Local News

ပခန်းငယ် ရဲစခန်းကို သိမ်းပိုက်ပြန်လာသည့် PDF များကို ရွာလူထုကြိုဆိုနေတဲ့ မြင်ကွင်း

ပခန်းငယ် ရဲစခန်းကို သိမ်းပိုက်ပြန်လာသည့် PDF များကို ရွာလူထုကြိုဆိုနေတဲ့ မြင်ကွင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ် အတွင်းရှိ ပခန်းငယ် ရဲစခန်းကို သိမ်းပိုက်ပြန်လာသော ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ကို ရွာလူထုက ကြိုဆိုသည့် ရုပ်သံဖိုင်ကို PDF- ရေစကြို၏ လူမှုကွန်ရက် စာမျက်နှာတွင် တင်ထားသည်။

ပခန်းငယ် ရဲစခန်းကို PDF အဖွဲ့များက နိုဝင်ဘာလ ၁၃ ရက်တွင် တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး အပြန်လမ်းတွင် ကျေးရွာတစ်ရွာရှိ လူထုက ကြိုဆိုကြခြင်း ဖြစ်သည်။

“ကျွန်တော်တို့ အဲဒီနေ့က ရဲစခန်းကို သိမ်းပြီး ပြန်လာတဲ့ အချိန်မှာ ရွာထဲက လူတွေက ထွက်ပြီး ကြိုဆို ကြတာပေါ့နော်”ဟု တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် Phoenix ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ပခန်းငယ်ရဲစခန်း တိုက်ခိုက်သိမ်းပိုက်မှုတွင် ရဲများက စခန်းကို စွန့်ပြေးကြပြီး ဆိုင်ကယ် လေးစီး၊ လက်နက် နှစ်လက်နှင့် စာရွက်စာတမ်းများကျန်ခဲ့ပြီး PDF အဖွဲ့များက စခန်းကို မီးရှို့ ဖျက်ဆီးခဲ့သည်။

Credit

Zawgyi







Credit

About the author

admin

Add Comment

Click here to post a comment