Local News
နှစ်သိန်းမပြည့်တဲ့လစာနဲ့ မိသားစုလိုက် ကျွန်ခံပြီး လူသတ် အဆစ်သတ်ပေးနေသော လူတန်းစားတရပ်ကို ထိထိမိမိပြောချလာတဲ့ ပန်ဆယ်လို
နှစ်သိန်းမပြည့်တဲ့လစာနဲ့ မိသားစုလိုက် ကျွန်ခံပြီး လူသတ် အဆစ်သတ်ပေးနေသော လူတန်းစားတရပ်ကို ထိထိမိမိပြောချလာတဲ့ ပန်ဆယ်လို
တစ်နိုင်ငံလုံးက မုန်းတယ်။ တစ်နိုင်ငံလုံးက ကျိန်ဆဲတယ်။ တစ်နိုင်ငံလုံးက သေစေချင်ကြတယ်။ စောက်မျိုးတစ်သိုက်နဲ့ မွေးရာပါ သန္ဓေယုတ် လက်တစ်ဆုပ်စာက စုပ်ချင်တိုင်းစုပ်နေပေမယ့် တစ်နိုင်ငံလုံးက တူးတူးခါးခါးကို မုန်းတယ်။
မယားက တပ်ရင်းမှူးကတော် ထမိန်လျှော်၊ လင်က စောက်ခေါမ LV အိတ်အသစ်အတွက် အသက်ပေး၊ ရတဲ့လစာ နှစ်ပဲခြောက်ပြားနဲ့ လိုင်းခန်းစုတ်ကို အိမ်လုပ်ပြီး TE ကားကို ကားထင်နေရတဲ့ဘဝအဆင့်အတန်းတွေ။
ကျောပိုးအိတ်အစား ခြင်းကျားလွယ်ပြီး စစ်ဖိနပ်အစား ရာဘာဖိနပ်စုတ်ကို စောက်ကောင်းလုပ်စီး၊ မီးကျိုးမောင်းပျက် တစ်လက်နဲ့ ဘဝင်မြင့်ချင်နေတဲ့ အတိုအစတွေ။
ကျွန်ဝယ်ရာ အဆစ်ပါပြီး လင်စစ်သား၊ မယားအိမ်ဖော်၊ သားကင်းစောင့်၊ အမျိုး ဘောမနဲ့ တစ်မျိုးလုံး ကျွန်ခံရတဲ့ဟာတွေ။ ကမ္ဘာမှာ စျေးအပေါဆုံး အလုပ်အကိုင်။ နှစ်သိန်းမပြည့်တဲ့လစာနဲ့ မိသားစုလိုက် ကျွန်ခံပြီး အဆစ်ပါ လူသတ်ပေးသေးတာ။ အောက်တန်းစားတွေလို့ ခေါ်တာ နည်းသေးတယ်။
ရှင်ချိန်မှာ အနုတ်စုတ်ဂုတ်စုတ်မို့ သေတော့ရော ချီးမြှောက်လားဆိုတော့ ချီးတွင်းထဲ ကန်ချခဲ့တာနဲ့၊ အမှိုက်အိတ်နဲ့ ထုတ်ရတာနဲ့။ ရက်မလည်သေးဘူး လိုင်းခန်းက ကန်ချလို့ ကျန်ရစ်သူမယားမှာ နေစရာဘုံမပျောက်ရေး မဲနှိုက် လင်စားယူရတာနဲ့။
ဂရက်ကျူတီ သိန်း၈၀ မပေးချင်လို့ တပ်ပြေးစာရင်းသွင်းပြီး သေတာတောင် အမြတ်ထုတ်ခံရသေးတာ နွားချီးကမှ မြေဩဇာဖြစ်သေး။ လူပေလူညစ်တွေအတွက် မြေဆီမြေညစ်အပြင် ဘာမှဖြစ်မလာမယ့် ဖုန်ဆိုးမြေလို လူယုတ်မာတွေ။
အပေါ်က ကောင်တွေ မကောင်းတာပါလို့ တွေးပြီး အောက်ခြေကို ကြည့်လိုက်ပြန်တော့ အိမ်မီးရှို့၊ ကားမှန်ရိုက်ခွဲ၊ လူသတ်၊ မုဒိမ်းကျင့်၊ လုယက်၊ သတ်ဖြတ်၊ နောက်ဆုံး ယုတ်စရာမရှိရင် ထမင်းအိုးထဲ ချီးပါခဲ့တဲ့ လူ့အန္ဓတွေ။
မင်းအောင်လှိုင်က စပြီး ထမင်းချက်အဆုံး စာရိတ္တဆိုတာ မူးလို့ရှူစရာမရှိတဲ့ စောက်ဆင့်စောက်တန်းတွေ။ လူစိတ်ဆိုတာ မှန်ဘီလူးနဲ့ရှာရင်တောင် မြူတမှုန်စာ ထွက်မလာတဲ့ အယုတ်အကန်းတွေ။
တစ်ဘဝစာလုံး တပ်တွင်းစစ်အာဏာရှင်စနစ်အောက်မှာ ခံလို့ခံရမှန်းမသိ ဥာဏ်တုံးနေတုန်းက အကောင်း။ အာဏာသိမ်းလိုက်မှ ရှင်နေချိန်လည်း စစ်သားပါ စစ်သားမိသားစုပါလို့ လူသိရှင်ကြား မသွားရဲ မလာရဲ၊ သေတော့လည်း သေတာတောင် Only me နဲ့ မှောင်ခို။
ဒီလို အောက်တန်းစားတွေကို ဘောမနေရတဲ့ ဒဗလယ် အောက်တန်းစားတွေ စပ်ဖျင်းဖျင်းဖြစ်လည်း မနည်းဘူး ရေးပြနေရတာ။
MaALoe တွေက နာရကောင်းမှန်း သိမယ်မထင်ပေါင်။
Zawgyi
About the author
admin
Add Comment
Click here to post a comment