Local News

ပြည်ခိုင်ဖြိုးပါတီကို သူများတွေကသူခိုးပါတီလို့လှောင်ပြောင်တာမခံချင်ရင် ပါတီဝင်တွေအနေနဲ့ စိတ်ဓာတ်နဲ့လုပ်ရပ်ကို…SeeMore

ပြည်ခိုင်ဖြိုးပါတီကို သူများတွေကသူခိုးပါတီလို့လှောင်ပြောင်တာမခံချင်ရင် ပါတီဝင်တွေအနေနဲ့စိတ်ဓာတ်နဲ့လုပ်ရပ်ကိုပြုပြင်ရမည်လို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌပြောဆို.

မိမိတို့ ပြည်ခိုင်ဖြိုးပါတီဟာ ဒို့တာဝန်အရေး ( ၃ )ပါးကို ဦးထိပ်ထားရပ်တည်နေတဲ့ ပြည်သူ့ကိုယ်စားပြုပါတီဖြစ်တာ

နဲ့အညီ သူများတွေ ဝိုင်းလက်ညှိုးထိုး သူခိုးပါတီလို့ လှောင်ပြောင်ခံရတဲ့အထိ ဆိုးဝါးတဲ့ နှိမ့်ချမှု ခံနေရခြင်းမှာ

ပါတီတွင်း အကျင့်ပျက် ခြစားမှုအချို့ကြောင့်ဆိုတာ ငြင်းမရပါဘူး၊ ဒီအကျင့်ပျက်ခြစားမှု လုပ်သူတွေကို

ကျန်ပါတီဝင် က သူတို့တောင်လုပ်နေကြတာပဲ ငါလည်းရသလောက်လုပ်မယ်ဆိုတာကနေ သူခိုးတွေဆိုတဲ့နာမည်ဆိုးကို ပါတီကြီးအနေနဲ့ ခံစားလိုက်ရပြီးပြီ ဖြစ်ပါတယ်။

အူမတောင့်မှ သီလစောင့်နိုင်မယ် ၊ အူမမတောင့်လို့
ဟု ဆိုကာ အဂတိလိုက်စားနေကြသော ပါတီဝင်များကိုယ့်ကိုယ်ကို မပြုပြင်ကြသေးသ၍ ပြည်ခိုင်ဖြိုးပါတီ

ဟာသမိုင်းအမဲစက်ထင်ကျန်ခဲ့လိမ့်မယ်၊ ပါတီဝင်တွေထဲက ခြစားနေသူအချို့တွေကို စုံစမ်းဖော်ထုတ်ရမည်ဟု

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ အသိပေးပြောဆိုလိုက်ပြီး ပါတီသန့်ရှင်းရေးကိုအထူးဆောင်ရွှက်သွားမယ်လို့

နေပြည်တော် ပြည်ခိုင်ဖြိုးပါတီ ရုံး ပါတီဝင်များနှင့်တွေ့ဆုံဆွေးနွေးပွဲမှာပြောကြားလိုက်ပါတယ်။

Zawgyi










Recent Comments

No comments to show.