ပျော်ရွှင်မှုပါတဲ့ လူသိများမှုနဲ့ ပျော်ရွှင်မှုမပါတဲ့ လူသိများမှုအကြောင်းကို ရှင်းပြလိုက်တဲ့ ပန်ဆယ်လို

ပျော်ရွှင်မှုပါတဲ့ လူသိများမှုနဲ့ ပျော်ရွှင်မှုမပါတဲ့ လူသိများမှုအကြောင်းကို ရှင်းပြလိုက်တဲ့ ပန်ဆယ်လို

ကိုယ်တို့လူမျိုးတွေဟာလေ လူသိများတာနဲ့ အောင်မြင်တာနဲ့ မသဲကွဲကြဘူး။ ပျော်ရွှင်မှုပါတဲ့ လူသိများမှုကသာ အောင်မြင်မှုပဲ။ ပျော်ရွှင်မှုမပါတဲ့ လူသိများမှုဟာ ဝဋ်ကြွေးပဲ။

အခုလို ခွေ းသူတေ ာင်းစားတွေလက်ထဲ တိုင်းပြည်ရောက်နေတဲ့အချိန်မှာ လူသိများမှုဟာ ပိုတောင်ဝဋ်ကြွေးကြီးသေးတယ်။ လူသိများလို့ ဦးဦးဖျားဖျား လိုက်ဖမ်းခံရတယ်။

လူသိများလို့ သူများတွေဆန္ဒပြကောင်းနေတုန်း သေကောင်ပေါင်းလဲ ပြေးရတယ်။ လူသိများလို့ ထွက်ပြေးရတာကိုလည်း ပြေးရကောင်းလားအဆဲခံရတယ်။ လူသိများလို့ ဦးဦးဖျားဖျား ပိုင်ဆိုင်မှုတွေ သိမ်းခံရတယ်။

လူသိများလို့ ဦးဦးဖျားဖျား နိုင်ငံသားရပ်စဲခံရတယ်။ လူသိများလို့ အားလုံးကိုပတ်ဒုက္ခပေးခံရတယ်။ လူသိများလို့ အသက်အန္တရာယ် ခြိ မ်းခြော က်ခံနေရတယ်။

တစ်ခုခုဆိုရင် ပြသနာရဲ့ အမှန်အမှား အရင်းအမြစ်ကို မသိဘဲ လူသိများလို့ကို ကြိုကန်တာလည်း ခံရတယ်။ သူများကြိုက်တဲ့သူက ငါကမကြိုက်ဘူး၊ ငါက လူတစ်မျိုးကွလို့ လုပ်ပြချင်ဇောနဲ့

မဆီမဆိုင် ဖောင်းထုတာလည်းခံရတယ်။ ပန်ဆယ်လိုကို ဖောင်းထုရင် စမတ်ဖြစ်တယ်၊ ကူးကစ်ဖြစ်တယ်ဆိုတာ ဘယ်တာဇံက စသွားတာလဲ မပြောတတ်။

လူသိများသူမို့ နေရင်းထိုင်ရင်း ကြည့်မရဖြစ်နေပြီး သူတို့ကသာ နောက်ကွယ်က လူမသိသူမသိ ပေးဆပ်နေရတဲ့ မေတ္တာရှင်မလေး ငြိမ်းငြိမ်းအိအထာတွေနဲ့။ ကိုယ်လုပ်တာ လူသိစရာမလိုဘူးဆိုတာ မှန်ပေမယ့် ဘာမှမလုပ်တဲ့ကောင်တွေကပါ ကိုယ်လုပ်တာ လူသိစရာမလိုဘူးဆိုပြီး ဝင်ဝင်ကြိတ်ကြသေးတာ။

လူသိမများလို့ ကိုယ်လုပ်နေတာ လူမသိဘူး၊ လူသိများသူလုပ်မှ သိတယ် ပြောချင်ရင်လည်း လူသိများခံရတဲ့ အပေါ်ကပြောခဲ့တဲ့ဒုက္ခမျိုးတွေ အရင်ခံကြည့်ကြလေ။ သူတို့ကို ကူပေးတာတောင်မှ ဝင်နာမည်ယူပါတယ်ဆိုပြီး စောက်ထင်က လွဲချင်ကြသေးတာ။ နာမည်ယူချင်စရာလည်း မရှိဘူး။ ရှိပြီးသားနာမည်တောင် စိတ်ကုန်ရလွန်းလို့။

ကြည့်မရရင် မပတ်သက်ကြနဲ့။ ကိုယ်လည်း ဘယ်သူ့ကိုမှ မဖြစ်မနေ လိုအပ်မနေဘူး။ စိတ်တွေ ညစ်ညူးရလွန်းလို့ ဘယ်သူနဲ့မှတောင် စကားပြောချင်စိတ် ရှိတာ မဟုတ်ဘူး။

ဘဝမှာ ရိုးရိုးသားသားပဲ ရှင်သန်ခဲ့တယ်။ ရိုးရိုးသားသားပဲ ပြောတတ်တယ်။ ကိုယ်က ၁ လို့ပြောရင် ၁ ပဲ။ ဂ လား ပ လား ငလား လှည့်ပတ်တွေးနေစရာမလိုအောင် တည့်တည့်ပဲပြောတယ်။

လူတွေရဲ့ ချစ်ခြင်းမုန်းခြင်းကို ဘယ်ကြားမှ ညှပ်ခဲ့တာ မဟုတ်ဘူး။ ချစ်လာကြတော့လည်း ဪ… ချစ်လာကြတယ်ပေါ့။ ဒီလောက်ပဲ။ မုန်းနေကြတုန်းက ဆဲသမျှလည်း ခပ်တင်းတင်း ခံခဲ့တာပဲ။

လူသိများလို့ ဘာဖြစ်တယ် ညာဖြစ်တယ် စေ ာက်ပြစ်တင်ချင်ရင်လည်း ခံခဲ့ရသမျှ ဒုက္ခတွေအသာထား၊ စေ ာ က်ဘဝက နေရင်းထိုင်ရင်းပျက်ခဲ့ရတာ အသာထား၊ ကိုယ့်လို စေ ာက်ကြောမာဖို့လောက်ကို မှီအောင်ကြိုးစား။

စေ ာ က် ဆဲခံနိုင်အောင် ကြိုးစား။ မှားမှားမှန်မှန် နင်ကလူသိများလို့ ပိုမှားတယ်ဆိုတဲ့ဒဏ်တွေကို ခံနိုင်အောင် ကြိုးစား။

စေ ာ က်ရေးမပါ တို့ကျေးရွာထဲလည်း ဘယ်လို ငလမတွေနဲ့ တွေ့နေရမှန်းကို မသိဘူး။

ဒါကြီးလည်း အမြန်ပြီးမှပဲ။
ဒီကာလကြီးမို့ ဒီကာလကြီးမို့ဆိုပြီး စိတ်တွေလျှော့လျှော့နေရတာကိုလည်း မုန်းလှပြီ။

လူတွေကို L33 ဖြစ်လားဆိုတဲ့စိတ်နဲ့ပဲ ဘဝကို ဖြတ်သန်းချင်နေပြီ။

Leave a Reply

Your email address will not be published.