ပူတင် ဘော်ဒီဂတ်တွေဟာ ပူတင် အင်အင်း 💩 ကို ရွှေလိုတန်ဖိုးထားပြီး ဘာလို့ပြန်သယ်ရသလဲ

ပူတင် ဘော်ဒီဂတ်တွေဟာ ပူတင် အင်အင်း 💩 ကို ရွှေလိုတန်ဖိုးထားပြီး ဘာလို့ပြန်သယ်ရသလဲ

ရုရှားသမ္မတပူတင်ရဲ့ဘော်ဒီဂတ်တွေဟာလစာအတော်ကောင်းပြီး FPS လို့ခေါ်တဲ့ (Russian president’s Federal Protection Service) ကနေစိတ်ကြိုက်ရွေးထုတ်ထားသူတွေဖြစ်ပါတယ်။

ပူတင်ရဲ့ဘော်ဒီဂတ်တွေဟာ ပူတင်ပါတဲ့အင်အင်း 💩 တွေကို သေသေချာချာမပျောက်ရှရအောင်ထုပ်ပိုးပြီး ရုရှားကိုပြန်သယ်ရတယ်လို့ဆိုပါတယ်။

နိုင်ငံခြားခရီးစဉ်တွေမှာ ပူတင်ဟာရိုးရိုးအိမ်သာမှာမတက်ပဲ ပူတင်အတွက် (porta-potty) သယ်လို့ရတဲ့ ယာယီအိမ်သာသပ်သပ်ယူသွားရတယ်လို့ဆိုပါတယ်။

ပူတင်ပါသမျှအင်အင်း 💩💩 တွေကို အိတ်တစ်လုံးနဲ့ထုပ်ပြီး စပါယ်ရှယ်လက်ဆွဲအိတ် briefcase 💼 ထဲထည့်ပြီး အိမ်ပြန်သယ်ရတယ်လို့ဆိုပါတယ်။

ပူတင်ကြွလာလို့ ဘေးတစ်ဖက်တစ်ချက်မှာ ကိုယ်ရံတော်ဘော်ဒီဂတ်တွေဟာ 💼 လက်ဆွဲအိတ်တွေကိုရှိုးနဲ့မိုးနဲ့သယ်လာတာကိုတွေ့ရင် ဒေါ်လာတွေ နျူးကလီယားကွန်ထရိုလာတွေသယ်လာတယ်မထင်ပါနဲ့။ တချို့အိတ်တွေဟာ ပူတင်ရဲ့ အင်းအင်း 💩 ထုပ်တွေဖြစ်ပါတယ်။

ဒီအကြောင်းကို ပြင်သစ်သတင်းမဂ္ဂဇင်း Paris Match ကပထမဦးဆုံးရေးသားခဲ့တာဖြစ်ပါတယ်။

ပူတင်ဟာသူ့အင်အင်း 💩 ကို ရွှေလိုတန်ဖိုးထားပြီးဘာလို့ပြန်သယ်သလဲဆိုတာ အကြောင်းရှိပါတယ်။

၂၀၁၆ တုန်းက အီဂေါအတာမန်ကိုရဲ့ ပြောပြချက်အရ ဆိုဗီယက်ခေါင်းဆောင်စတာလင်လက်ထက်ကတည်းက ရုရှားအထူးထောက်လှမ်းရေးတပ်ဖွဲ့အေးဂျင့်တွေဟာ အင်အင်း 💩 ကိုခိုးကြောင်ခိုးဝှက်လေ့လာတဲ့လုပ်ငန်းစဉ်စခဲ့တယ်လို့ဆိုပါတယ်။

၁၉၄၉ ခုနှစ်မှာ တရုတ်ခေါင်းဆောင်မော်စီတုံး ဆိုဗီယက်ရုရှားကိုလာတော့ စတာလင်ရဲ့အမိန့်နဲ့ မော်စီတုံးတက်တဲ့ အိမ်သာကမိလ္လာပိုက်တွေကို မိလ္လာကန်နဲ့မချိတ်ဆက်ပဲ စပါယ်ရှယ်ပုံးထဲထည့်ဖို့စီမံထားတယ်လို့ဆိုပါတယ်။

အဲ့ဒီကနေ ဥက္ကဋ္ဌကြီးမော်ရဲ့ အင်အင်း 💩 တွေကို အထူးလျှို့ဝှက်ဓာတ်ခွဲခန်းကိုပို့ပြီး မော်စီတုံးရဲ့ကျန်းမာရေးအခြေအနေကို လေ့လာခဲ့တယ်လို့ဆိုပါတယ်။

အဓိကကတော့ဘအင်အင်း 💩 ထဲက ပိုတက်ဆီယမ်နဲ့အမိုင်နိုအက်စစ်ပမာဏကိုစစ်ဆေးပြီး စိတ်အခြေအနေကိုလေ့လာခဲ့တယ်လို့ဆိုပါတယ်။

အာဏာရှင်တွေဟာ အင်မတန်အကြောက်တရားကြီးမားပြီး သူတို့ကိုယ်သူတို့လုံခြုံရေးမပြောနဲ့ အင်အင်း 💩လုံခြုံရေးကအစဂရုစိုက်တယ်လို့ဆိုပါတယ်။

အင်း … ဒီသတင်းဖတ်မိတဲ့ အဘတစ်ယောက်တော့ သွားလေရာမှာ ဘော်ဒီဂတ်တွေကို အင်းအင်း 💩 အကျုံးခိုင်းပြီး လက်ဆွဲသေတ္တာနဲ့ထည့်သယ်ခိုင်းမှာကို တွေးပြီးမြင်ယောင်မိပါကြောင်း။

အဘဘော်ဒီဂတ်လုပ်ချင်ရင် လစာကောင်းပြီး စတိုင်ကအမိုက်စားပေမဲ့ အင်အင်း 💩 ကျုံးရမယ်၊ အင်အင်းထုပ်သယ်ရမယ်ဆိုတာ သိထားကြပါရန် …

#RichardMyoThant
11-Jun-2022

Leave a Reply

Your email address will not be published.