Local News

ပထမဆုံးCDM တရားသူကြီး NUG တရား​ရေးဝန်ကြီးဌာန၏အမြဲတမ်းအတွင်းဝန်ဖြစ်လာ

ပထမဆုံးCDM တရားသူကြီး NUG တရား​ရေးဝန်ကြီးဌာန၏အမြဲတမ်းအတွင်းဝန်ဖြစ်လာ

အာဏာသိမ်းစစ်ကောင်စီအားတရားရေးမဏ္ဍိုင်တွင်
ပထမဆုံးအာဏာဖိဆန်ကာ CDM ပြုလုပ်ခဲ့သည့် တရားသူကြီး ဦးမင်းနောင်ခိုင်သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်ဖြစ်လာသည်။

“အမျိုးသားညီညွတ်ရေးအစိုးရ၊တရားရေးဝန်ကြီးဌာန၏
အမြဲတမ်းအတွင်းဝန် (အစမ်းခန့်) အဖြစ်၇.၁.၂၀၂၂ ရက်နေ့တွင်စတင် တာဝန်ထမ်းဆောင်သည်” ဟု ဦးမင်းနောင်ခိုင်ကဇန်နဝါရီ ၈ ရက်တွင်သူ၏ ​ဖေစ်ဘွခ်မှတစ်ဆင့် အသိ့​ပေးသည်။

အသက် ၃၀အရွယ်ဦးမင်းနောင်ခိုင်သည် မိုးညိုမြို့နယ် ဒုတိယမြို့နယ်တရားသူကြီးအဖြစ် တာဝန်းထမ်းဆောင်နေစဉ် စစ်တပ်က နိုင်ငံတော်အာဏာသိမ်းသည့်အခါ CDM ပြုလုပ်ကြောင်း ပထမဆုံး ကြေငြာခဲ့သည့် တရားသူကြီး ဖြစ်သည်။

CDMပြုလုပ်​ကြောင်းကြေငြာပြီးနောက် အကြမ်းဖက်စစ်ကောင်စီကပုဒ်မ၅၀၅-က ဖြင့် ဖမ်းဆီးတရားစွဲဆိုကာ ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့သည်။

လွတ်ငြိမ်းဖြင့် ပြန်လွတ်မြောက်ခဲ့ပြီးနောက်ဦးမင်းနောင်ခိုင်သည်လွတ်မြောက်
နယ်မြေသို့ ထွက်လာကာ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ချိတ်ဆက်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်ဆောင်ရွက်​နေသည်။

ယခုအခါတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်အဖြစ် ခန့်အပ်တာဝန်ပေးခံရခြင်းဖြစ်သည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ၊အခြားသောဥပဒေနဲ့မညီတဲ့ လုပ်ရပ်တွေကိုလက်မခံခြင်းသည် ကျွန်တော်တို့နိုင်ငံသားတွေရဲ့တာဝန်ပဲ”ဟု CDM ပြုလုပ်ခဲ့သည့် ဆုံးဖြတ်ချက်ကို ဦးမင်းနောင်ခိုင်က ပြောကြားထားသည်။

People’s Spring

Zawgyi

ပထမဆုံးCDM တရားသူႀကီး NUG တရား​ေရးဝန္ႀကီးဌာန၏အၿမဲတမ္းအတြင္းဝန္ျဖစ္လာ

အာဏာသိမ္းစစ္ေကာင္စီအားတရားေရးမ႑ိဳင္တြင္
ပထမဆုံးအာဏာဖိဆန္ကာ CDM ျပဳလုပ္ခဲ့သည့္ တရားသူႀကီး ဦးမင္းေနာင္ခိုင္သည္ အမ်ိဳးသားညီၫြတ္ေရးအစိုးရ၊ တရားေရးဝန္ႀကီးဌာန၏ အၿမဲတမ္းအတြင္းဝန္ျဖစ္လာသည္။

“အမ်ိဳးသားညီၫြတ္ေရးအစိုးရ၊တရားေရးဝန္ႀကီးဌာန၏
အၿမဲတမ္းအတြင္းဝန္ (အစမ္းခန္႔) အျဖစ္၇.၁.၂၀၂၂ ရက္ေန႔တြင္စတင္ တာဝန္ထမ္းေဆာင္သည္” ဟု ဦးမင္းေနာင္ခိုင္ကဇန္နဝါရီ ၈ ရက္တြင္သူ၏ ​ေဖစ္ဘြခ္မွတစ္ဆင့္ အသိ့​ေပးသည္။

အသက္ ၃၀အ႐ြယ္ဦးမင္းေနာင္ခိုင္သည္ မိုးညိဳၿမိဳ႕နယ္ ဒုတိယၿမိဳ႕နယ္တရားသူႀကီးအျဖစ္ တာဝန္းထမ္းေဆာင္ေနစဥ္ စစ္တပ္က ႏိုင္ငံေတာ္အာဏာသိမ္းသည့္အခါ CDM ျပဳလုပ္ေၾကာင္း ပထမဆုံး ေၾကျငာခဲ့သည့္ တရားသူႀကီး ျဖစ္သည္။

CDMျပဳလုပ္​ေၾကာင္းေၾကျငာၿပီးေနာက္ အၾကမ္းဖက္စစ္ေကာင္စီကပုဒ္မ၅၀၅-က ျဖင့္ ဖမ္းဆီးတရားစြဲဆိုကာ ေထာင္ဒဏ္သုံးႏွစ္ခ်မွတ္ခဲ့သည္။

လြတ္ၿငိမ္းျဖင့္ ျပန္လြတ္ေျမာက္ခဲ့ၿပီးေနာက္ဦးမင္းေနာင္ခိုင္သည္လြတ္ေျမာက္
နယ္ေျမသို႔ ထြက္လာကာ အမ်ိဳးသားညီၫြတ္ေရးအစိုးရႏွင့္ ခ်ိတ္ဆက္ၿပီး စစ္အာဏာ႐ွင္ဆန္႔က်င္ေရး ဆက္လက္ေဆာင္႐ြက္​ေနသည္။

ယခုအခါတြင္ အမ်ိဳးသားညီၫြတ္ေရးအစိုးရ၊ တရားေရးဝန္ႀကီးဌာန၏ အၿမဲတမ္းအတြင္းဝန္အျဖစ္ ခန္႔အပ္တာဝန္ေပးခံရျခင္းျဖစ္သည္။

“ဖြဲ႕စည္းပုံအေျခခံဥပေဒ၊အျခားေသာဥပေဒနဲ႔မညီတဲ့ လုပ္ရပ္ေတြကိုလက္မခံျခင္းသည္ ကြၽန္ေတာ္တို႔ႏိုင္ငံသားေတြရဲ႕တာဝန္ပဲ”ဟု CDM ျပဳလုပ္ခဲ့သည့္ ဆုံးျဖတ္ခ်က္ကို ဦးမင္းေနာင္ခိုင္က ေျပာၾကားထားသည္။

People’s Spring

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.