Local News

ပြည်တွင်းရေးကိုဝင်ရောက်မစွက်ဖက်ရဟု စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနမှဆို

ပြည်တွင်းရေးကိုဝင်ရောက်မစွက်ဖက်ရဟု စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနမှဆို

ဒီဇင်ဘာ(၂၉)

ကရင်ပြည်နယ်အတွင်း တိုက်ပွဲများအပေါ် ပြည်တွင်းရှိ နိုင်ငံတကာသံရုံးများ၏ ထုတ်ပြန်ကြေညာချက်များကိုကန့်ကွက်ကြောင်း စစ်ကောင်စီ၏နိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်မံထုတ်ပြန်ကြေညာထားပါတယ်။

ဒီဇင်ဘာလ ၂၄ရက်နေ့က အမေရိကန်အပါအဝင် နိုင်ငံတကာ သံရုံးအချို့၏ သံအမတ်များက ကရင်ပြည်နယ်အတွင်းရှိ အရပ်သားများအပေါ် တိုက်ခိုက်မှုနဲ့စပ်လျဉ်းပြီး ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည့်အပေါ် ကန့်ကွက်ကြောင်း ထပ်မံဖော်ပြလာတာပါ။

ရန်ကုန်မြို့အခြေစိုက် အနောက်နိုင်ငံများမှ သံရုံးအချို့သည် ကရင်ပြည်နယ်တွင် ပေါ်ပေါက်နေသည့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ ပူးတွဲကြေညာချက်မှာ အခြေအမြစ်မရှိတဲ့သတင်းများနှင့် စွပ်စွဲမှုများကို တစ်ဖက်သတ်ထုတ်လွှင့်မှုများဖြစ်ပြီး

ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း၏ ပြဋ္ဌာန်းချက်များကို ချိုးဖောက်၍ သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကောင်စီ၏နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆိုပါသံရုံးများသို့ ကြေညာချက်တွင်ပါရှိသည့်အချက်များသည် စိစစ်အတည်ပြုနိုင်ခြင်း မရှိသည့်သတင်းများကို အခြေခံထားကြောင်း၊

အစိုးရဆန့်ကျင်သူများ၊ အကြမ်းဖက်သမားများနှင့် သောင်းကျန်းသူများထံမှ ရရှိသည့်သတင်းများဖြစ်ကြောင်း၊ အဆိုပါအခြေအမြစ်မရှိသည့် သတင်းများနှင့် စွပ်စွဲမှုများကို တစ်ဖက်သတ် ထုတ်လွှင့်မှုများသည်

ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း၏ပြဋ္ဌာန်းချက်များကို ချိုးဖောက်၍ သက်ဆိုင်ရာအိမ်ရှင်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ကြောင်းကို စာပေးပို့ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနမှ စာထုတ်ပြန်ပြီးနာရီပိုင်းမျှအကြာမှာ အမေရိကန်သံအမတ် အန်တိုနီဘလင်ကင်၏ ကယား/ ကရင်နီပြည်နယ်နှင့် နိုင်ငံအဝှမ်းတွင် စစ်ကောင်စီအစိုးရမှ အကြမ်းဖက်သတ်ဖြစ်နေမှုများကိုရှုံ့ချကြောင်းနှင့် ထပ်မံမပြုလုပ်ရန်တောင်းဆိုကြောင်း အမေရိကန်မြန်မာသံရုံးက ထပ်မံစာထုတ်ပြန်လာတာပါ။

Sa J MM

About the author

admin

Add Comment

Click here to post a comment