Local News

ပညာမတတ်တဲ့သူတွေနဲ့ တိုင်းပြည်တည် ဆောက်လို့မရ ဟု အာဏာသိမ်းစစ်ခေါင်းဆောင် ပြောကြား

ပညာမတတ်တဲ့သူတွေနဲ့ တိုင်းပြည်တည် ဆောက်လို့မရ ဟု အာဏာသိမ်းစစ်ခေါင်းဆောင် ပြောကြား

ပညာသင်ကြားသည့် အရွယ်ကျောင်းသား/ကျောင်းသူ များမှာ ပညာသင်ကြားရန်လိုပြီးပညာမတတ်သည့်သူတွေနှင့် တိုင်းပြည်တည်ဆောက်လို့မရဟုအာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် က ပြောကြားလိုက်သည်။

နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၉ ရက်နေ့မွန်းလွဲပိုင်းက ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစည်းအဝေးတွင်အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

အသက်မွေးဝမ်းကျောင်း ပညာသင်ကြားနိုင်ရေးနှင့် တိုင်းပြည်အတွက် အနာဂတ်ကောင်းများပေါ်ထွက် လာနိုင်ရန်အတွက် ပညာသင်ကြားသည့်အရွယ် ကျောင်းသား/ကျောင်းသူများအနေဖြင့်

ပညာကိုမဖြစ်မနေသင်ကြားရန်လိုပြီး မိမိအနေဖြင့်လည်း ပညာရေးဝန်ကြီးဌာနကိုကြပ်မတ်ပြောဆိုလျက်ရှိသည်ဟု ၎င်းက ထည့်သွင်းပြောဆိုထားသည်။

“ကျောင်းသားများကတော့ ပညာသင်ကြားရေးမှာ ပညာသင်ကြားရမယ့်အရွယ်မှာ ပညာရေးကိုပဲ စိတ်ဝင်စားဖို့လိုပါတယ်။ပညာ သင်ကြားဖို့တာဝန် ရှိပါတယ်။ စာတွေတတ်အောင်သင်ဖို့လည်း ပညာရေးဝန်ကြီးဌာနကိုလည်း ကျွန်တော်ကြပ်မတ် ပြီးတော့ ပြောဆိုလျက်ရှိပါတယ်။

တိုင်းပြည်ပညာရေး မြှင့်တင်ပေးနိုင်ပြီဆိုရင်တိုင်း ပြည်ရဲ့ အနာဂတ်ကောင်းနိုင်မယ့်အနေအထား ရှိတယ်ဆိုတာလည်း ကျွန်တော်ပြောလိုပါတယ်။ ပညာတတ်တွေနဲ့ပဲ တိုင်းပြည်တည်ဆောက်ရတာဖြစ်ပါ တယ်။ ပညာမတတ်တဲ့သူတွေနဲ့ တိုင်းပြည်တည် ဆောက်လို့မရပါဘူး”

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြောဆိုခဲ့ခြင်းဖြစ်သည်။နိုဝင်ဘာ ၁ ရက်နေ့မှ စတင်ပြီး အခြေခံပညာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်းအကြောင်းအမျိုးမျိုးကြောင့် ကျောင်းတက်ရောက်သူ နည်းပါးခဲ့ပြီး နိုဝင်ဘာ ၈ ရက်နေ့အထိ

မြန်မာနိုင်ငံအတွင်းအခြေခံပညာသင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၁၀ သန်းကျော်ရှိသည့် အနက်လက်ရှိကျောင်းတက်ရောက်နေသူ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၂ သန်း ၃ သိန်း ၅ ထောင်ကျော်သာ ရှိကြောင်းသိရှိရပါသည်။

Credit orginal writer