နောက်လှည့်ရင် ကျောပဲရှိတဲ့ ကျောမွဲတွေကို ဘာမှမရှိတော့တဲ့အခြေအနေဖြစ်အောင် ရွာမီးတင်ရှို့ခြင်းနဲ့ မွေးထုတ်လိုက်ကြတယ်

နောက်လှည့်ရင် ကျောပဲရှိတဲ့ ကျောမွဲတွေကို ဘာမှမရှိတော့တဲ့အခြေအနေဖြစ်အောင် ရွာမီးတင်ရှို့ခြင်းနဲ့ မွေးထုတ်လိုက်ကြတယ်

ရွာတွေကို မီးတင်ရှို့တဲ့နည်းနဲ့ တော်လှန်ရေးကို ရပ်တန့်လို့ရမယ်ထင်နေတဲ့ မင်းအောင်လှိုင်စစ်တပ်ရဲ့ အတွေးအခေါ်ဟာ အတော်ဆိုးဆိုးဝါးဝါး နိမ့်ကျနေတာပဲ။

လူဆိုတာက ကိုယ့်ရဲ့လက်ရှိအခြေအနေ အနေအထားလေး ဘယ်လောက်သေးငယ်နေပါစေ တွယ်ဖက်တွယ်တာတတ်တဲ့သဘော ရှိတယ်။ ကိုယ်နေတဲ့ အိမ်လေးဟာ ကြီးချင်မှ ကြီးမယ်၊ ကောင်းချင်မှ ကောင်းမယ်။ ဒါပေမယ် ဒါလေးဟာ ကိုယ့်ဘဝတစ်ခုလုံးလည်း ဖြစ်နေနိုင်တယ်။ ဒီအရာတွေကို စွန့်ခွါဖို့ ထားပစ်ဖို့ ပြတ်သားဖို့ဟာ အတော်ကြီးမားတဲ့ ရွေးချယ်မှုပဲ။ ဒါသည်ပင် လူတစ်ယောက်ရဲ့ အခြေခံချစ်စိတ်ပဲ။

ရွာတွေကို မီးရှို့ပစ်လိုက်တယ်။ နေစရာအိမ်မဲ့သွားကြတယ်။ စီးပွါးရေးတွေ ရပ်သွားတယ်။ တွယ်မက်စရာတွေ မရှိတော့ဘူး။ ဒီလိုဖြစ်စေတဲ့ ရန်သူဟာ ဘယ်သူဆိုတာလည်း ရှင်းလင်းတယ်။

အရင်က တော်လှန်ရေးဘက်ခြမ်းမှာ ရပ်ချင်ပါတယ်ဆိုရင်တောင် ငဲ့ကွက်စရာတွေနဲ့။ ဒီလိုလုပ်ရင် ဒီလိုအရာတွေ ဖြစ်လာမှာစိုးလို့ဆိုပြီး ချင့်ချိန်တွေးဆစရာတွေ အများသား။

တွယ်တာစရာ ဘာမှမကျန်တော့သူတွေကို ရွာမီးတင်ရှို့ခြင်းနဲ့ မွေးထုတ်လိုက်ကြတယ်။ နောက်လှည့်ရင် ကျောပဲရှိတဲ့ ကျောမွဲတွေကို နောက်လှည့်ရင်တောင် ဘာမှမရှိတော့တဲ့အခြေအနေတွေ ဖန်တီးလိုက်ကြတယ်။ တော်လှန်ရေးကို ရပ်တန့်ဖို့ဆိုပြီး တော်လှန်သူတွေကို စစ်တပ်ကပဲ မွေးထုတ်ပေးနေကြပြီ။

စစ်အာဏာရှင်စနစ်အောက်မှာ ဘယ်သူမှ ငြိမ်းချမ်းသာယာမနေပါဘူး။ ငြိမ်းချမ်းသာယာနေရင်လည်း ခဏပါပဲ။ ကိုယ်နေရာ ပူမလာခင်ထိ အေးနေတယ် ထင်နေကြပေါ့။

လောင်မြိုက်နေကြရှာတဲ့ အပြစ်မဲ့ပြည်သူတွေကို ဘာမှမတတ်နိုင်ဘူးလို့ နေစိမ့်ကြရင် ကိုယ်တိုင်လောင်မြိုက်ကြတဲ့အခါ ဘယ်သူမှ မကူနိုင်ဘူးဆိုတာလည်း ကြိုတင်တွက်ဆထားဖို့ပါပဲ။

ဒီတော်လှန်ရေးဟာ ဒီအတိုင်း ပြီးသွားမယ်အရာမဟုတ်ဘူးဆိုတာ နှလုံးသွင်းထားဖို့ပါပဲ။

ေနာက္လွည့္ရင္ ေက်ာပဲရွိတဲ့ ေက်ာမြဲေတြကို ဘာမွမရွိေတာ့တဲ့အေျခအေနျဖစ္ေအာင္ ႐ြာမီးတင္ရွို႔ျခင္းနဲ႕ ေမြးထုတ္လိုက္ၾကတယ္

