Local News

ပူးတွဲပါဖုန်းနံပါတ်၅၆လုံးကနေ့တဆင့် ငွေလှူဒါန်းတဲ့ အကောင့်ပိုင်ရှင်များကို ဗဟိုဘဏ်စုံစမ်းနေ

ပူးတွဲပါဖုန်းနံပါတ်၅၆လုံးကနေ့တဆင့် ငွေလှူဒါန်းတဲ့ အကောင့်ပိုင်ရှင်များကို ဗဟိုဘဏ်စုံစမ်းနေ


အာဏာသိမ်းစစ်ကောင်စီရဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ဖုန်းနံပါတ်ကနေတဆင့် ငွေကြေးလှူဒါန်းနေတဲ့ ဘဏ်အကောင့်နဲ့

မိုဘိုင်းငွေကြေးဝန်ဆောင်မှုအကောင့် ပိုင်ရှင်တွေကို စုံးစမ်းပေးဖို့ ညွှန်ကြားတဲ့စာတစ်စောင်ဟာ နိုဝင်ဘာ ၂၄ရက်နေ့စွဲနဲ့ လူမှုကွန်ယက်မှာ ပျံနှံလာပါတယ်။

ဗဟိုဘဏ်ကထုတ်ပြန်တဲ့အဆိုပါ လျို့ဝှက်ညွှန်ကြားစာမှာ ဖုန်းနံပါတ် ၅၆လုံးကို ဘဏ်တွေမှာ ငွေစာရင်းဖွင့်လှစ်ထားခြင်းရှိမရှိနဲ့

မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေမှာ အကောင့်ဖွင့်လှစ်ထားခြင်းရှိ မရှိ စစ်ဆေးပေးဖို့ ဘဏ်တွေနဲ့ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းတွေကိုညွှန်ကြားထားပါတယ်။

စိစစ်တွေ့ရှိပါက ငွေကြေးလွှဲပြောင်းမှုမလုပ်နိုင်အောင် ယာယီတာမြစ်ပိတ်ပင်ခိုင်းထားပြီး အကောင့်ပိုင်ရှင်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့

ဘဏ်ငွေစာရင်းရှင်းတမ်းတွေကို ၃ရက်အတွင်း အမြန်စိစစ်ပြန်ကြားပေရမယ်လို့ညွှန်ကြားထားပါတယ်။


Ref RiSE News | နိုဝင်ဘာ ၂၆

Zawgyi











About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.