုတစ္ႀကိမ္အပါအဝင္ ကယားျပည္နယ္မွတစ္ဆင့္ အၾကမ္းဖက္စစ္ေကာင္စီ႐ုံးခ်ဳပ္မ်ား အေျခစိုက္ရာ ေနျပည္ေတာ္သို႔ သြယ္တန္းထားသည့္ ဓာတ္အာစလိုင္းတိုင္မ်ားကို သုံးႀကိမ္တိုင္ ၿဖိဳခ်ထားသည္။

စစ္ေကာင္စီႏွင့္ ၎တို႔၏အေပါင္းပါမ်ားႏွင့္ စစ္ေကာင္စီယႏၲာရားကို အားေကာင္းေစေသာ ေထာက္တိုင္မ်ား ဆန္႔က်င္တိုက္ခိုက္သြားမည္ဟု KNDF ဖယ္ခုံဇုန္က အသိေပးထားသည္။

ယမန္ေန႔ကလည္း လြိဳင္ေကာ္ၿမိဳ႕ႏွင့္ ဒီးေမာ့ဆိုၿမိဳ႕တို႔၌ တိုက္ပြဲမ်ားျပင္းထန္ခဲ့ၿပီး စစ္ေကာင္စီတပ္ဘက္မွ အထိနာခဲ့သည္။

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.