Local News

နောက်ဆုံး ကောက်ရိုးတမျှင်

နောက်ဆုံး ကောက်ရိုးတမျှင် (ကိုနေဘုန်းလတ်နှင့် ဆွေးနွေးမှုကောက်နှုတ်ချက်))

NPL – ဟွန်ဆန်ဘက်ကို နည်းနည်းလောက်လှည့် ပြီးတော့ မေးချင်တယ်။ အဲဒီကိစ္စက မနက်ဖန်၊ သဘက်ခါ ဆို ရောက် လာတော့မယ်ပေါ့နော်။ သူက ဘာလာလုပ် မှာလဲပေါ့။

မြန်မာနိုင်ငံကို ကယ်တင်မှာလား မင်းအောင်လှိုင်ကို ကယ်တယ်မှာလား။ ဒါပေမယ့် သူလုပ်နေတဲ့ လုပ်ပေါက်က ဟိုလူ့ကယ်မလို ဒီလူ့ကယ် မလိုနဲ့ သူကိုယ်တိုင် တောင် ရေတိမ် နစ်သွားနိုင်သလိုမျိုးပေါ့။ အဲဒီလိုအနေအထား ကျနော်တွေ့နေရတယ်။

နောက်ပြီးတော့ ဟိုတလောက သူဒီ ခရီးစဉ် မလာခင်မှာ ဝဏ္ဏမောင်လွင်နဲ့ သူပထမဆုံး စတွေ့တာပေါ့။ ဓာတ်ပုံတွေရိုက် ပို့စ်တွေဘာတွေ တင်လိုက် သေးတယ်။ အဲဒီမှာ ကျနော် တို့ မြန်မာတွေ ဝင်ဝုန်းတာပေါ့နော်။ ဟဟတွေရော အန်းဂရီးတွေရော အများကြီးပဲ။ အဲဒီမှာ အင်္ဂလိပ်လိုတွေရော မြန်မာလိုတွေရော ကမ္ဘောဒီးယားလိုတောင်ပါသေးတယ် ဝင်ပြီး ကော့မန့်တွေ ရေးကြတာ။

ကျနော်ထင်တယ် ဗျာ။ သူတို့ Team တခုခုကနေ ဘာသာပြန်ပြီး သူ့ကို ပြရင် မြန်မာပြည်သူတွေ ဘယ်လိုသဘောထားရှိလဲ၊ ပြည်သူတွေက မင်းအောင်လှိုင်တို့အပေါ်မှာ ဘယ်လို မြင်နေတယ်ဆိုတဲ့ဟာကို သူသိမှာပဲဗျ။ ဒါပေမယ် ခက်တာက ဟွန်ဆန်ကိုယ်တိုင်ကလည်း ပြည်သူ့သဘော ဆန္ဒ ကို အလေးထားတဲ့လူမျိုးလားလို့ လေ့လာပြန်တော့လည်း မဟုတ်ပြန် ဘူး။

အဲ ဒီတော့ ဘာဖြစ်လာလဲဆိုတော့ ပြည်သူတွေကတော့ ရှင်းတယ် ဗျ။ အခုဆိုရင် သူက မင်းအောင်လှိုင်နဲ့အတူ ဆန္ဒပြပွဲတွေမှာ သူ့ပုံကြီး ပါ မီးတွေရှို့နေကြပြီ။ အဲဒီတော့ အကိုရာ သူ့ခရီးစဉ်ကိုလည်း အကို့ကို မေးချင် တာပေါ့။ သူက ဘာလာလုပ်မှာလဲ။ သူကဘာဖြစ်ချင်နေတာလဲ။ သူကတော့ ဖြစ်ချင်တာ တခုခုရှိမှာပေါ့။ ဒါပေမယ့်လည်း သူဘာဖြစ်သွားနိုင်လဲပေါ့။ အဲဒါလေးအကို နည်းနည်းဆွေးနွေးပေးပါဦး အကို။

MKN – လူတွေကတော့ ကိုယ့်တွက်ကိန်း နဲ့ကိုယ်တော့ စိတ်ကူးဖဲရိုက်ရင် တော့ ဟုတ်နေမှာပေါ့ဗျာ။ အာဏာရှင် တို့ရဲ့ သဘောကတော့ သူတို့ ဖြစ်ချင် တာပဲ သိတယ်ဗျ။ ပြည်သူ့ဆန္ဒနဲ့ အများသဘောတူထားတဲ့ ဒါမှ တရားမျှတမှုဘက်တွေ သူတို့ဘယ်တော့မှ မစဉ်းစားဘူး။ ဒါရှင်းတယ်။ ဟုတ်ပြီ။ ကျနော်သတိရတာလေး ပြောစမ်းပါရစေ။

