Local News

ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီအစည်းအဝေး ပြန်လုပ်ဖို့ရှိ

ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီအစည်းအဝေး ပြန်လုပ်ဖို့ရှိ

ပါတီခေါင်းဆောင်ပိုင်းအပြောင်းအလဲတွေရှိနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေသုံးသပ်

ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ ဗဟိုကော်မတီအစည်းအဝေးကို လာမယ့်လ (ဒီဇင်ဘာ) ထဲမှာကျင်းပဖို့ရှိနေတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူတွေကပြောပါတယ်။

လက်ရှိမှာတော့ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေအပါအဝင် ဗဟိုကော်မတီဝင် ၃၀၀ ကျော် လောက်ကို ပါတီမှာ တာဝန်ထမ်းဆောင်လိုခြင်းရှိ၊ မရှိ သဘောထား တောင်းခံမှုတွေ လုပ်ထားတယ်လို့လည်း ပါတီ ပြောရေးဆိုခွင့်ရှိသူတွေကပြောပါတယ်။

“ ၅ နှစ်ပြည့်သွားပြီ။ ၅ နှစ်ပြည့်သွားတော့ အခုတာဝန်ထမ်းဆောင်နေတဲ့ ပါတီဝင်တွေသဘောထားဆန္ဒတောင်းခံပြီး ပြန်လည်စိစစ်ကြမယ်။ ရွေးချယ်တင်မြှောက်မှုတွေပြန်လုပ်ကြမယ်။

ဆန္ဒပြုကျတဲ့အပေါ်မူတည်ပြီး စိစစ်ရွေးချယ်မှုတွေပြန်လုပ်မယ်။ကိုဗစ်ကာလဖြစ်တဲ့အတွက် ညီလာခံလုပ်ဖို့တော့မဖြစ်ဘူး။ အနိမ့်ဆုံးအဆင့် ဗဟိုကော်မတီအစည်းအဝေးပြန်လုပ်မယ်” လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီပြောခွင့်ရဒေါက်တာနန္ဒာလှမြင့်က ဘီဘီစီကိုပြောပါတယ်။

#ဘီဘီစီမြန်မာပိုင်း

Zawgyi

ျပည္ခိုင္ၿဖိဳးပါတီဗဟိုေကာ္မတီအစည္းအေဝး ျပန္လုပ္ဖို႔႐ွိ

ပါတီေခါင္းေဆာင္ပိုင္းအေျပာင္းအလဲေတြ႐ွိႏိုင္တယ္လို႔ ႏိုင္ငံေရးအကဲခတ္ေတြသုံးသပ္

ျပည္ေထာင္စုၾကံခိုင္ေရးနဲ႔ဖြံ႕ၿဖိဳးေရးပါတီရဲ႕ ဗဟိုေကာ္မတီအစည္းအေဝးကို လာမယ့္လ (ဒီဇင္ဘာ) ထဲမွာက်င္းပဖို႔႐ွိေနတယ္လို႔ ပါတီေျပာေရးဆိုခြင့္႐ွိသူေတြကေျပာပါတယ္။

လက္႐ွိမွာေတာ့ ပါတီထိပ္ပိုင္းေခါင္းေဆာင္ေတြအပါအဝင္ ဗဟိုေကာ္မတီဝင္ ၃၀၀ ေက်ာ္ ေလာက္ကို ပါတီမွာ တာဝန္ထမ္းေဆာင္လိုျခင္း႐ွိ၊ မ႐ွိ သေဘာထား ေတာင္းခံမႈေတြ လုပ္ထားတယ္လို႔လည္း ပါတီ ေျပာေရးဆိုခြင့္႐ွိသူေတြကေျပာပါတယ္။

“ ၅ ႏွစ္ျပည့္သြားၿပီ။ ၅ ႏွစ္ျပည့္သြားေတာ့ အခုတာဝန္ထမ္းေဆာင္ေနတဲ့ ပါတီဝင္ေတြသေဘာထားဆႏၵေတာင္းခံၿပီး ျပန္လည္စိစစ္ၾကမယ္။ ေ႐ြးခ်ယ္တင္ေျမႇာက္မႈေတြျပန္လုပ္ၾကမယ္။

ဆႏၵျပဳက်တဲ့အေပၚမူတည္ၿပီး စိစစ္ေ႐ြးခ်ယ္မႈေတြျပန္လုပ္မယ္။ကိုဗစ္ကာလျဖစ္တဲ့အတြက္ ညီလာခံလုပ္ဖို႔ေတာ့မျဖစ္ဘူး။ အနိမ့္ဆုံးအဆင့္ ဗဟိုေကာ္မတီအစည္းအေဝးျပန္လုပ္မယ္” လို႔ ျပည္ေထာင္စုၾကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီေျပာခြင့္ရေဒါက္တာနႏၵာလွျမင့္က ဘီဘီစီကိုေျပာပါတယ္။

#ဘီဘီစီျမန္မာပိုင္း