Local News

ပူတာအို ၄၆ တပ်ရင်းက သက်ကြီးရွယ်အိုများကို စစ်…see more

ပူတာအို ၄၆ တပ်ရင်းက သက်ကြီးရွယ်အိုများကို စစ်…see more

ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာ အသက်အရွယ်ကြီးရင့်ပြီး နာမကျန်းဖြစ်နေတဲ့ သက်ကြီးရွယ်အိုတွေကို ပြည်သူ့စစ်သင်တန်းတက်ဖို့ရန်ဆိုပြီး ၄၆ တပ်ရင်းမှာ မတရား ထိန်းသိမ်းထားတယ်လို့ ထိန်းသိမ်းခံရတဲ့ မိသားစုတွေထံက သိရပါတယ်။

ပူတာအိုအခြေစိုက် ၄၆ တပ်ရင်းမှာ ထိန်းသိမ်းခံရတဲ့လူကြီးတွေဟာ အသင်းတော်အစည်းရှိတယ်ဆိုပြီး လိမ်လည်ခံရတာဖြစ်တယ်လို့ ထိန်းသိမ်းခံရသူရဲ့ မိသားစု ဝင်က ပြောပါတယ်။

“ကျမတို့အသင်းတော်မှာ အစည်းအဝေးရှိတယ်ဆိုပြီး စစ်ကောင်စီလက်ပါးစေတွေက ခေါ်သွားတာ။ ဟိုရောက်တော့ ဘယ်လိုတွေစည်းရုံးလိုက်သလဲမသိဘူး တပ်ထဲရောက်သွားပြီး တပ်ထဲမှာအပိတ်ခံရတာ”လို့ ထိန်းသိမ်းခံအဘိုးအိုတစ်ယောက်ရဲ့ မြေးဖြစ်သူက ပြောပါတယ်။

ပူတာအိုမြို့နယ် ကောင်ကထောင်ရပ်ကွက်နေဒေသခံတစ်ဦးကလည်း” ကောင်ကထောင် ရပ်ကွက်ကနေ လူကြီးအယောက် ၁၀ ကျော်ပါသွားတယ်။ ကျမအဖေဆို အသက် ၇၀ ကျော်ပြီ။ ဗိုက်မှာလည်းအကြီးစားခွဲစိပ်ထားတာ။

ပြန်လွှတ်ဖို့ပြောထားတာ ခုထိမလွှတ်ပေးသေးဘူး။ ဒူးနာ၊ မျက်စိမမြင်၊ သွားမပါတဲ့ အဘိုးအရွယ်တွေကို ဘာလို့ စစ်သင်တန်း တက်ခိုင်းတာလဲ မသိဘူး။ လူသားဒိုင်းလုပ်ဖို့ စဉ်းစားထားလို့လား မသိဘူး။ အဲလိုဓားစာခံမလုပ်ဘဲနဲ့ အမြန်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်”လို့ဆိုပါတယ်။

ပူတာအိုဒေသခံ သက်ကြီးရွယ်အိုတွေကို လိမ်လည်ပြီးစည်းရုံးခဲ့တဲ့ စစ်ကောင်စီ ဘက်တော်‌သားတွေက အသင်းတော်အသီးသီးမှာဩဇာအာဏာညောင်းတဲ့သူတွေဖြစ်တဲ့အတွက် မသိနားမလည်တဲ့ လူကြီးတွေက လိုက်သွားခဲ့တာလို့ သိရပါတယ်။

ပူတာအို ၄၆ တပ်ရင်းမှာ ဒေသခံသက်ကြီးရွယ်အိုတွေကို စစ်ကောင်စီတပ်က ပြည်သူ့စစ်သင်တန်း ၂ ပတ်တက်ခိုင်းဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

Source DVB