ပါးနပ်ရတာ မုန်းတယ် ခင်ဗျား ပြုံးနေလိုက် ကိုဇေယျာ…

ပါးနပ်ရတာ မုန်းတယ် ခင်ဗျား ပြုံးနေလိုက် ကိုဇေယျာ…

လူနပ်တွေကြားခင်ဗျား မပါးတတ်ဘူးဆိုတာ မယုံဘူး
အဲလို တည့်တည့်ကြီး မိုက်မဲချလိုက်တာ ဒီညရင်ကွဲနေရတာပဲ

ဒီကဗျာက လီးပဲလို့ အော် မဆဲရဲလို့တိတ်တခိုးကျရတဲ့ မျက်ရည်ပါလောကကိုလူမိုက်တွေနဲ့ အုတ်မြစ် ချတယ်
လူလယ်တွေနဲ့ ဆိုင်းဘုတ် ချိတ်တယ်

ကျုပ်တို့လို လူလယ်တွေ လွတ်ဖို့ခင်ဗျား သိသိနဲ့ မိုက်ပေးခဲ့တာဟာ… မဟုတ်ပါဘူးဗျာ ဆိုပြီးနူးနူးညံ့ညံ့လေး ရယ်နေဦးမှာလားဒီညကို ရပ်ထားပေးဗျာ

ကဗျာနဲ့ ငိုပြတဲ့ မအေလိုးက ကျွန်တော်ပါပစောက်ဖြစ်မရှိတဲ့ လူ့ကပ်ပါးက ကျွန်တော်ပါပဲကျွန်တော့်လို လများလို့ခင်ဗျားလို လူ နည်းခဲ့ရတယ်

တခါ တခါမှာဘေးလူကို လွှဲချတတ်သူ ဖြစ်ချင်တယ်
နေတတ် လိုက်ကြပုံများအသက်တွေအတွက် တာဝန်မရှိပုံများ ခင်ဗျား အဲလို နေခဲ့ရမှာ ဂီတဆီ ဂငယ်ကွေ့ ထိုးဆင်းဖို့လင်းလက်နေတဲ့ ညစင်ပေါ်မှာ ခင်ဗျားတက်ကြွနေပုံများ နိုက်ထရစ်ရေ ကိုဇေယျာရေ

ဒီည ကျုပ် ဘယ်လိုနေရပါ့bလွှတ်မချ ရဲဘူးဒါပေမယ့် ဆွဲထားတာမှ မမိတာလက်သီး ဆုပ်အဖြစ်နံရံကိုတောင် ထိုးမချရဲအဲဒီလောက် လွဲခဲ့တာ

အတိတ်ဟာ တကျော့ချင်းဆင်းလာတဲ့ ညခင်ဗျား ရဲဘော် ရဲဘက်တွေမြို့ထဲမှာ လက်ဖက်ရည် ထွက်သောက်လို့ပါ့လားခံဝန်လေးတချက်ကိုမျက်နှာ မပျက်ပဲထိုးအဲဒီမအေလိုးတွေကျ သာယာနေတာ

နှိမ့်ချ ရိုကျိုးရိုးသားတဲ့ အပြုံးနဲ့လက်ဆွဲ နှုတ်ဆက်တဲ့ အစကနေဆစ်ကနယ်မှာ စကားဆိုအကုန်လုံးကို ပြန်မြင်တယ်တကယ်ဆို ဆွဲခေါ်ခဲ့ရမှာလာမှာ မဟုတ်မှန်း သိပေမယ့်ပေါ့

ကျုပ်တို့ လယ်သမျှခင်ဗျား နင်းကန်`အ’ တယ်
ခင်ဗျား `အ’ သမျှကျုပ်မျက်ရည် ကျရပြီ။

ကိုဇေယျာရေစကားတွေ ပြောချင်နေတယ်….

သက်ကမိုးညို

Leave a Reply

Your email address will not be published.