Local News

ပရိသတ်တွေ နာလည်မှုလွဲနေကြတာပါလို့ ပြန်လည်ဖြေရှင်းလာတဲ့ လူရွှင်တော်ဒိန်းဒေါင်

ပရိသတ်တွေ နာလည်မှုလွဲနေကြတာပါလို့ ပြန်လည်ဖြေရှင်းလာတဲ့ လူရွှင်တော်ဒိန်းဒေါင်

ပရိသတ်ကြီးရေ ဟာသလူရွှင်တော် ဒိန်းဒေါင်တစ်ယောက်ကတော့ ပရဟိတတွေ လုပ်ရင်း ပရိသတ်တွေရဲ့လေးစားအားကျမှုကို ရထားသူပါနော်။

ဟာသလူရွှင်တော်တစ်ယောက်ဖြစ်တဲ့ ဒိန်းဒေါင်ကတော့ အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

သို့သော်လည်း လူအများလုပ်နေကြတဲ့ ဆန္ဒပြပွဲတွေမှာ ဝင်မပါဘဲ ငြိမ်နေသူတွေထဲမှာ ထိပ်ဆုံးပါပဲနော်။

အာဏာသိမ်းပြီးနောက်ပိုင်းမှ ဒိန်းဒေါင်က စစ်တပ်ကကျင်းပတဲ့အခမ်းအနားပွဲတွေမှာတတ်ရောက်ခဲ့ ပြည်သူတွေက ဖယ်ကြဉ်ခြင်းခံထားရသူတစ်ယောက်လဲဖြစ်ပါတယ်။

ဒါကြောင့်မလို့ ပရိသတ်တွေရဲ့ ပြင်းထန်စွာဝေဖန်ခြင်းခံရပြီး ဒိန်းဒေါင်ကတော့ လူမှုကွန်ရက်စာမျက်နှာကနေ ပျောက်ကွယ်သွားခဲ့တာဖြစ်ပါတယ်။

လူမှုကွန်ယက်တွင် တက်လာတဲ့ သတင်းတွေကြောင့် ပြည်သူ့ချဉ်ဖတ် လောက်ကောင် စာရင်းဝင်သွားပါပြီနော်။

စစ်ကောင်စီက ကျင်းပတဲ့ သင်္ကြန်ပွဲတော်မှာ အနုပညာရှင်တစ်ဦးအနေနဲ့ အခကြေးငွေယူကာ သွားရောက်ဖျော်ဖြေခဲ့တာကြောင့် ပရိသတ်တွေ အတော်လေးကို ဒေါသထွက်ခဲ့တာပါနော်။

သူကိုယ်တိုင် ပြောထားတဲ့ ဗီဒီယိုဖိုင်မှာလည်း မြန်မာနိုင်ငံတွင် လစာနည်းနည်းဖြင့် လုပ်ကိုင်နေသူများမှာ စစ်တပ်မှဖြစ်တာကြောင့်ဘယ်သူဘာပြောပြော စစ်တပ်ကိုသာ ထောက်ခံမည်ဖြစ်ပြီး လာပြောတဲ့သူတွေကိုလည်း ဂရုမစိုက်ကြောင်း ပြောထားတာပါနော်။

ပရိသတ်တွေကတော့ ဒိန်းဒေါင်ရဲ့ ဗီဒီယိုကို ကြည့်ပြီး အလွန်ကို ရွံရှာနေကြတာပါနော်။

အခုလဲ ပရိသတ်တွေ အထင်အမြင်လွဲမှားနေတဲ့အကြောင်းကို ပြန်ပြောလာပြန်ပါတယ်။