~သက္ကရာဇ် ၂၀၀၀ မပြည့်ခင်လောက်တုန်းက ကျနော်တို့တွေ ထောင်ထဲရှိနေတုန်းကပေါ့ဗျား။ ဒီလိုပဲ လူတွေက ဒီအတိုင်း ငုံခံနေရတာကြာတော့ ပြန်ချတော့မယ်၊ ရတဲ့နည်းနဲ့ ဆန့်ကျင်တော့မယ် အချိန်မှာ ရာဇာလီ လာမယ်ဆိုပြီးတော့ ရှိဘူးတယ်ဗျ။ ရာဇာလီလာမယ် စောင့်နေလိုက်ပါဦးဆိုတော့ ဘာကိုစောင့်ရမှာလဲပေါ့လေ။ ရာဇာလီလာရင် ထူးလိမ့်မယ်။ အဲဒီတော့ စောင့်ကြည့်လိုက်တယ်။ ဘာမှမထူးဘူး။

မဟုတ်ဘူး ပြန်ရင် ထူးလိမ့် မယ် ဆိုတော့ ထပ်စောင့်ကြရပြန်ရော။ ပြန်သွားတော့လည်း မထူးတော့ ရတဲ့ အင်အားနဲ့ ချကြမယ်ဆိုတော့ ရာဇာလီလာဦး မယ်တဲ့။ လာရင် တကယ်ထူးမှာတဲ့။ မထူးဘူး။ လာတော့လည်း ထိုင် ကြည့်နေတော့ မဟုတ်ဘူး။ ပြန်မှ ထူးမှာတဲ့။ အဲဒါနဲ့ပဲ ခင်းဗျား ဗျား။ ကျနော်က …….သတိရနေတယ်။ တကယ့်အပြောင်းအလဲဆိုတဲ့အရာက ငြင်းဆန်လို့မရဘူး။ ကျနော်တို့က အမျှော်စိုက်ဝါဒဟာ ဒီခေတ်ကြီးမှာ လုံးဝမရှိတော့ဘူး။ ဒါလေးသိစေချင်တာပေါ့နော်။

*******************************

နောက်တခုကတော့ ဟွန်ဆန်။ ဟုတ်ပြီ။ ကျနော် လူ့ပုဂ္ဂိုလ်တွေအကြောင်း တော်ယုံတန်ယုံ ပြောလေ့မရှိဘူး။ အခုသူ့ကို မပြောလို့မရဘူး။ သူဘာလဲပေ့ါနော်။ သူကရော ဘယ်လိုလူစားလဲ။ သူ့သမိုင်းကို ကြည့်လိုက်တဲ့အခါကျတော့ဗျား အတိုဆုံး တလုံးတည်းပြောပါဆို သူလည်း အာဏာရှင်ပဲလေ။ အခုလဲ သူ့သားကို သူပဲ စစ်ဦးစီးချုပ်ပြန် ခန့်တယ်။

အနာဂတ်ခေါင်းဆောင်ပါဆိုပြီးတော့ မိတ်ဆက်တယ်။ ပြည်သူ့ ဆန္ဒကဘယ်မှာလဲ။ ပြည်သူက ဘာကို ဆုံးဖြတ်ရမှာလဲ။ တကယ့် သူရဲ့ ပြိုင် ဘက်တွေဖြစ်တဲ့ သီဟာနုတို့ သားအဖတွေရော ကျနော်တို့ ဒီဘက်က ဒီမိုကရေစီ ဆန်ရိန်းစီး (Sam Rainsy) တို့ ဘာတို့ အကုန်လုံးကို ချုပ်ကိုင်ပြီးတော့ ဆန်ရိန်းစီးဆိုရင် လွင့်သွားရတာပဲလေ။

~အဲဒါတွေ အကုန် လုပ်နေတဲ့ သူက ဘာအနေနဲ့လာမှာလဲ။
~အာဆီယံ ticket နဲ့ လာမှာလား။ အာဆီယံ လက်မှတ်ကြီး ကိုင်ပြီးတော့ ဝင်လာတဲ့ အနောက်မှာရော ဘာရှိသေးလဲ။ ဒါက ဒီနေ့ နိုင်ငံရေးနိုးကြားနေတဲ့သူတိုင်း သိတယ်လေ။

~ဘယ်အဖွဲ့အစည်းဖြစ်ဖြစ်၊ ဘယ် အင်အားကြီးနိုင်ငံဖြစ်ဖြစ် ကျနော်တို့ ပြည်သူတွေရဲ့ တော်လှန်ရေးကို လာတော့ ပုံမဖော်နဲ့။ ဒါကျနော်တို့ ပြည်သူတွေရဲ့ အကောင်း ဆုံး သတ္တိပဲ။ ရင်ဆိုင်နိုင်တယ်။ လက်ခံမှာမဟုတ်ဘူး။ တရားမျှတစွာပဲဖြစ်ရမယ်။

