Local News

ပိုင်တံခွန် အလုပ်ကြမ်းနှင့် ​ထောင်သုံးနှစ်ချခံရ၊ ကျန်းမာ​ရေး​ကောင်းမွန်ဟုဆို

ပိုင်တံခွန် အလုပ်ကြမ်းနှင့် ​ထောင်သုံးနှစ်ချခံရ၊ ကျန်းမာ​ရေး​ကောင်းမွန်ဟုဆို

နာမည်​ကျော်သရုပ်​ဆောင် ပိုင်တံခွန်ကို ဆန္ဒပြရာတွင်ပါဝင်သည်ဟုဆိုကာ စစ်​ကောင်စီ၏ လက်ပါး​စေ တရားသူကြီးက ယ​နေ့(ဒီဇင်ဘာ၂၇)တွင် အလုပ်ကြမ်းနှင့် ​ထောင်ဒဏ်၃နှစ် ချမှတ်လိုက်သည်။

ပိုင်တံခွန်၏ ပုဒ်မ ၅၀၅- က အမှုနှင့်ပတ်သက်ပြီး အင်းစိန်အကျဥ်း​ထောင် အထူးတရားရုံး၌ ရုံးထုတ်စစ်​ဆေးစဥ် ဒဂုံမြို့သစ်​မြောက်ပိုင်းတရားသူကြီးက ထိုကဲ့သို့ အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ပိုင်တံခွန်၏ ဥပ​ဒေအကြံ​ပေး ဦးခင်​မောင်မြင့်က လူထု​နွေဦးသို့ အတည်ပြုသည်။

“တကယ်​တော့ ဒီ​နေ့က သူ့ကိုအမိန့်ချရမှာ မဟုတ်​သေးဘူး။ အမိန့်ချဖို့ သုံးချိန်း​လောက်လို​သေးတယ်။ ဒီ​နေ့မှာ တရားလိုပြသက်​သေက မလာ​တော့ တရားသူကြီးက ပိုင်တံခွန်ကို​ခေါ်တယ်။

ဓာတ်ပုံပြပြီး​တော့ ဒီပုံတိုင်းထဲကအတိုင်း ဆန္ဒပြရာမှာပါလား​မေးတယ်။ ပိုင်တံခွန်ကပါတယ်လို့​ ပြော​တော့။ အဲဒါဆို ဆက်စစ်စရာမလို​တော့ဘူးဆိုပြီး အမိန့်ချလိုက်တာ” ဟု ၎င်းက ​ပြောသည်။

ချုပ်ရက်များနှုတ်ထုတ်ခံစားခွင့်ရရှိပြီး ကျန်းမာ​ရေးလည်း ​ကောင်းမွန်​ကြောင်း ဦးခင်​မောင်မြင့်က ​ပြော သည်။

သရုပ်​​ဆောင် ပိုင်တံခွန်ကို အာဏာသိမ်းစစ်​ကောင်စီအဖွဲ့က ပြီးခဲ့သည့် ဧပြီ ၈ရက်တွင် ​ဒဂုံမြို့သစ်​မြောက်ပိုင်းရှိ ​နေအိမ်တွင် မတရားဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

People’sSpring

Zawgyi

ပိုင္တံခြန္ အလုပ္ၾကမ္းႏွင့္ ​ေထာင္သုံးႏွစ္ခ်ခံရ၊ က်န္းမာ​ေရး​ေကာင္းမြန္ဟုဆို

နာမည္​ေက်ာ္သ႐ုပ္​ေဆာင္ ပိုင္တံခြန္ကို ဆႏၵျပရာတြင္ပါဝင္သည္ဟုဆိုကာ စစ္​ေကာင္စီ၏ လက္ပါး​ေစ တရားသူႀကီးက ယ​ေန႔(ဒီဇင္ဘာ၂၇)တြင္ အလုပ္ၾကမ္းႏွင့္ ​ေထာင္ဒဏ္၃ႏွစ္ ခ်မွတ္လိုက္သည္။

ပိုင္တံခြန္၏ ပုဒ္မ ၅၀၅- က အမႈႏွင့္ပတ္သက္ၿပီး အင္းစိန္အက်ဥ္း​ေထာင္ အထူးတရား႐ုံး၌ ႐ုံးထုတ္စစ္​ေဆးစဥ္ ဒဂုံၿမိဳ႕သစ္​ေျမာက္ပိုင္းတရားသူႀကီးက ထိုကဲ့သို႔ အမိန္႔ခ်မွတ္လိုက္ျခင္းျဖစ္သည္ဟု ပိုင္တံခြန္၏ ဥပ​ေဒအၾကံ​ေပး ဦးခင္​ေမာင္ျမင့္က လူထု​ေႏြဦးသို႔ အတည္ျပဳသည္။

“တကယ္​ေတာ့ ဒီ​ေန႔က သူ႕ကိုအမိန္႔ခ်ရမွာ မဟုတ္​ေသးဘူး။ အမိန္႔ခ်ဖို႔ သုံးခ်ိန္း​ေလာက္လို​ေသးတယ္။ ဒီ​ေန႔မွာ တရားလိုျပသက္​ေသက မလာ​ေတာ့ တရားသူႀကီးက ပိုင္တံခြန္ကို​ေခၚတယ္။

ဓာတ္ပုံျပၿပီး​ေတာ့ ဒီပုံတိုင္းထဲကအတိုင္း ဆႏၵျပရာမွာပါလား​ေမးတယ္။ ပိုင္တံခြန္ကပါတယ္လို႔​ ေျပာ​ေတာ့။ အဲဒါဆို ဆက္စစ္စရာမလို​ေတာ့ဘူးဆိုၿပီး အမိန္႔ခ်လိုက္တာ” ဟု ၎က ​ေျပာသည္။

ခ်ဳပ္ရက္မ်ားႏႈတ္ထုတ္ခံစားခြင့္ရ႐ွိၿပီး က်န္းမာ​ေရးလည္း ​ေကာင္းမြန္​ေၾကာင္း ဦးခင္​ေမာင္ျမင့္က ​ေျပာ သည္။

သ႐ုပ္​​ေဆာင္ ပိုင္တံခြန္ကို အာဏာသိမ္းစစ္​ေကာင္စီအဖြဲ႕က ၿပီးခဲ့သည့္ ဧၿပီ ၈ရက္တြင္ ​ဒဂုံၿမိဳ႕သစ္​ေျမာက္ပိုင္း႐ွိ ​ေနအိမ္တြင္ မတရားဖမ္းဆီးခဲ့ျခင္း ျဖစ္သည္။

People’sSpring

Recent Comments

No comments to show.