Local News

ပေါက်နေတာကို ဖာဖို့ ကိုယ့်ပစ္စည်းတွေသုံးပြီး ပိတ်ဆို့ရတော့မယ်

ပေါက်နေတာကို ဖာဖို့ ကိုယ့်ပစ္စည်းတွေသုံးပြီး ပိတ်ဆို့ရတော့မယ်

ဒေါ်လာစျေး ၂၇၀၀ ဖြစ်သွားပြီ။ ဇန်နဝါရီလက ဒေါ်လာစျေး ၁၃၅၀၊ အာဏာရူးတော့ ၂၇၀၀ ဖြစ်ပြီ။

ငွေတန်ဖိုးက တစ်ဝက်တိတိကျသွားပြီ။ အရင် သိန်း၁၃၅၀ ရှိရင် ဒေါ်လာတစ်သိန်းနဲ့ညီတယ်။ အခု သိန်း၁၃၅၀ ရှိရင် ဒေါ်လာငါးသောင်းပဲ ပိုင်တော့တယ်။

အရင် ၁၃၅သိန်းရှိရင် ဒေါ်လာတစ်သောင်းပိုင်ပြီး အခု ၁၃၅သိန်းရှိရင် ဒေါ်လာ၅၀၀၀ ပဲ ရှိတော့တယ်။ထပ်သိသာအောင်ပြောရရင် ကိုယ့်မှာ ၁၃၅သိန်းတန် ကားလေးရှိရင် ဒေါ်လာတစ်သောင်းပိုင်ပြီး အခု ငါးထောင်ပဲ တန်တော့တာ။

ဘာမှမလုပ်ရပါဘဲနဲ့ မြန်မာပြည်သူတွေ ၈လအတွင်း ထက်ဝက်ဆင်းရဲသွားပြီ။ ဒီငွေတွေ ဘယ်ကို အငွေ့ပျံပျောက်သွားလဲ မေးစရာရှိတယ်။ အများကြီးလျှောက်ခေါင်းမစားနဲ့။ မအလတွေ အိတ်ကပ်ထဲ ရောက်သွားတာ။

မြန်မာငွေတွေရိုက်ထုတ်တယ်။ ဗဟိုဘဏ်က တိုင်း ပြည်ဘဏ္ဍာအဖြစ် ထိန်းသိမ်းထားရမယ့် ဒေါ်လာသန်းပေါင်းများစွာ ထုတ်ရောင်းတယ်။ ထုတ်ရောင်းတယ်ဆိုပြီး စျေးကွက်ထဲမရောက်ဘူး။ သူတို့ဖာသာ ရိုက်ထုတ်ထားတဲ့ မြန်မာငွေတွေနဲ့ ဒေါ်လာကို လဲယူလိုက်တယ်။ ဒါပဲ။

ဒေါ်လာစျေးတက်တာကို တမင်လွှတ်ထားတာ။ တိုင်း ပြည်အပေါ် စောက်စေတနာ တစ်စက်မှ မရှိဘဲ ရဖို့ဝဖို့ အမဲဖျက်နေတဲ့ က_က_တွေ။

တော်လှန်ရေးဘက်ခြမ်းမှာ ပြည်သူတွေလှူလိုက်တဲ့ ငွေကြေးသည်လည်း အလားတူပဲ။ တစ်သိန်းလှူပေမယ့် ငါးသောင်းပဲ တန်တယ်။ သိန်းတစ်ရာပို့ပေမယ့် သိန်းငါးဆယ်ပဲ တန်ကြေးရှိတော့တယ်။

တော်လှန်ရေးအတွက် လိုအပ်နေတဲ့ အတိုအရှည် အတောင့် အစေ့တွေက ပြည်ပက ဝယ်ရတာ။ အဲ့တော့ လိုအပ်ချက်တွေ ပိုများလာပြီ။ အဲ့လိုဖြစ်အောင် စကစက တမင်လုပ်ထားတာ။

ဆုံးဖြတ်ရမယ့်အချိန် ဖြစ်လာပြီ။ ငွေကြေးလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး တန်ဖိုးဆုံးရှုံးနေတာကို ထိုင်ကြည့်မလား။ မအလတွေ အိတ်ကပ်ထဲရောက်နေတာကို ထိကြည့်နေကြမလား။ ဒီပွဲအမြန်ပြီးဖို့ ပိုပိုအားစိုက် ကူညီကြမလား။

တိုင်းပြည်က ပျက်တော့မှာလို့ ထိုင်တွေးမနေနဲ့။ ပျက်ကို ပျက်နေပြီ။ အားလုံးဟာ သင်္ဘောကြီး တစ်စီးတည်းပေါ်မှာ။ လှေဝမ်းက ပေါက်နေပြီ။ ပေါက်နေတာကို ဖာဖို့ ကိုယ့်ပစ္စည်းတွေသုံးပြီး ပိတ်ဆို့ရတော့မယ်အချိန်မှာ ငါ့ဥစ္စာလေး အပါမခံနိုင်ဘူးဆိုပြီး အထုတ်ပိုက်ထားလည်း နစ်တဲ့အခါ အကုန်အတူတူပဲပါမှာ။

တော်လှန်စရာကလွဲရင် ဘာမှလုပ်စရာမရှိတော့တဲ့ အချိန်ကို ရောက်လာအောင် မင်းအောင်လှိုင်တို့ တစ်သိုက်ကပဲ တွန်းပို့ပေးလိုက်ပြီ။

ရုန်းကန်တော့မလား ကြုံးခံတော့မလား ကိုယ့်ကိုယ်ကိုယ် သေသေချာချာ မေးကြပါတော့။

ပန်ဆယ်လို