ခုနက ခင်ဗျားပြောတဲ့အတိုင်းပဲ ဟွန်ဆန် အခုလာကြည့် ဘာပိုဖြစ်သွားမှာလဲ။

သူ့မျက်နှာ တခြမ်း ဒီဘက်က စစ်ကောင်စီ ခေါင်းဆောင်ရဲ့ မျက်နှာတခြမ်းနဲ့ အဲဒီနှစ်ခုကိုပေါင်းမှ တမျက်နှာ ဖြစ်သွားမယ်။

အဲဒီတော့ သူက ဖြစ်စရာနှစ်မျိုးရှိတယ်။
~ကျနော်တို့စီ CNNသတင်းထောက် လာတယ်။ လူတွေက ပထမ ငြိုငြင် တယ်။ နောက်ကျတော့ သူက အမှန်တရားကိုဖော်ထုတ်သွားတော့ သူရဲကောင်း ဖြစ်သွားတယ်။
~နောက်တမျိုးကိုကြည့် အစ္စရေးက လော်ဘီ။ တကမ္ဘာလုံးပတ်ပြီးတော့ လုပ်စား နေတာ ဒီပွဲမှာ ပွဲကြီး ကြိတ် သွားတာ။ အဲတော့ ဖြစ်ခြင်းဖြစ်ရင် ဒုတိယအမျိုးအစားပဲဖြစ်မယ်။

ဘာလို့လည်းဆိုတော့ စိတ်စေတနာက ရှင်းတယ်လေ။ အဲတော့ ခင်ဗျားမေးတဲ့ မေးခွန်းအတိုင်းပဲပေါ့။
~သူတပါးကို ကယ်ရင်းနဲ့ သူကိုယ် တိုင်ပါ နစ်ရ မဲ့ကိန်း။
~ဘာဖြစ်လို့ လည်းဆိုတော့ သူ့တိုင်းပြည်ထဲမှာ လည်း ဆူနေပြီဗျာ။ သူ့ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး ကြမ္မာငင်နေပြီ။ သူ့မဟာအမှားတွေ၊ သူအစွယ်ထွက်လာတာ ကျနော်တို့မြန်မာပြည်သူတွေကို ရန်စွယ် ငေါငေါနဲ့ ရန်တွေ့လိုက်သေးတယ်။

ပထမတော့ အာဆီယံမူ ၅ ချက်ကို လက်ခံရမှာပေါ့ဘာညာပြောတယ်။ ပြီးတော့ ဥက္ကဌဆိုတဲ့ တူကိုရသွားတယ်။ အဲဒီ တူရသွားတာနဲ့ ဖောက်လွှဲဖောက်ပြန်မှုက စတာပဲ။ ဇာတိက ပြတာပဲဗျ။ အဲဒီတော့ တကယ်က ကျနော်တို့ပြည်သူတွေကလေ ဒီ ၅ ချက်နဲ့တောင် မလုံလောက်ဘူးနော်။ ဒါ ဒဲ့ပြောတာ။ နောက် ဆုံး ဗိုလ်နေမြဲ၊ ကျားနေမြဲပြန်ရောက် ဆိုလို့ကတော့ ခင်ဗျား ပေးခဲ့တဲ့ အသက်တွေ ဘဝတွေက ဘာလဲဗျ။ ဒါရှင်းရှင်းလေးပဲလေဗျာ။

နောက်ပြီးတော့ ပြုခဲ့တဲ့သူရဲ့ တာဝန်ယူမှုက ဘယ်မှာလဲ။

အဲဒီတော့ ပြန်ချုပ် လိုက်ရင်တော့
~ကျနော်တို့ပြည်သူတွေရဲ့ ယုံကြည်မှုတွေ ဇွဲသတ္တိတွေပေါ့။
~တကယ်ရောက်နေတဲ့ နေရာသည် အောင်ပွဲ။
~အဲဒီမှာမှ ကျနော်တို့အမြဲပြောနေတဲ့ အလဲထိုးဆိုလို့ အလဲထိုးပြလိုက်မှ ဒိုင်ကလာမဆွဲနဲ့လို့ ပြောခဲ့ပြီးပြီလေ။ ~ဘယ်နိုင်ငံကြီး အင် အားစု ဘယ်လိုပဲ နောက်ကွယ်တွေ ရှေ့ကွယ် တွေကနေပြီးတော့ ဘယ်လိုပဲ ပုံဖော်သည်ဖြစ်စေ ကျနော်တို့ပြည်သူတွေက ကိုယ့်ပန်း တိုင် ကိုယ်ရှိတယ်။ လိုရင်းပြောရရင်တော့ဗျာ၊ ဘယ်တန်ခိုးရှင်မှ လာတားလို့မရဘူး။

