ပလက်ဝတွင် စစ်တပ်က ရက္ခိုင့်တပ်မတော် AA တွေရှိတဲ့နေရာကို လက်နက်ကြီးနဲ့ပစ်ခတ်ရန်စနေ

ပလက်ဝတွင် စစ်တပ်က ရက္ခိုင့်တပ်မတော် AA တွေရှိတဲ့နေရာကို လက်နက်ကြီးနဲ့ပစ်ခတ်ရန်စနေ

ချင်းပြည်နယ်၊ ပလက်ဝမြို့ရှေ့ဘက်ကမ်းမှာရှိတဲ့ ၂၈၉ တပ်ရင်းကနေ ရက္ခိုင့်တပ်မတော် AA တွေရှိတဲ့ အဘောင်သားရွာဘက်

ဒီနေ့ မေ ၂၆ ရက် မနက် ၈ နာရီလောက်စပြီး လက်နက်ကြီးနဲ့ အချက် ၂၀ ဝန်းကျင်ပစ်ခတ်တယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။

အဘောင်သားရွာဟာ ပလက်ဝမြို့ရဲ့ အနောက်ဘက်မှာရှိပြီး မြို့နဲ့ ၄ မိုင်လောက်ဝေးပါတယ်။

စစ်ကောင်စီပစ်ခတ်တဲ့နေရာဟာ ရက္ခိုင့်တပ်မတော် AA ကြီးစိုးတဲ့နေရာဖြစ်ပြီး ဘယ်နေရာမှာ လက်နက်ကြီးကျတာလဲဆိုတာမသိရသေးပါ။






Leave a Reply

Your email address will not be published.