Local News

MyTelနှင့်စစ်တပ်၏လုပ်ငန်းများအားလုံး ဖေ့ဘုတ်က က ဖယ်ရှားရေး ပြည်သူများလက်မှတ်စုဆောင်း

MyTelနှင့်စစ်တပ်၏လုပ်ငန်းများအားလုံး ဖေ့ဘုတ်က က ဖယ်ရှားရေး ပြည်သူများလက်မှတ်စုဆောင်း

ပါဝင်လက်မှတ်ထိုးရန် https://bit.ly/3BMlzKH

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်က တရားမ၀င် အာဏာသိမ်းကြိုးပမ်းမှု ​နောက်ပိုင်း (၇) လကြာ ကာလအတွင်း Facebook က ပိတ်ပင်ထားခဲ့သည့် Mytel ဖေ့စ်ဘွတ် ပင်မစာမျက်နှာဟာ ယခုရက်သတ္တပတ်အတွင်း ပြန်လည်အသက်ဝင်လာခဲ့ပါပြီ။

Mytel ဟာ မြန်မာစစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုများအား အဓိကပံ့ပိုးပေးတဲ့ ဝင်ငွေအရင်းအမြစ်တစ်ခုဖြစ်သလို၊ နည်းပညာ လွှဲပြောင်းပေးခြင်းဖြင့် အကြမ်းဖက်စစ်တပ်ကို ကူညီနေတဲ့ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ လုပ်ငန်း အဖွဲ့အစည်းတစ်ခုလည်း ဖြစ်တယ်။

အကြမ်းဖက်စစ်တပ်မှ တရားမ၀င် အာဏာသိမ်းကြိုးပမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ၇လနီးပါး ပိတ်ပင်ခံထားရတဲ့ Mytel ဖေ့စ်ဘွတ် ပင်မစာမျက်နှာဟာ ယခုရက်သတ္တပတ်အတွင်း ပြန်လည်အသက်ဝင်လာပါတယ်။

Facebook ဟာ မြန်မာစစ်တပ်နဲ့ စစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် မီဒီယာအဖွဲ့အစည်းတွေကို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂၄ ရက်မှစတင်ပြီး အရေးယူပိတ်ပင်ခဲ့ခြင်းဖြစ်ပြီး၊ သူ့ရဲ့ ပလက်ဖောင်းပေါ်မှာ ရှိနေတဲ့ စစ်တပ်ရဲ့ စီးပွားရေးကြော်ငြာတွေကိုလည်း ပိတ်ပင်ခဲ့ပါတယ်။

ဒါပေမဲ့ Mytel လို စစ်တပ်ပိုင် စီးပွားရေးကုမ္ပဏီတွေကို အပြည့်အဝ ပိတ်ပင် ထိန်းချုပ်ထားခြင်း မရှိမှုကြောင့် စစ်အုပ်စုအနေနဲ့ ၄င်းတို့ရဲ့ ထုတ်ကုန်တွေကို Facebook ပေါ်မှတဆင့် ဆက်လက် အရောင်းမြှင့်တင် ဖြန့်ချီခွင့် ရရှိနေပြီး၊ ဒါဟာ စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ဖို့ရာ ထောက်ပံပေးသဖွယ် ဖြစ်နေပါတယ်။

Mytel အနေနဲ့ ၄င်းတို့ရဲ့ ဖေ့စ်ဘွတ် ပင်မစာမျက်နှာ ကာလရှည် ပိတ်ပင်ခံထားရချိန်မှာ ဒေသဆိုင်ရာ Mytel ဖေ့ဘွတ်စာမျက်နှာများနဲ့ ဖေ့ဘွတ်ဂရု များကိုသာအသုံးပြုပြီး အရောင်းမြှင့်တင်ခြင်း၊ စားသုံးသူအသစ်များကို ရှာဖွေခြင်း တို့ကို လုပ်ဆောင်နေခဲ့ရတာပါ။

Mytel ဟာ ရက်စက်ယုတ်မာတဲ့ လုပ်ရပ်တွေကို ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို အဓိကပံ့ပိုးပေးတဲ့ ဝင်ငွေအရင်းအမြစ်တစ်ခုဖြစ်သလို၊ နည်းပညာ လွှဲပြောင်းပေးခြင်းဖြင့် အကြမ်းဖက်စစ်တပ်ကို ကူညီပေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ ဆက်စပ်နေတဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။

Mytel ကဲ့သိုသော ဝင်ငွေအရင်းအမြစ်တွေဟာ စစ်ဗိုလ်ချုပ်ကြီးတွေကို ပိုမိုအာဏာရစ်မူးစေသလို၊ စစ်အုပ်စုအနေနဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် စစ်ဆင်ရေးတွေ ဆက်လက်ကျူးလွန်နိုင်အောင် ထောက်ပံ့ကူညီနေတဲ့ ထောက်တိုင်တွေသဖွယ် ဖြစ်စေပါတယ်။

အသိပေးဖော်ထုတ်သူများဖြစ်တဲ့ Distributed Denial of Secrets အဖွဲ့ရဲ့ ဖွင့်ချမှုကြောင့် ပေါက်ကြားလာတဲ့ လျို့ဝှတ်စာရွက်စာတမ်းတွေအရ Mytel ဟာ စစ်ဗိုလ်ချုပ်ကြီးများအတွက် ဆယ်စုနှစ် ကာလအတွင်း အမြတ်ငွေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် ရှာဖွေပေးမှာဖြစ်ကြောင်းကို Justice For Myanmar မှ ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

Mytel ပင်မစာမျက်နှာကဲ့သို့ စစ်တပ်ထုတ်ကုန်များနှင့် အမှတ်တံဆိပ်များကို မြှင့်တင်ပေးနေတဲ့ ဖေ့စ်ဘွတ် စာမျက်နှာအားလုံးကို Facebook မှ အရေးယူ ဖယ်ရှားပေးရန်အတွက် ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK မှ လက်မှတ်ရေးထိုးလှုပ်ရှားမှု တစ်ရပ်ကို စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။

Facebook အနေဖြင့် စစ်တပ်စီးပွားရေးကို မြှင့်တင်တဲ့ စာမျက်နှာတွေကို ၎င်းတို့ရဲ့ ပလက်ဖောင်းပေါ်မှာ ဖော်ပြခွင့် ပေးနေမှုများအား မြန်မာပြည်သူ လူထုအနေနှင့် လက်မခံ ကန့်ကွက်ရှုတ်ချကြောင်းကို ပူးတွဲပါလင့်တွင် ဝင်ရောက်လက်မှတ်ထိုးခြင်း နှင့် ဖေ့စ်ဘွတ်သုံးစွဲသူ ပြည်သူများအကြား မျှဝေခြင်းဖြင့် ပါဝင်နိုင်ပါပြီ။

ပါဝင်လက်မှတ်ထိုးရန် https://bit.ly/3BMlzKH

Ref KhitThitMedia