International News

ပြည်ပနိုင်ငံသား အားလုံးကို ဂျပန်က ပြည်၀င်ခွင့် ပိတ်လိုက်ပြီ

ပြည်ပနိုင်ငံသား အားလုံးကို ဂျပန်က ပြည်၀င်ခွင့် ပိတ်လိုက်ပြီ

တိုကျို၊ နို၀င်ဘာ-၂၉-၂၀၂၁
မျိုးဆက်(VOM)

အိုမီခရွန် ဗိုင်းရပ်စ်မျိုးကွဲသစ်ကူးစက်မှုတွေကို စိုးရိမ်ပူပန်မှုကြောင့် ဂျပန်နိုင်ငံဟာ ပြည်ပနိုင်ငံသားတွေ အားလုံးကို ပြည်၀င်ခွင့်ပိတ်လိုက်ပြီဖြစ်ပါတယ်။

နိုင်ငံတွင်းကို နိုင်ငံတကာကျောင်းသားတွေ၊ စီးပွားရေးသမားတွေနဲ့ သင်တန်းသားတွေအတွက် ဖြေလျှော့မှုတွေ လုပ်ဆောင်မယ်လို့ ကြေညာပြီးများမကြာခင်မှာ အခုလိုပြည်၀င်ခွင့်ပိတ်လိုက်တာဖြစ်ပါတယ်။

အခုလိုပြည်ပနိုင်ငံသားတွေအားလုံးကို ပြည်၀င်ခွင့်ပိတ်လိုက်တာနဲ့ပတ်သက်ပြီး ၀န်ကြီးချုပ် ကီရှီဒါဖူမီအိုက ဒီနေ့မှာကြေညာလိုက်တာဖြစ်ပါတယ်။

အရေးပေါ်အစီအမံအရ ကမ္ဘာတ၀န်းက ပြည်ပနိုင်ငံသားတွေအားလုံးကို နို၀င်ဘာ ၃၀ ရက်ကစပြီး ပြည်၀င်ခွင့်ပိတ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ သူကဆိုပါတယ်။ ဒါဟာ ဂျပန်နိုင်ငံမှာ အဆိုးဆုံးအခြေအနေတွေမဖြစ်ဖို့ ရည်ရွယ်လုပ်ဆောင်တာလို့သူကဆိုပါတယ်။

အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲဟာ ဘယ်လောက်ထိ ဆိုးကျိုးသက်ရောက်လဲဆိုတာကို ပညာရှင်တွေက သိရှိလာချိန်ထိ အခုအစီအမံတွေကို ချမှတ်ထားမယ်လို့ ၀န်ကြီးချုပ်ကပြောပါတယ်။

တောင်အာဖရိကနိုင်ငံမှာ နို၀င်ဘာ ၂၄ ရက်ကစတင်တွေ့ရှိခဲ့တဲ့ အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲသစ်ဟာ ဘော့ဆွာနာ၊ ဘယ်လ်ဂျီယံ၊ ဟောင်ကောင်၊ အစ္စရေးတို့တွင် ကူးစက်မှုတွေရှိနေပြီး

အမေရိကန်နဲ့ ဗြိတိန်အပါအ၀င် နိုင်ငံအများအပြားဟာ တောင်အာဖရိနဲ့ အိမ်နီးချင်းနိုင်ငံတွေမှ ခရီးသွားတွေကို ကန့်သတ်မှုတွေ လုပ်ဆောင်နေကြပါတယ်။

Ref: NHK
Photo:Kyodo
COPY @Voice of Myanmar မှကူးယူဝေမျှဖော်ပြပါသည်။
#VOM #တိုကျို

Zawgyi

ျပည္ပႏိုင္ငံသား အားလုံးကို ဂ်ပန္က ျပည္၀င္ခြင့္ ပိတ္လိုက္ၿပီ

တိုက်ိဳ၊ ႏို၀င္ဘာ-၂၉-၂၀၂၁
မ်ိဳးဆက္(VOM)

အိုမီခ႐ြန္ ဗိုင္းရပ္စ္မ်ိဳးကြဲသစ္ကူးစက္မႈေတြကို စိုးရိမ္ပူပန္မႈေၾကာင့္ ဂ်ပန္ႏိုင္ငံဟာ ျပည္ပႏိုင္ငံသားေတြ အားလုံးကို ျပည္၀င္ခြင့္ပိတ္လိုက္ၿပီျဖစ္ပါတယ္။

ႏိုင္ငံတြင္းကို ႏိုင္ငံတကာေက်ာင္းသားေတြ၊ စီးပြားေရးသမားေတြနဲ႔ သင္တန္းသားေတြအတြက္ ေျဖေလွ်ာ့မႈေတြ လုပ္ေဆာင္မယ္လို႔ ေၾကညာၿပီးမ်ားမၾကာခင္မွာ အခုလိုျပည္၀င္ခြင့္ပိတ္လိုက္တာျဖစ္ပါတယ္။

အခုလိုျပည္ပႏိုင္ငံသားေတြအားလုံးကို ျပည္၀င္ခြင့္ပိတ္လိုက္တာနဲ႔ပတ္သက္ၿပီး ၀န္ႀကီးခ်ဳပ္ ကီ႐ွီဒါဖူမီအိုက ဒီေန႔မွာေၾကညာလိုက္တာျဖစ္ပါတယ္။

အေရးေပၚအစီအမံအရ ကမ႓ာတ၀န္းက ျပည္ပႏိုင္ငံသားေတြအားလုံးကို ႏို၀င္ဘာ ၃၀ ရက္ကစၿပီး ျပည္၀င္ခြင့္ပိတ္ဖို႔ ဆုံးျဖတ္လိုက္တယ္လို႔ သူကဆိုပါတယ္။ ဒါဟာ ဂ်ပန္ႏိုင္ငံမွာ အဆိုးဆုံးအေျခအေနေတြမျဖစ္ဖို႔ ရည္႐ြယ္လုပ္ေဆာင္တာလို႔သူကဆိုပါတယ္။

အိုမီခ႐ြန္ဗိုင္းရပ္စ္မ်ိဳးကြဲဟာ ဘယ္ေလာက္ထိ ဆိုးက်ိဳးသက္ေရာက္လဲဆိုတာကို ပညာ႐ွင္ေတြက သိ႐ွိလာခ်ိန္ထိ အခုအစီအမံေတြကို ခ်မွတ္ထားမယ္လို႔ ၀န္ႀကီးခ်ဳပ္ကေျပာပါတယ္။

ေတာင္အာဖရိကႏိုင္ငံမွာ ႏို၀င္ဘာ ၂၄ ရက္ကစတင္ေတြ႕႐ွိခဲ့တဲ့ အိုမီခ႐ြန္ဗိုင္းရပ္စ္မ်ိဳးကြဲသစ္ဟာ ေဘာ့ဆြာနာ၊ ဘယ္လ္ဂ်ီယံ၊ ေဟာင္ေကာင္၊ အစၥေရးတို႔တြင္ ကူးစက္မႈေတြ႐ွိေနၿပီး

အေမရိကန္နဲ႔ ၿဗိတိန္အပါအ၀င္ ႏိုင္ငံအမ်ားအျပားဟာ ေတာင္အာဖရိနဲ႔ အိမ္နီးခ်င္းႏိုင္ငံေတြမွ ခရီးသြားေတြကို ကန္႔သတ္မႈေတြ လုပ္ေဆာင္ေနၾကပါတယ္။

Ref: NHK
Photo:Kyodo
COPY @Voice of Myanmar မွကူးယူေဝမွ်ေဖာ္ျပပါသည္။
#VOM #တိုက်ိဳ