ထင်သာ မြင်သာ ဥပမာပြောရရင်၊ တကမ္ဘာလုံးသိတဲ့ ဥပမာပါပဲ။ ဝန်တင်တဲ့ လားတွေပေါ့။ ကောက်ရိုးထမ်းရတယ်ဆိုရင်တောင်မှ ထမ်းရင်း ထမ်းရင်း မသိသာဘူး။ အဲဒီလိုပဲ သူရဲ့ကမ္ဘာပေါ်မှာ လူတွေရဲ့ မယုံကြည်မှု ပြည်သူ ပြည်သားတွေရဲ့ ဆန့်ကျင်မှု သူရဲ့ အာဏာရှင်ပြုခဲ့တဲ့အမှုတွေ အားလုံးက နောက်ဆုံးကောက်ရိုးတစ်မျှင်တင်လိုက်ရင် ခါးကျိုးမဲ့ “လား”လိုဖြစ်နေတယ်။

~ဒီပွဲမှာ အာဏာလုတဲ့ စစ်အုပ်စုကို သူလာပြီးတော့ ကူညီပေးချင်တဲ့ ထွက်ပေါက်ပေး ကယ်ချင် တယ်ဆိုတဲ့ စေတနာမျိုးနဲ့ သူလုပ်လိုက်လို့ကတော့ အဲဒီနောက်ဆုံး ကောက် ရိုးတစ်မျှင်အတွက်နဲ့ပဲ ခါးကျိုးမယ် ဆိုတာကို အတပ်ပြောရဲတယ်။
~ပြည်သူတွေရဲ့ ဆန်ကျင်မှုကို သူတွေ့ရလိမ့်မယ်။ သူ့ပြည်သူရော၊ ကျနော်တို့ပြည်သူရော၊ ဒေသတွင်းမှာရော အဲဒါတွေနဲ့ သူအပြည့်အဝကြုံရပြီးတော့ နောက်ဆုံး အာဆီယံကိုသာ သွားပြီးတော့ ထိခိုက်ပါမယ်။ ဒါရှင်းပါတယ်ဗျ။

NPL – အကိုပြောတာ ကျနော်သဘောကျလိုက်တာ။ နောက်ဆုံးကောက်ရိုးတစ်မျှင်ပေါ့။ အကိုပြောသလိုပဲ၊ သူဒီကို လာမယ်။ ပြီး ရင် လူသတ်သမားပေါ့ဗျာ၊ လူသတ်သမားနဲ့ စားပွဲတစ်ခုတည်းထိုင်ပြီးတော့ စကားတွေပြော မယ်။ ပြီးရင် ဖက်လှဲတကင်းတွေ လုပ်ကြပါလိမ့်မယ်။

ဒီလုပ်ရပ်ဟာ ဟွန်ဆန်ခါးကျိုးသွားမယ့် ကောက်ရိုးတမျှင်လည်းဖြစ်နိုင်သလို မင်းအောင်လှိုင် ဘက်ကကြည့်ရင်လည်း မင်းအောင်လှိုင်ရဲ့ နောက်ဆုံးအနေနဲ့ပေါ့။ သူလည်းရှုံးဖို့က သေချာနေတော့ နောက်ဆုံးအနေနဲ့ မျှော်လင့်တကြီး လှမ်း ဆွဲလိုက်တဲ့ကောက်ရိုးတစ်မျှင်လည်း ဖြစ်နိုင်တယ်လို့ ကျနော်တို့ကတော့ မြင်တယ်အကိုရေ။

MKN – ရေနစ်တဲ့သူက လှမ်းဆွဲတဲ့ ကောက်ရိုးတမျှင်ပေါ့။ ဒါဆိုရင် ခင်ဗျား ဒီနေ့စကားကို ခေါင်းစဉ်တော့ ကောက်ရိုးတစ်မျှင်လို့ တပ်ရင် ပိုကောင်း မယ်လို့ ထင်တယ်ဗျ။ ဒါမှတ်မှတ်ရရတော့ ဖြစ်သွားတာပေါ့။

NPL – ဟုတ်ကဲ့အကိုရေ .. နောက်ဆုံးကောက်ရိုးတမျှင်ပေါ့ဗျာ။ အာဏာရှင် နှစ်ယောက်ရဲ့ နောက်ဆုံး ကောက်ရိုးတမျှင်ပေါ့။ နောက်လည်း အကိုအားတဲ့အချိန်လေးတွေ လှမ်းချိန်းပြီးတော့ စကားပြောပါဦးမယ်အကိုရေ။

About the author

admin

Add Comment

Click here to post a comment