Local News

ပန်ဆယ်လို အဆဲခံရတာ မဆန်းပေမယ့် ဒီတခါ ဆန်းတယ်လို့ ပြောလာတဲ့ ပန်ဆယ်လို

ပန်ဆယ်လို အဆဲခံရတာ မဆန်းပေမယ့် ဒီတခါ ဆန်းတယ်လို့ ပြောလာတဲ့ ပန်ဆယ်လို

မနက်က စောစောစီးစီး အဆဲခံလိုက်ရတယ်။ မိပန်ရယ်… နင်အဆဲခံရတာ ဆန်းလို့လားမေးရင် ဒီတစ်ခါတော့ ဆန်းတယ်ပြောရမယ်။ မြေပြင်ကအဖွဲ့ဆိုသူတွေက သူတို့ကို မပေးရကောင်းလားဆိုပြီး ဆဲတာ။

ဒီရက်ထဲ California ရံပုံငွေရှာဖွေရေး ခရီးထွက်မှာမို့လို့ Online ပေါ်က နည်းနည်းပျောက်မယ် ကြိုရေးထားခဲ့ပါတယ်။ စာတွေတင်နေတယ်ဆိုတာကလည်း ရေးပြီး တင်ခဲ့ပါသေးတယ်။

မြေပြင်အဖွဲ့တွေ စိစစ်တဲ့ကိစ္စတွေကို ခရီးပြန်ရောက်မှ လုပ်နိုင်မှာပါ။ ဒါပေမယ့် ဒီရက်ထဲ အတည်ပြုပြီးသားအဖွဲ့တွေကို လွှဲစရာရှိတာ လွှဲနေတာပါပဲ။ အသစ်အတည်ပြုရမယ့်အဖွဲ့တွေကိုတော့ ခရီးလမ်းမှာ မစိစစ်နိုင်တာပါ။

ကျွန်မမှာလည်း ရရှိတဲ့ ကူညီငွေနဲ့ ကူရမယ့်အဖွဲ့အရေအတွက်နဲ့ ချိန်နေရတာပါ။ အချိန်တိုင်းခေါင်းထဲပေသီးခေါက်နေရတာပါ။ အဖွဲ့ရဲ့ အချက်အလက်တွေ မှန်နေရင်တောင် ငွေမရှိရင် ပေးမရပါဘူး။

ဒါပေမယ့် မှန်ရင် ပေးမယ့်အထဲ ထည့်ထားပါတယ်။ အချိန်စောင့်ပေးစေချင်ပါတယ်။ အခုလာပြော အခုငွေပို့ဆိုတာမျိုး ဖိအားမပေးစေချင်ပါဘူး။

အခု ရံပုံငွေရှာဖွေရေးခရီးစဉ်မှာ ရရှိတဲ့ ရံပုံငွေတွေကလည်း ကျွန်မနဲ့ ဘာမှကို မသက်ဆိုင်တာပါ။ ကျွန်မမှာ စီမံခန့်ခွဲခွင့်လည်း မရှိပါ။ ရှိစရာလည်း မလိုပါ။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကတဆင့် မှန်ကန်တဲ့အဖွဲ့တွေဆီ အဂတိကင်းကင်းစီးဆင်းမယ့်ငွေပါ။ နွေဦးတော်လှန်ရေးဆီပဲ စီးဆင်းမယ့်ငွေပါ။ စာရင်းဇယားတွေ အတိအကျနဲ့ပါ။

ကျွန်မတို့ဟာ အခုအချိန်မှာ ဒီတော်လှန်ရေးကြီး အောင်မြင်ဖို့ တစ်ဦးတစ်ယောက်ချင်းစီတိုင်း အားကုန်ထုတ်နေတဲ့ အချိန်ပါ။ ကျွန်မလည်း ကိုယ်လုပ်နိုင်သမျှ အစွမ်းကုန်အားထုတ်နေတယ်ဆိုတာ ယုံပေးပါ။ တစ်ယောက်နဲ့တစ်ယောက် သွေးကွဲစကားတွေ မပြောဘဲ ခဏလောက်ဖြစ်ဖြစ် စည်းလုံးကြရအောင်လား။

စိတ်မကောင်းဖြစ်လို့ ရေးတာမဟုတ်ပါဘူး။စိတ်ဝမ်းကွဲမှာစိုးလို့ ရေးတဲ့စာပါ။ အမြင်ရှင်းလင်းစေဖို့ပါ။