႐ြာေတြကို မီးတင္ရွို႔တဲ့နည္းနဲ႕ ေတာ္လွန္ေရးကို ရပ္တန့္လို႔ရမယ္ထင္ေနတဲ့ မင္းေအာင္လွိုင္စစ္တပ္ရဲ႕ အေတြးအေခၚဟာ အေတာ္ဆိုးဆိုးဝါးဝါး နိမ့္က်ေနတာပဲ။

လူဆိုတာက ကိုယ့္ရဲ႕လက္ရွိအေျခအေန အေနအထားေလး ဘယ္ေလာက္ေသးငယ္ေနပါေစ တြယ္ဖက္တြယ္တာတတ္တဲ့သေဘာ ရွိတယ္။ ကိုယ္ေနတဲ့ အိမ္ေလးဟာ ႀကီးခ်င္မွ ႀကီးမယ္၊ ေကာင္းခ်င္မွ ေကာင္းမယ္။ ဒါေပမယ္ ဒါေလးဟာ ကိုယ့္ဘဝတစ္ခုလုံးလည္း ျဖစ္ေနနိုင္တယ္။ ဒီအရာေတြကို စြန့္ခြါဖို႔ ထားပစ္ဖို႔ ျပတ္သားဖို႔ဟာ အေတာ္ႀကီးမားတဲ့ ေ႐ြးခ်ယ္မႈပဲ။ ဒါသည္ပင္ လူတစ္ေယာက္ရဲ႕ အေျခခံခ်စ္စိတ္ပဲ။

႐ြာေတြကို မီးရွို႔ပစ္လိုက္တယ္။ ေနစရာအိမ္မဲ့သြားၾကတယ္။ စီးပြါးေရးေတြ ရပ္သြားတယ္။ တြယ္မက္စရာေတြ မရွိေတာ့ဘူး။ ဒီလိုျဖစ္ေစတဲ့ ရန္သူဟာ ဘယ္သူဆိုတာလည္း ရွင္းလင္းတယ္။

အရင္က ေတာ္လွန္ေရးဘက္ျခမ္းမွာ ရပ္ခ်င္ပါတယ္ဆိုရင္ေတာင္ ငဲ့ကြက္စရာေတြနဲ႕။ ဒီလိုလုပ္ရင္ ဒီလိုအရာေတြ ျဖစ္လာမွာစိုးလို႔ဆိုၿပီး ခ်င့္ခ်ိန္ေတြးဆစရာေတြ အမ်ားသား။

တြယ္တာစရာ ဘာမွမက်န္ေတာ့သူေတြကို ႐ြာမီးတင္ရွို႔ျခင္းနဲ႕ ေမြးထုတ္လိုက္ၾကတယ္။ ေနာက္လွည့္ရင္ ေက်ာပဲရွိတဲ့ ေက်ာမြဲေတြကို ေနာက္လွည့္ရင္ေတာင္ ဘာမွမရွိေတာ့တဲ့အေျခအေနေတြ ဖန္တီးလိုက္ၾကတယ္။ ေတာ္လွန္ေရးကို ရပ္တန့္ဖို႔ဆိုၿပီး ေတာ္လွန္သူေတြကို စစ္တပ္ကပဲ ေမြးထုတ္ေပးေနၾကၿပီ။

စစ္အာဏာရွင္စနစ္ေအာက္မွာ ဘယ္သူမွ ၿငိမ္းခ်မ္းသာယာမေနပါဘူး။ ၿငိမ္းခ်မ္းသာယာေနရင္လည္း ခဏပါပဲ။ ကိုယ္ေနရာ ပူမလာခင္ထိ ေအးေနတယ္ ထင္ေနၾကေပါ့။

ေလာင္ၿမိဳက္ေနၾကရွာတဲ့ အျပစ္မဲ့ျပည္သူေတြကို ဘာမွမတတ္နိုင္ဘူးလို႔ ေနစိမ့္ၾကရင္ ကိုယ္တိုင္ေလာင္ၿမိဳက္ၾကတဲ့အခါ ဘယ္သူမွ မကူနိုင္ဘူးဆိုတာလည္း ႀကိဳတင္တြက္ဆထားဖို႔ပါပဲ။

ဒီေတာ္လွန္ေရးဟာ ဒီအတိုင္း ၿပီးသြားမယ္အရာမဟုတ္ဘူးဆိုတာ ႏွလုံးသြင္းထားဖို႔ပါပဲ။

Leave a Reply

Your email address will not be published.