Local News
ပျူစောထီးအဖွဲ့များ PDFများထံသို့ တူမီးသေနတ်များ ဖြင့်လာရောက်အပ်နှံကာ ပူးပေါင်း
ပျူစောထီးအဖွဲ့များ PDFများထံသို့ တူမီးသေနတ်များ ဖြင့်လာရောက်အပ်နှံကာ ပူးပေါင်း
မကွေးတိုင်း၊ ထီးလင်းမြို့နယ်ရှိ ပျူစောထီးအဖွဲ့များသည်YDF – ထီးလင်းထံသို့ တူမီးသေနတ်များလာရောက်အပ်နှံကာ တော်လှန်ရေးတွင် ပူးပေါင်းပါဝင်လာကြောင်း ယောဒေသကာကွယ်ရေးတပ်ဖွဲ့ – YDF က သတင်းထုတ်ပြန်သည်။
ယနေ့နံနက်ပိုင်းတွင် ထီးလင်းမြို့နယ်၊ ဇီးတောကျေးရွာရှိပျူစောထီးအဖွဲ့များမှ လက်လုပ်သေနတ်တူမီး ၂၄လက်၊ ထိန်တိုင်းကျေးရွာမှ လက်လုပ်သေနတ်တူမီး ၁လက်တို့ကို YDF – ထီးလင်း ထံ ကြည်ဖြူစွာအပ်နှံကာ အလင်းဝင်ခဲ့ကြပြီး၊ တော်လှန်ရေးတွင် ပြည်သူနှင့်အတူ ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း ကတိကဝတ်ပြုခဲ့ကြသည် ဟု ဆိုသည်။
ယခုလ ၁၀ရက်နေ့ကလည်း အဆိုပါအဖွဲ့ထံမှ တူမီးအလက်၂၀ကို YDF – ထီးလင်းမှ သိမ်းဆည်းခဲ့ပြီးဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါ စုစုပေါင်း လက်နက် ၄၅လက်မှာ ထီးလင်းမြို့နယ်ရှိ ရဲများက PDF များထံမှ သိမ်းဆည်းထားသောလက်နက်များဖြစ်ကြောင်း စုံစမ်းသိရှိရသည် ဟု ဆိုသည်။
ထို့အပြင် ယခုလ ၇ရက်နေ့တွင်လည်း ထီးလင်း – ဝါးရင်းချိုင် ကားလမ်းတွင် လုံခြုံရေးဆောင်ရွက်နေသည့် စစ်ကောင်စီတပ်ဖွဲ့အား YDF – ထီးလင်း က မိုင်းဆွဲတိုက်ခိုက်ရာတွင် ရဲအရာရှိ တစ်ဦးအပါအဝင် ရဲ ၄ဦး ပြင်းထန်ဒဏ်ရာများရရှိထားကြောင်းကိုပါ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ – YDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
The Ladies News
zawgyi
The Ladies News