ဒီကာလမှာ မင်းအောင်လှိုင်နဲ့ လပ်တီးအပြင် ဘယ်သူ့ကိုမှ အပြစ်မမြင်ပါ။

zawgyi

ပန္ဆယ္လို အဆဲခံရတာ မဆန္းေပမယ့္ ဒီတခါ ဆန္စနယ္လို႔ ေျပာလာတဲ့ ပန္ဆယ္လို

မနက္က ေစာေစာစီးစီး အဆဲခံလိုက္ရတယ္။ မိပန္ရယ္ နင္အဆဲခံရတာ ဆန္းလို႔လားေမးရင္ ဒီတစ္ခါေတာ့ ဆန္းတယ္ေျပာရမယ္။ ေျမျပင္ကအဖြဲ႕ဆိုသူေတြက သူတို႔ကို မေပးရေကာင္းလားဆိုၿပီး ဆဲတာ။

ဒီရက္ထဲ California ရံပုံေငြရွာေဖြေရး ခရီးထြက္မွာမို႔လို႔ Online ေပၚက နည္းနည္းေပ်ာက္မယ္ ႀကိဳေရးထားခဲ့ပါတယ္။ စာေတြတင္ေနတယ္ဆိုတာကလည္း ေရးၿပီး တင္ခဲ့ပါေသးတယ္။

ေျမျပင္အဖြဲ႕ေတြ စိစစ္တဲ့ကိစၥေတြကို ခရီးျပန္ေရာက္မွ လုပ္နိုင္မွာပါ။ ဒါေပမယ့္ ဒီရက္ထဲ အတည္ျပဳၿပီးသားအဖြဲ႕ေတြကို လႊဲစရာရွိတာ လႊဲေနတာပါပဲ။ အသစ္အတည္ျပဳရမယ့္အဖြဲ႕ေတြကိုေတာ့ ခရီးလမ္းမွာ မစိစစ္နိုင္တာပါ။

ကြၽန္မမွာလည္း ရရွိတဲ့ ကူညီေငြနဲ႕ ကူရမယ့္အဖြဲ႕အေရအတြက္နဲ႕ ခ်ိန္ေနရတာပါ။ အခ်ိန္တိုင္းေခါင္းထဲေပသီးေခါက္ေနရတာပါ။ အဖြဲ႕ရဲ႕ အခ်က္အလက္ေတြ မွန္ေနရင္ေတာင္ ေငြမရွိရင္ ေပးမရပါဘူး။ ဒါေပမယ့္ မွန္ရင္ ေပးမယ့္အထဲ ထည့္ထားပါတယ္။ အခ်ိန္ေစာင့္ေပးေစခ်င္ပါတယ္။ အခုလာေျပာ အခုေငြပို႔ဆိုတာမ်ိဳး ဖိအားမေပးေစခ်င္ပါဘူး။

အခု ရံပုံေငြရွာေဖြေရးခရီးစဥ္မွာ ရရွိတဲ့ ရံပုံေငြေတြကလည္း ကြၽန္မနဲ႕ ဘာမွကို မသက္ဆိုင္တာပါ။ ကြၽန္မမွာ စီမံခန့္ခြဲခြင့္လည္း မရွိပါ။ ရွိစရာလည္း မလိုပါ။ သက္ဆိုင္ရာ အဖြဲ႕အစည္းေတြကတဆင့္ မွန္ကန္တဲ့အဖြဲ႕ေတြဆီ အဂတိကင္းကင္းစီးဆင္းမယ့္ေငြပါ။ ႏြေဦးေတာ္လွန္ေရးဆီပဲ စီးဆင္းမယ့္ေငြပါ။ စာရင္းဇယားေတြ အတိအက်နဲ႕ပါ။

ကြၽန္မတို႔ဟာ အခုအခ်ိန္မွာ ဒီေတာ္လွန္ေရးႀကီး ေအာင္ျမင္ဖို႔ တစ္ဦးတစ္ေယာက္ခ်င္းစီတိုင္း အားကုန္ထုတ္ေနတဲ့ အခ်ိန္ပါ။ ကြၽန္မလည္း ကိုယ္လုပ္နိုင္သမွ် အစြမ္းကုန္အားထုတ္ေနတယ္ဆိုတာ ယုံေပးပါ။ တစ္ေယာက္နဲ႕တစ္ေယာက္ ေသြးကြဲစကားေတြ မေျပာဘဲ ခဏေလာက္ျဖစ္ျဖစ္ စည္းလုံးၾကရေအာင္လား။

စိတ္မေကာင္းျဖစ္လို႔ ေရးတာမဟုတ္ပါဘူး။စိတ္ဝမ္းကြဲမွာစိုးလို႔ ေရးတဲ့စာပါ။ အျမင္ရွင္းလင္းေစဖို႔ပါ။

ဒီကာလမွာ မင္းေအာင္လွိုင္နဲ႕ လပ္တီးအျပင္ ဘယ္သူ႕ကိုမွ အျပစ္မျမင္ပါ။